[Zawgyi]

Facebook ဟာ သံုးစြဲသူ သန္းေပါင္းမ်ားစြာရဲ႕ မ်က္ႏွာ ေဒတာေတြကို အသိေပးျခင္း မရွိဘဲ တရားမ၀င္ ရယူထားတယ္ဆိုၿပီး တရားရင္ဆိုင္ခဲ့ရပါတယ္။ အခုေတာ့ Facebook ဟာ အမႈရံႈးသြားခဲ့ပါၿပီ။ အီလီႏိြဳက္ ျပည္နယ္မွ Facebook Users ေတြက ကုမၸဏီဟာ ျပည္နယ္ရဲ႕  Biometric Information Privacy Act (BIPA) ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ၂၀၁၅ ခုႏွစ္က တရားစြဲခဲ့တာ ျဖစ္ပါတယ္။ ျပည္နယ္ရဲ႕ ဥပေဒမွာ ကုမၸဏီေတြဟာ သံုးစြဲသူေတြရဲ႕  မ်က္ႏွာ ေဒတာေတြကို မရယူခင္ အသိေပးရမယ္လို႔ ျပဌာန္းထားပါတယ္။

Facebook မွာ Upload လုပ္တဲ့ ဓါတ္ပံုေတြက သူငယ္ခ်င္းေတြကို အလိုလို Tag လုပ္တဲ့ Tag Suggestion Feature မွာ မ်က္ႏွာ အာရံုခံ နည္းပညာကို အသံုးျပဳထားတာ ျဖစ္ပါတယ္။ အဲဒီ နည္းပညာက မ်က္လံုး အကြာအေ၀း၊ ႏွာေခါင္းနဲ႔ အျခား မ်က္ႏွာ သြင္ျပင္ေတြ အပါအ၀င္ ဓါတ္ပံုေတြက လူေတြရဲ႕ မ်က္ႏွာေတြကို မွတ္သားထားၿပီး Face Template ၁ ခု ျပဳလုပ္ထားပါတယ္။ အဲဒီ Face Template ကို အသံုးျပဳၿပီး ဓါတ္ပံုေတြက လူေတြကို ခြဲျခမ္းစိတ္ျဖာေပးတာ ျဖစ္ပါတယ္။

တရားရံုးက “သံုးစြဲသူေတြကို အသိမေပးဘဲ မ်က္ႏွာ အာရံုခံ နည္းပညာကို အသံုးျပဳၿပီး Face Template ေတြကို ဖန္တီးတာဟာ ကိုယ္ေရးကိုယ္တာ လြတ္လပ္ခြင့္ကို ထိပါးတာလို႔ ဆံုးျဖတ္ပါတယ္။ “ လို႔ ေျပာပါတယ္။ ကိုယ္ေရးကိုယ္တာ လြတ္လပ္ခြင့္ အေရး တက္ၾကြလႈပ္ရွားသူေတြက မ်က္ႏွာ အာရံုခံ နည္းပညာဟာ လူသားေတြအတြက္ လံုျခံဳမႈ မရွိဘူးလို႔ ေထာက္ျပေ၀ဖန္ေနတာ ၾကာပါၿပီ။

Reuters က အခု တရားစြဲဆိုမႈမွာ Facebook Users ၇ သန္းေလာက္ ပါႏိုင္ၿပီး Facebook ဟာ ေဒၚလာ ဘီလီယမ္နဲ႔ခ်ီၿပီး ဒဏ္ရိုက္ခံရႏုိင္တယ္လို႔ ေျပာပါတယ္။ နာမည္ေက်ာ္ နည္းပညာ ကုမၸဏီေတြဟာ သံုးစြဲသူေတြရဲ႕ ေဒတာေတြကို ရယူျခင္းနဲ႔ ပတ္သက္ၿပီး ကမာၻအ၀န္းမွ အာဏာပိုင္ေတြရဲ႕ စံုစမ္းစစ္ေဆးမႈေတြကို ရင္ဆိုင္ေနရပါတယ္။

Ref : tnw

[Unicode]

Facial Recognition အမှုရှုံးသွားလို့ ဒေါ်လာ ဘီလီယမ်နဲ့ချီပြီး ဒဏ်ရိုက်ခံရနိုင်တဲ့ Facebook

Facebook ဟာ သုံးစွဲသူ သန်းပေါင်းများစွာရဲ့ မျက်နှာ ဒေတာတွေကို အသိပေးခြင်း မရှိဘဲ တရားမဝင် ရယူထားတယ်ဆိုပြီး တရားရင်ဆိုင်ခဲ့ရပါတယ်။ အခုတော့ Facebook ဟာ အမှုရှုံးသွားခဲ့ပါပြီ။ အီလီနွိုက် ပြည်နယ်မှ Facebook Users တွေက ကုမ္ပဏီဟာ ပြည်နယ်ရဲ့ Biometric Information Privacy Act (BIPA) ကို ချိုးဖောက်တယ်ဆိုပြီး ၂၀၁၅ ခုနှစ်က တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ဥပဒေမှာ ကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့ မျက်နှာ ဒေတာတွေကို မရယူခင် အသိပေးရမယ်လို့ ပြဌာန်းထားပါတယ်။

Facebook မှာ Upload လုပ်တဲ့ ဓါတ်ပုံတွေက သူငယ်ချင်းတွေကို အလိုလို Tag လုပ်တဲ့ Tag Suggestion Feature မှာ မျက်နှာ အာရုံခံ နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာက မျက်လုံး အကွာအဝေး၊ နှာခေါင်းနဲ့ အခြား မျက်နှာ သွင်ပြင်တွေ အပါအဝင် ဓါတ်ပုံတွေက လူတွေရဲ့ မျက်နှာတွေကို မှတ်သားထားပြီး Face Template ၁ ခု ပြုလုပ်ထားပါတယ်။ အဲဒီ Face Template ကို အသုံးပြုပြီး ဓါတ်ပုံတွေက လူတွေကို ခွဲခြမ်းစိတ်ဖြာပေးတာ ဖြစ်ပါတယ်။

တရားရုံးက “သုံးစွဲသူတွေကို အသိမပေးဘဲ မျက်နှာ အာရုံခံ နည်းပညာကို အသုံးပြုပြီး Face Template တွေကို ဖန်တီးတာဟာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ထိပါးတာလို့ ဆုံးဖြတ်ပါတယ်။ “ လို့ ပြောပါတယ်။ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် အရေး တက်ကြွလှုပ်ရှားသူတွေက မျက်နှာ အာရုံခံ နည်းပညာဟာ လူသားတွေအတွက် လုံခြုံမှု မရှိဘူးလို့ ထောက်ပြဝေဖန်နေတာ ကြာပါပြီ။

Reuters က အခု တရားစွဲဆိုမှုမှာ Facebook Users ၇ သန်းလောက် ပါနိုင်ပြီး Facebook ဟာ ဒေါ်လာ ဘီလီယမ်နဲ့ချီပြီး ဒဏ်ရိုက်ခံရနိုင်တယ်လို့ ပြောပါတယ်။ နာမည်ကျော် နည်းပညာ ကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့ ဒေတာတွေကို ရယူခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာအဝန်းမှ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်နေရပါတယ်။

Ref : tnw