[Unicode]

Huawei P40 Pro ရဲ့ ပထမဆုံး Live ဓါတ်ပုံတွေ တရုတ် လူမှုန်ကွန်ရက် ဝီဘိုကနေ ထွက်ပေါ်လာပါတယ်။ ဝီဘိုမှာ နည်းပညာ သတင်းတွေကို ကြိုတင် ဖွရာမှာ နာမည်ကြီးတဲ့ Digital Chat က အဲဒီ ဓါတ်ပုံတွေကို မျှဝေလိုက်တာဖြစ်ပေမယ့် အခုတော့ အဲဒီပို့စ်ကို ဖျက်လိုက်ပါပြီ။

ဒါပေမယ့် အဲဒီ ဓါတ်ပုံတွေဟာ အင်တာနက်မှာ ပြန့်နှံ့နေပြီဖြစ်ပြီး အပေါ်နဲ့ အောက်မှာ လေ့လာနိုင်ပါတယ်။ ပထမ ဓါတ်ပုံမှာ ဖုန်းရဲ့ အရှေ့ဘက်ကို ပြသထားပြီး Dual Punch Hole ဆဲလ်ဖီး ကင်မရာ ပါလာနိုင်ပါတယ်။ အနက်ရောင် Status Bar ကို ပြသထားတဲ့အတွက် ကင်မရာတွေကို သေချာ မမြင်ရပါဘူး။ ဖုန်းရဲ့ ဘယ်နဲ့ ညာဘက်ဟာ ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

ဒုတိယ ဓါတ်ပုံမှာ ဖုန်းမှာ တပ်ဆင်ထားတဲ့ Case ရဲ့ အနောက်ဘက်ကို မြင်ရပြီး ကင်မရာတွေကို ဖုံးကာထားတဲ့ ဒေါင်လိုက် အကွက်ကြီး ၂ ခု ပါလာပါတယ်။ အဲဒီအတွက် အနောက်ကင်မရာများစွာ ထည့်သွင်းထားနိုင်ပါတယ်။ Huawei P40 Series တွေကို မတ်လမှာ ကြေညာနိုင်ပြီး စွမ်းရည်မြင့် စမတ်ဖုန်း ၃ လုံး ချပြမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

[Zawgyi]

Huawei P40 Pro ရဲ႕ ဓါတ္ပုံေတြ ထြက္ေပၚလာ

Huawei P40 Pro ရဲ႕ ပထမဆုံး Live ဓါတ္ပုံေတြ တ႐ုတ္ လူမႈန္ကြန္ရက္ ဝီဘိုကေန ထြက္ေပၚလာပါတယ္။ ဝီဘိုမွာ နည္းပညာ သတင္းေတြကို ႀကိဳတင္ ဖြရာမွာ နာမည္ႀကီးတဲ့ Digital Chat က အဲဒီ ဓါတ္ပုံေတြကို မွ်ေဝလိုက္တာျဖစ္ေပမယ့္ အခုေတာ့ အဲဒီပို႔စ္ကို ဖ်က္လိုက္ပါၿပီ။

ဒါေပမယ့္ အဲဒီ ဓါတ္ပုံေတြဟာ အင္တာနက္မွာ ျပန႔္ႏွံ႔ေနၿပီျဖစ္ၿပီး အေပၚနဲ႔ ေအာက္မွာ ေလ့လာႏိုင္ပါတယ္။ ပထမ ဓါတ္ပုံမွာ ဖုန္းရဲ႕ အေရွ႕ဘက္ကို ျပသထားၿပီး Dual Punch Hole ဆဲလ္ဖီး ကင္မရာ ပါလာႏိုင္ပါတယ္။ အနက္ေရာင္ Status Bar ကို ျပသထားတဲ့အတြက္ ကင္မရာေတြကို ေသခ်ာ မျမင္ရပါဘူး။ ဖုန္းရဲ႕ ဘယ္နဲ႔ ညာဘက္ဟာ ေကြးၫႊတ္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။

ဒုတိယ ဓါတ္ပုံမွာ ဖုန္းမွာ တပ္ဆင္ထားတဲ့ Case ရဲ႕ အေနာက္ဘက္ကို ျမင္ရၿပီး ကင္မရာေတြကို ဖုံးကာထားတဲ့ ေဒါင္လိုက္ အကြက္ႀကီး ၂ ခု ပါလာပါတယ္။ အဲဒီအတြက္ အေနာက္ကင္မရာမ်ားစြာ ထည့္သြင္းထားႏိုင္ပါတယ္။ Huawei P40 Series ေတြကို မတ္လမွာ ေၾကညာႏိုင္ၿပီး စြမ္းရည္ျမင့္ စမတ္ဖုန္း ၃ လုံး ခ်ျပမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena