Zawgyi

Oppo ဟာ လူႀကိဳက္မ်ားတဲ့ Reno Flagship အတြက္ ဒုတိယမ်ဳိးဆက္ကို ၂၀၁၉ ထဲမွာပဲ အျမန္ ထုတ္လာမွာျဖစ္ၿပီး လာမယ့္အပတ္မွာ မိတ္ဆက္သြားေတာ့မွာပါ။

Oppo Reno2 လို႔အမည္ေပးထားတဲ့ ဒီဖုန္းအတြက္ တရားဝင္ Teaser ဗီဒီယိုေလးေတြကို တရုတ္ျပည္တြင္းမွာေတာ့ ျပသေနပါၿပီ။ ကုမၸဏီက ၁၅ စကၠန္႔စာ အန္နီေမးရွင္းေလး ၃ ခုကို တင္ထားကာ သူ႕ရဲ႕ Weibo စာမ်က္ႏွာမွာေတာ့ တစ္ခုတည္းအျဖစ္ ေပါင္းၿပီး ျပန္တင္ေပးထားတာပါတယ္။

စမတ္ဖုန္းအသစ္ဟာ Snapdragon 730G ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ညပီး 20x Zoom, Ultra Dark Mode နဲ႔ Ultra Steady Mode စတဲ့ ကင္မရာနည္းပညာ အလန္းစားေတြနဲ႔ထြက္လာမွာပါ။ ဒါေပမယ့္ သူ႕ရဲ႕ Zoom က 5x Hybrid နဲ႔ 20x Digital Zoom ေတြျဖစ္တယ္လို႔ ဆုိတာေၾကာင့္ ဟန္းဆက္အသစ္မွာ Periscope Module ပါမွာမဟုတ္ပါဘူး။

Reno ရဲ႕ပထမဆုံးမ်ဳိးဆက္မွာ ပုံမွန္ျမင္ေနၾကမဟုတ္တဲ့ ငါးမန္းေတာင္ Pop-up ကင္မရာကို စတင္ အသုံးျပဳခဲ့ၿပီး မ်ဳိးဆက္သစ္စီးရီးမွာလည္း ဒါကိုဆက္သုံးစြဲလာဦးမယ္ဆုိတာ Reno2 ရဲ႕ ထြက္ေပၚလာတဲ့ ဓါတ္ပုံေတြက သက္ေသခံေနပါတယ္။ ေရွ႕ဘက္ကင္မရာက 16MP Sensor ျဖစ္ကာ ေနာက္ဘက္မွာေတာ့ 48MP + 13MP + 8MP + 2MP Depth Sensor ဆုိၿပီး Lens ေလးခု ပါဝင္မွာပါ။

Reno2 အတြက္ ေစ်းႏႈန္းနဲ႔ ရရွိႏုိင္မယ့္ ေစ်းကြက္ေတြကို ေလာေလာဆယ္ မသိရေသးပါဘူး။ ဒါေပမယ့္ ၾသဂုတ္လ ၂၈ ရက္ေန႔မွာ မိတ္ဆက္လာတဲ့အခါ အျပည့္အစုံသိရမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Oppo ဟာ လူကြိုက်များတဲ့ Reno Flagship အတွက် ဒုတိယမျိုးဆက်ကို ၂၀၁၉ ထဲမှာပဲ အမြန် ထုတ်လာမှာဖြစ်ပြီး လာမယ့်အပတ်မှာ မိတ်ဆက်သွားတော့မှာပါ။

Oppo Reno2 လို့အမည်ပေးထားတဲ့ ဒီဖုန်းအတွက် တရားဝင် Teaser ဗီဒီယိုလေးတွေကို တရုတ်ပြည်တွင်းမှာတော့ ပြသနေပါပြီ။ ကုမ္ပဏီက ၁၅ စက္ကန့်စာ အန်နီမေးရှင်းလေး ၃ ခုကို တင်ထားကာ သူ့ရဲ့ Weibo စာမျက်နှာမှာတော့ တစ်ခုတည်းအဖြစ် ပေါင်းပြီး ပြန်တင်ပေးထားတာပါတယ်။

စမတ်ဖုန်းအသစ်ဟာ Snapdragon 730G ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ညပီး 20x Zoom, Ultra Dark Mode နဲ့ Ultra Steady Mode စတဲ့ ကင်မရာနည်းပညာ အလန်းစားတွေနဲ့ထွက်လာမှာပါ။ ဒါပေမယ့် သူ့ရဲ့ Zoom က 5x Hybrid နဲ့ 20x Digital Zoom တွေဖြစ်တယ်လို့ ဆိုတာကြောင့် ဟန်းဆက်အသစ်မှာ Periscope Module ပါမှာမဟုတ်ပါဘူး။

Reno ရဲ့ပထမဆုံးမျိုးဆက်မှာ ပုံမှန်မြင်နေကြမဟုတ်တဲ့ ငါးမန်းတောင် Pop-up ကင်မရာကို စတင် အသုံးပြုခဲ့ပြီး မျိုးဆက်သစ်စီးရီးမှာလည်း ဒါကိုဆက်သုံးစွဲလာဦးမယ်ဆိုတာ Reno2 ရဲ့ ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေက သက်သေခံနေပါတယ်။ ရှေ့ဘက်ကင်မရာက 16MP Sensor ဖြစ်ကာ နောက်ဘက်မှာတော့ 48MP + 13MP + 8MP + 2MP Depth Sensor ဆိုပြီး Lens လေးခု ပါဝင်မှာပါ။

Reno2 အတွက် ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် ဈေးကွက်တွေကို လောလောဆယ် မသိရသေးပါဘူး။ ဒါပေမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ မိတ်ဆက်လာတဲ့အခါ အပြည့်အစုံသိရမှာဖြစ်ပါတယ်။

Ref – GSM Arena