OnLeaks က Sony Xperia 1 III ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်တဲ့အတွက် ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ ဒီဇိုင်းက Mark II နဲ့ တော်တော်တူပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးက အနောက်ဘက်ဖြစ်ပြီး Periscope ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ စုစုပေါင်း အနောက်ကင်မရာ ၃ လုံး ပါလာပြီး Mid-range Zoom ထောက်ပံ့ဖို့အတွက် ပင်မကင်မရာဟာ 12MP အထက်မှာ ရှိနိုင်ပါတယ်။

အဲဒီ ကင်မရာကို ZEISS က ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး ကင်မရာရဲ့ တခြား သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ Sony ဟာ Classic ဒီဇိုင်းကို ဆက်သုံးထားဆဲပဲ ဖြစ်ပြီး ပေါက်ကြားသတင်းအရ အဲဒီဖုန်းမှာ ၆.၅ လက်မ OLED မျက်နှာပြင် အပြား ပါလာနိုင်ပြီး 21:9 Aspect Ratio ကို သုံးထားမှာပါ။ 4K Resolution ထောက်ပံ့ထားပြီး Brightness ကို ၁၅ ရာခိုင်နှုန်း မြှင့်တင်ထားမှာပါ။

မျက်နှာပြင် အထက်နဲ့ အောက်က ဘောင်တွေမှာ စပီကာတွေ တပ်ဆင်ထားပြီး 3.5mm Headphone Jack နဲ့ microSD Slot ထည့်သွင်းထားမှာပါ။ Sony က မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာကို သိပ်စိတ်ဝင်မစားသေးတဲ့ပုံပါပဲ။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားမှာပါ။

သတ္တုဖရိမ်နဲ့ တည်ဆောက်ထားပြီး ထောင့်စွန်းတွေက ထောင့်ကျတဲ့ ဒီဇိုင်း ဖြစ်မှာပါ။ အနောက်ဘက်ကို ဖန်နဲ့ဖုံးအုပ်ထားပြီး အရွယ်အစား အပြည့်အစုံမှာ 161.6 x 67.3 x 8.4 mm ဖြစ်ကာ ကင်မရာ Bump ပါထည့်တွက်ရင် 9.6mm ဖြစ်မှာပါ။ Xperia 1 III ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena