[Zawgyi]

Samsung ရဲ႕ Galaxy Fold ကိုမိတ္ဆက္ခဲ့ၿပီးတဲ့ေနာက္မွာ တရားဝင္ Leather Case ကို ထုတ္ေပးမယ္ဆုိတာ သိၿပီးသားပါ။ ဒါေပမယ့္ ေကြးေခါက္ဖုန္းအသစ္အတြက္ လည္သာအဖုံးကို နည္းပညာရင္းျမစ္ေတြနဲ႔ နီးစပ္သူ Roland Quandt ရဲ႕ တြစ္တာအေကာင့္ကေန ယေန႔မွ ပထမဆုံးအျဖစ္ ေတြ႕ျမင္ရတာ ျဖစ္ပါတယ္။

Galaxy Fold အတြက္ Case ဟာ အနက္နဲ႔ အျဖဴေရာင္ ကာလာႏွစ္မ်ဳိးျဖင့္ ထြက္လာမွာျဖစ္ၿပီး ယူရုိေငြ ၁၀၀ ဝန္းက်င္ ကုန္က်မယ္လို႔ ဆုိတယ္။ ဒါေၾကာင့္ Galaxy S10 အတြက္ လည္သာကာဗာထက္ ႏွစ္ဆေလာက္ ပိုကုန္က်မယ့္သေဘာပါပဲ။ ဒီလိုဆုိေပမယ့္ Galaxy Fold ရဲ႕တည္ေဆာက္ပုံကလည္း ပုံမွန္ဖုန္းေတြရဲ႕ ႏွစ္ဆေလာက္ ရွိတာကိုေတာ့ ထည့္တြက္ရမွာပါပဲ။

Retail Box ထဲမွာပါလာမယ့္ ကာဘြန္ကာဗာလိုပဲ အခု Leather Case ကိုလည္း Galaxy Fold ရဲ႕ မ်က္ႏွာျပင္တစ္ခုစီအတြက္ အစိတ္အပုိင္းႏွစ္ခု ပါဝင္လာပါတယ္။ ဖုန္းရဲ႕ မ်က္ႏွာျပင္ႀကီးကို အျပည့္အဝ ဖြင့္ခ်လိုက္ရင္ေတာ့ ကြက္တိသြားဆုံေနမွာပါ။

Samsung Galaxy Fold ဟာ စမ္းသပ္သုံးစြဲသူေတြထံမွ Screen နဲ႔ပတ္သက္တဲ့ ေစာဒကတက္မႈေတြကို ၾကဳံေတြ႕ေနရၿပီး ကုမၸဏီက ဒီျပႆနာကို စုံစမ္းသြားမယ္လို႔ ဆုိထားပါတယ္။ ဒါေပမယ့္ စမ္းသပ္သူအခ်ဳိ႕က ဒီျပႆနာဟာ Screen အေပၚမွာပါတဲ့ Protective Layer လိုထင္ရတဲ့ အလႊာေလးကို မခြာျခင္းျဖင့္ တားဆီးႏုိင္လိမ့္မယ္လို႔ အၾကံေပးၾကပါတယ္။

Ref – GSM Arena

[Unicode]

Samsung ရဲ့ Galaxy Fold ကိုမိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာ တရားဝင် Leather Case ကို ထုတ်ပေးမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ကွေးခေါက်ဖုန်းအသစ်အတွက် လည်သာအဖုံးကို နည်းပညာရင်းမြစ်တွေနဲ့ နီးစပ်သူ Roland Quandt ရဲ့ တွစ်တာအကောင့်ကနေ ယနေ့မှ ပထမဆုံးအဖြစ် တွေ့မြင်ရတာ ဖြစ်ပါတယ်။

Galaxy Fold အတွက် Case ဟာ အနက်နဲ့ အဖြူရောင် ကာလာနှစ်မျိုးဖြင့် ထွက်လာမှာဖြစ်ပြီး ယူရိုငွေ ၁၀၀ ဝန်းကျင် ကုန်ကျမယ်လို့ ဆိုတယ်။ ဒါကြောင့် Galaxy S10 အတွက် လည်သာကာဗာထက် နှစ်ဆလောက် ပိုကုန်ကျမယ့်သဘောပါပဲ။ ဒီလိုဆိုပေမယ့် Galaxy Fold ရဲ့တည်ဆောက်ပုံကလည်း ပုံမှန်ဖုန်းတွေရဲ့ နှစ်ဆလောက် ရှိတာကိုတော့ ထည့်တွက်ရမှာပါပဲ။

Retail Box ထဲမှာပါလာမယ့် ကာဘွန်ကာဗာလိုပဲ အခု Leather Case ကိုလည်း Galaxy Fold ရဲ့ မျက်နှာပြင်တစ်ခုစီအတွက် အစိတ်အပိုင်းနှစ်ခု ပါဝင်လာပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ကြီးကို အပြည့်အဝ ဖွင့်ချလိုက်ရင်တော့ ကွက်တိသွားဆုံနေမှာပါ။

Samsung Galaxy Fold ဟာ စမ်းသပ်သုံးစွဲသူတွေထံမှ Screen နဲ့ပတ်သက်တဲ့ စောဒကတက်မှုတွေကို ကြုံတွေ့နေရပြီး ကုမ္ပဏီက ဒီပြဿနာကို စုံစမ်းသွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် စမ်းသပ်သူအချို့က ဒီပြဿနာဟာ Screen အပေါ်မှာပါတဲ့ Protective Layer လိုထင်ရတဲ့ အလွှာလေးကို မခွာခြင်းဖြင့် တားဆီးနိုင်လိမ့်မယ်လို့ အကြံပေးကြပါတယ်။

Ref – GSM Arena