Unicode

အခုနောက်ပိုင်းမှာ ဖုန်းအသုံးပြုသူတွေတော်တော်များများက ဓါတ်ပုံတွေ ဗီဒီယိုတွေကို Facebook လိုမျိုး Social Media တွေမှာ တင်ထားလေ့ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ Facebook ပေါ်တင်ထားတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို ပိုပြီးလုံခြုံတဲ့ Google Photos မှာ အလွယ်တကူသိမ်းထားနိုင်တော့မှာပါ။

ဒါကတော့ Facebook ကနေ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းထဲကရှိနေခဲ့တဲ့ Project တစ်ခုကို ပြန်လည်အသက်သွင်းနေတာဖြစ်ပြီးတော့ Facebook Account ပိုင်ရှင်တွေအနေနဲ့ Account ကို ဖျက်သိမ်းတော့မှာပဲဖြစ်ဖြစ်၊ Backup ပြုလုပ်ချင်တာပဲဖြစ်ဖြစ် Facebook က အချက်အလက်တွေကို သိမ်းဆည်းချင်တဲ့အခါမှာ အခု Tool အသစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ Tool အသစ်ကို Facebook ကနေ Ireland မှာ စတင်စမ်းသပ်နေပြီဖြစ်ပြီးတော့ ကိုယ့် Facebook Account ထဲက Photo နဲ့ Video တွေကို Google Photo ဆီကို အလွယ်တကူ Export ပြုလုပ်နိုင်ပါပြီ။ အခု Tool ဟာ အခမဲ့ရယူနိုင်မှာဖြစ်တဲ့အပြင် Open-source Data Transfer Project ကို အခြေခံပြီး ရေးဆွဲထားတယ်လို့လည်း သိရပါတယ်။

Facebook ကတော့ အခု Data Transfer Project ကို Apple ၊ Google ၊ Microsoft နဲ့ Twitter တို့လည်း ပါဝင်ပြီးတေ့ာ အသုံးပြုသူ Data တွေကို အချင်းချင်အလွယ်တကူ Export ပြုလုပ်နိုင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာလည်း ဒီ Facebook ကနေ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို Google Photos ကို Export ထုတ်ဖို့ကို တခြားနိုင်ငံတွေအတွက်ပါ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – Phone Arena

Zawgyi

အခုေနာက္ပိုင္းမွာ ဖုန္းအသုံးျပဳသူေတြေတာ္ေတာ္မ်ားမ်ားက ဓါတ္ပုံေတြ ဗီဒီယိုေတြကို Facebook လိုမ်ိဳး Social Media ေတြမွာ တင္ထားေလ့ရွိတာျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာ Facebook ေပၚတင္ထားတဲ့ ဓါတ္ပုံေတြ၊ ဗီဒီယိုေတြကို ပိုၿပီးလုံၿခဳံတဲ့ Google Photos မွာ အလြယ္တကူသိမ္းထားႏိုင္ေတာ့မွာပါ။

ဒါကေတာ့ Facebook ကေန လြန္ခဲ့တဲ့ ဆယ္စုႏွစ္တုန္းထဲကရွိေနခဲ့တဲ့ Project တစ္ခုကို ျပန္လည္အသက္သြင္းေနတာျဖစ္ၿပီးေတာ့ Facebook Account ပိုင္ရွင္ေတြအေနနဲ႔ Account ကို ဖ်က္သိမ္းေတာ့မွာပဲျဖစ္ျဖစ္၊ Backup ျပဳလုပ္ခ်င္တာပဲျဖစ္ျဖစ္ Facebook က အခ်က္အလက္ေတြကို သိမ္းဆည္းခ်င္တဲ့အခါမွာ အခု Tool အသစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

အဆိုပါ Tool အသစ္ကို Facebook ကေန Ireland မွာ စတင္စမ္းသပ္ေနၿပီျဖစ္ၿပီးေတာ့ ကိုယ့္ Facebook Account ထဲက Photo နဲ႔ Video ေတြကို Google Photo ဆီကို အလြယ္တကူ Export ျပဳလုပ္ႏိုင္ပါၿပီ။ အခု Tool ဟာ အခမဲ့ရယူႏိုင္မွာျဖစ္တဲ့အျပင္ Open-source Data Transfer Project ကို အေျခခံၿပီး ေရးဆြဲထားတယ္လို႔လည္း သိရပါတယ္။

Facebook ကေတာ့ အခု Data Transfer Project ကို Apple ၊ Google ၊ Microsoft နဲ႔ Twitter တို႔လည္း ပါဝင္ၿပီးေတ့ာ အသုံးျပဳသူ Data ေတြကို အခ်င္းခ်င္အလြယ္တကူ Export ျပဳလုပ္ႏိုင္သင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ လာမယ့္ ၂၀၂၀ ခုႏွစ္အတြင္းမွာလည္း ဒီ Facebook ကေန ဓါတ္ပုံနဲ႔ ဗီဒီယိုေတြကို Google Photos ကို Export ထုတ္ဖို႔ကို တျခားႏိုင္ငံေတြအတြက္ပါ ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။

Ref – Phone Arena