[Unicode]

ပေါက်ကြားသတင်းတွေ၊ Renders ပုံရိပ်တွေနဲ့ပတ်သက်လာရင် သတင်းဦး၊ သတင်းထူးတွေကို အမြဲတမ်းဖော်ပြလေ့ရှိတဲ့ @OnLeaks ကတော့ Galaxy S10 Lite/A91 Renders တွေကို ဖော်ပြခဲ့ပြီးတဲ့နောက် အခုတစ်ခါ Samsung Galaxy Note10 Lite/A81 Renders တွေကို ထုတ်ပြခဲ့ပြန်ပါပြီ။

Galaxy Note10 Lite/A81 ရဲ့ Renders ဟာ ရှင်းလင်းပြတ်သားတဲ့ ရုပ်ပုံအဖြစ်မြင်တွေ့ရသေးတာတော့ မဟုတ်ပါဘူး။ ပုံသဏ္ဍာန်ကို ခန့်မှန်းလို့ရရုံပဲရှိပြီး အတော်လေးကို နက်မှောင်တဲ့အနေအထား ဖြစ်ပါတယ်။ Renders ရုပ်ပုံမှာ ထူးခြားမှုတစ်ခုအဖြစ်မြင်တွေ့ရတာက ကျောဘက်ကင်မရာဘောင်ဟာ အနည်းငယ်ခြားနားနေတဲ့ပုံစံပါ။

ပေါက်ကြားထားတဲ့ Roadmap အရ Galaxy A81 ဟာ 64MP အဓိကကင်မရာ၊ 16MP Wide ကို 12MP Telephoto (2x or 5x Optical) နဲ့ ToF တို့က တွဲဖက်ပေးထားမယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် ဒီ Roadmap က ဘယ်လောက်အထိ ယုံကြည်စိတ်ချရလဲဆိုတာ မသိနိုင်တဲ့အတွက် ပေါက်ကြားသတင်းဆိုတာထက် ကောလာဟလအဆင့်မှာပဲ ထားရှိရမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Geekbench မှာ Exynos 9810 နဲ့အတူ တွေ့မြင်ခဲ့ရတဲ့ Device ကလည်း Galaxy Note10 Lite လို့ပဲဆိုရမှာပါ။ မော်ဒယ်နံပါတ်မှာ Note တွေကို ကိုယ်စားပြုတဲ့ N အက္ခရာလည်း ပါဝင်နေတာဖြစ်ပါတယ်။ မန်မိုရီ 6GB RAM အသုံးပြုထားတာလည်းတွေ့ခဲ့ရပါတယ်။ ဒီတော့ အခု ထွက်ပေါ်လာတဲ့ Renders ပုံရိပ်က Galaxy Note 10 Lite ရဲ့ပုံစံကို ဘယ်လောက်ထိ မှန်မှန်ကန်ကန် ပြသနိုင်မလဲဆိုတာကိုပဲ ဆက်ပြီးစောင့်ကြည့်ရတော့မှာပါ။

Ref: GSM Arena

[Zawgyi]

Samsung Galaxy Note10 Lite ရဲ႕ ပထမဆုံး Renders ပုံရိပ္မ်ား ထြက္ေပၚလာ

ေပါက္ၾကားသတင္းေတြ၊ Renders ပုံရိပ္ေတြနဲ႔ပတ္သက္လာရင္ သတင္းဦး၊ သတင္းထူးေတြကို အၿမဲတမ္းေဖာ္ျပေလ့ရွိတဲ့ @OnLeaks ကေတာ့ Galaxy S10 Lite/A91 Renders ေတြကို ေဖာ္ျပခဲ့ၿပီးတဲ့ေနာက္ အခုတစ္ခါ Samsung Galaxy Note10 Lite/A81 Renders ေတြကို ထုတ္ျပခဲ့ျပန္ပါၿပီ။

Galaxy Note10 Lite/A81 ရဲ႕ Renders ဟာ ရွင္းလင္းျပတ္သားတဲ့ ႐ုပ္ပုံအျဖစ္ျမင္ေတြ႕ရေသးတာေတာ့ မဟုတ္ပါဘူး။ ပုံသ႑ာန္ကို ခန႔္မွန္းလို႔ရ႐ုံပဲရွိၿပီး အေတာ္ေလးကို နက္ေမွာင္တဲ့အေနအထား ျဖစ္ပါတယ္။ Renders ႐ုပ္ပုံမွာ ထူးျခားမႈတစ္ခုအျဖစ္ျမင္ေတြ႕ရတာက ေက်ာဘက္ကင္မရာေဘာင္ဟာ အနည္းငယ္ျခားနားေနတဲ့ပုံစံပါ။

ေပါက္ၾကားထားတဲ့ Roadmap အရ Galaxy A81 ဟာ 64MP အဓိကကင္မရာ၊ 16MP Wide ကို 12MP Telephoto (2x or 5x Optical) နဲ႔ ToF တို႔က တြဲဖက္ေပးထားမယ္လို႔ သိခဲ့ရပါတယ္။ ဒါေပမယ့္ ဒီ Roadmap က ဘယ္ေလာက္အထိ ယုံၾကည္စိတ္ခ်ရလဲဆိုတာ မသိႏိုင္တဲ့အတြက္ ေပါက္ၾကားသတင္းဆိုတာထက္ ေကာလာဟလအဆင့္မွာပဲ ထားရွိရမွာျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Geekbench မွာ Exynos 9810 နဲ႔အတူ ေတြ႕ျမင္ခဲ့ရတဲ့ Device ကလည္း Galaxy Note10 Lite လို႔ပဲဆိုရမွာပါ။ ေမာ္ဒယ္နံပါတ္မွာ Note ေတြကို ကိုယ္စားျပဳတဲ့ N အကၡရာလည္း ပါဝင္ေနတာျဖစ္ပါတယ္။ မန္မိုရီ 6GB RAM အသုံးျပဳထားတာလည္းေတြ႕ခဲ့ရပါတယ္။ ဒီေတာ့ အခု ထြက္ေပၚလာတဲ့ Renders ပုံရိပ္က Galaxy Note 10 Lite ရဲ႕ပုံစံကို ဘယ္ေလာက္ထိ မွန္မွန္ကန္ကန္ ျပသႏိုင္မလဲဆိုတာကိုပဲ ဆက္ၿပီးေစာင့္ၾကည့္ရေတာ့မွာပါ။

Ref: GSM Arena