Tuomas Katainen အမည်ရ ဖင်လန် အမျိုးသား ၁ ယောက်ဟာ 2013 Tesla Model S ပိုင်ရှင် ဖြစ်ပြီး ဘက်ထရီလဲဖို့ ဒေါ်လာ ၂၂,၆၀၀ ( သိန်း ၄၀၀ ဝန်းကျင်) ပေးရမှာ မတန်ဘူးလို့ ထင်တဲ့အတွက် ၆၆ ပေါင်ရှိတဲ့ ဒိုင်းနမိုက်တွေနဲ့ ကားကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ တခြား ကား အစိတ်အပိုင်းတွေဟာ အကောင်းအတိုင်း ရှိနေသေးပြီး ပြန်ရောင်းလို့ရရဲ့သားနဲ့ အခုလို ဖောက်ခွဲဖျက်ဆီးလိုက်တာဟာ Tesla Brand ကို စိတ်နာသွားပုံရပါတယ်။

Katainen က “ ကျွန်တော် Model S ဝယ်လိုက်ပြီးနောက် ပထမဆုံး ၉၃၂ မိုင် (၁,၅၀၀ ကီလိုမီတာ) အထိ ဘာပြဿနာမှ မရှိဘဲ ကောင်းကောင်းမွန်မွန် မောင်းနိုင်ပါတယ်။ အဲဒီနောက်မှာ Error Code တက်လာပါတယ်။ အဲဒီအတွက် Tesla ကား ရောင်းချသူရဲ့ ဝပ်ရှော့ကို ပို့လိုက်ပြီး အဲဒီမှာ ၁ လလောက်ကြာပါတယ်။ ဒါပေမယ့်လည်း ဝပ်ရှော့က ဘက်ထရီလဲတာက လွဲလို့ တခြား ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ပြောပါတယ်။ ဘက်ထရီလဲတာ ၂၂,၆၀၀ ကျော် ကုန်ကျမှာ ဖြစ်ပြီး Tesla ရဲ့ ခွင့်ပြုချက်လည်း ယူရမှာပါ။ “ လို့ ပြောပါတယ်။

သူ့ရဲ့ အမြင်အရ ဒေါ်လာ ၂၂,၆၀၀ နဲ့ ဖင်လန်မှာ တစ်ပတ်ရစ် 2013 Model S ၁ စီး ဝယ်ယူဖို့ ဆိုတာက ငွေတော်တော်လိုက်ရဦးမှာ ဖြစ်ပါတယ်။ ဖင်လန်မှာ တစ်ပတ်ရစ် 2013 Model S ကို ဒေါ်လာ ၄၂,၉၀၀  နဲ့ ရောင်းချနေကြပါတယ်။

Katainen က သူ့ရဲ့ 2013 Model S အတွက် ဘက်ထရီလဲဖို့ မစဉ်းစားတော့သလို တစ်ပတ်ရစ် ကားဝယ်ဖို့လည်း စိတ်ကူး မရှိတော့ပါဘူး။ သူ ဆုံးဖြတ်လိုက်တာက သူ့ရဲ့ ကားကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။

Ref : gizmodo