OnePlus အမှတ်တံဆိပ်ရဲ့ Mid-range ဖုန်းအသစ်အတွက် တရားဝင် Teaser တွေကို ပထမဆုံးအဖြစ် စတင် မြင်တွေ့လာရပါပြီ။ ဒီဖုန်းကို အရင်ဆုံး OnePlus 8 Lite လို့ခေါ်ဝေါ်ကြပေမယ့် နောက်ပိုင်းမှာ OnePlus Z ဆိုတဲ့အမည်နဲ့ Leak တွေ ထွက်ပေါ်လာခဲ့တယ်။

အခုနောက်ဆုံးတော့ OnePlus Nord ဆိုတဲ့အမည်နဲ့ မိတ်ဆက်လာမယ်လို့ သတင်းထွက်ထားတဲ့ ဒီဖုန်းအတွက် Teaser တွေကို OnePlus ပူးတွဲတည်ထောင်သူတွေဖြစ်တဲ့ Pete Lau နဲ့ Carl Pei တို့ရဲ့ တွစ်တာတွေမှာ အသီးသီး တင်လာခဲ့တာပါ။

Pete Lau ရဲ့ Tweet မှာ “Who’s Ready for something new from OnePlus?” လို့ ရေးထားပြီး Carl Pei ကတော့ “It’s time to rock the boat again” လို့ ကြွေးကြော်ထားပါတယ်။ နှစ်ယောက်လုံးရဲ့ ပိုစ့်တွေမှာ NewBeginnings ဆိုတဲ့ Hashtag ကို တွေ့ရတာကြောင့် ဒီတစ်ခါ ထုတ်ကုန်ဟာ ကုမ္ပဏီအတွက် ပြောင်းလဲမှုတစ်ခု ယူဆောင်လာဖို့ သေချာပါတယ်။

Pete Lau ရဲ့ပိုစ့်ထဲမှာ OnePlus လိုဂိုကို အပြာ/အပြာနုရောင်နဲ့ ထည့်သွင်းထားပြီး OnePlus Nord စီးရီးသစ်အတွက် အသုံးပြုလာမယ့် ကာလာ Theme ဖြစ်နိုင်ပါတယ်။ OnePlus Nord အတွက် ရရှိနိုင်မယ့် အရောင်ကွဲတွေထဲက တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

OnePlus Nord ဖုန်းဟာ Snapdragon 765 5G ပရိုဆက်ဆာနဲ့ ထွက်လာမယ်လို့ မျှော်လင့်ထားပြီး အမြင့်ဆုံး 8/128 GB မန်မိုရီအတွဲထိ ရှိမှာပါ။ 6.4” OLED Display မှာ 90Hz Refresh Rate အသုံးပြုနိုင်မှာဖြစ်ကာ နောက်ဘက်ကင်မရာလေးလုံးနဲ့ 30W Warp Charge အားသွင်းစနစ်တို့ ပါဝင်မှာဖြစ်ပါတယ်။

Ref – GizmoChina