OnePlus ဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း Flagship OnePlus 9 Series စမတ်ဖုန်းတွေကို တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေလိုမျိုးပဲ တစ်လစောပြီး မတ်လအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး မိတ်ဆက်မယ့်အချိန်က လိုသေးတယ်ဆိုပေမယ့်လည်း အခုအချိန်မှာ Render ဓါတ်ပုံက ထွက်ပေါ်လာခဲ့ပါပြီ။

အခုသတင်းကိုတော့ 91Mobiles ကနေ ဖော်ပြခဲ့တာဖြစ်ပြီး CAD Render ပုံအဆင့်ပဲရှိသေးတဲ့အတွက် Design ပိုင်းအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း OnePlus 9 က ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုပြီး အကြမ်းဖျင်းကိုတော့ သိနိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး OnePlus 9 ဖုန်းဟာ လက်ရှိ OnePlus 8 နဲ့ 8T လိုမျိုးပဲ Flat Display ကိုပဲ အသုံးပြုထားဦးမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ Display ရဲ့ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာ Single Punch-hole Design နဲ့ထည့်သွင်းထားတာကို တွေ့ရပါတယ်။

နောက်ဖက် Design အနေနဲ့ကတော့ OnePlus 8T အပြင် Galaxy Note 20 နဲ့ ဆင်တူတဲ့ Triple Camera Design ကို အသုံးပြုထားတာတွေ့ရပါတယ်။ ကျန်တာကတော့ OnePlus Logo ပဲပါဝင်မှာဖြစ်ပါတယ်။ ဘေးဘောင်တွေကလည်း ပုံမှန် OnePlus ဖုန်းတွေနဲ့ယှဥ်ရင် ပိုပြီး လေးထောင့်ဆန်သလိုဖြစ်နေပါတယ်။

လောလောဆယ်ထွက်ပေါ်ထားတဲ့သတင်းတွေအရတော့ OnePlus 9 စမတ်ဖုန်းဟာ 6.55″ AMOLED Display ကိုမှ 144Hz Refresh Rate ကို Support ပြုလုပ်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Primary Camera အနေနဲ့လည်း 64MP Sensor ကို Upgrade ပြုလုပ်လာနိုင်ပါတယ်။ Performance ပိုင်းမှာတော့ Qualcomm Snapdragon 875 Chipset ကို အသုံးပြုလာဖို့ သေချာနေပြီဖြစ်ပါတယ်။

Ref – GSM Arena