Fitbit က Charge 4 Fitness Band အတွက် Software Update အသစ်ကို ဖြန့်ချိပေးလိုက်ပြီး အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ ပထမ ၁ ခုက Dynamic GPS ဖြစ်ပြီး လမ်းကြောင်း ရှာဖွေမှုအတွက် အနီးအနားက  Pair လုပ်ထားတဲ့ စမတ်ဖုန်းရဲ့ GPS Sensor ကို အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်း ရှိနေမယ်ဆိုရင် စမတ်လက်ပတ်က GPS ကို မသုံးတဲ့အတွက် ဘက်ထရီ သက်သာစေမှာ ဖြစ်ပါတယ်။

ဒုတိယ လုပ်ဆောင်ချက်က Alarms App က Smart Wake  ဖြစ်ပြီး သင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ Alarm ကို ပိတ်ထားပေးမှာ ဖြစ်ပါတယ်။ သင် အိပ်ရေးမပျက်အောင် Alarm ပေးထားတဲ့ အချိန် မတိုင်ခင် မိနစ် ၃၀ အတွင်းမှာ နှိုးဖို့ သင့်တော်တဲ့ အချိန်ကို ရှာဖွေပေးပါတယ်။

Update မှာ Screen Time Out Setting အသစ်ပါလာပြီး Wake ဖြစ်ပြီးနောက် စမတ်လက်ပတ်ရဲ့ မျက်နှာပြင် On နေမယ့် အချိန်ကို သတ်မှတ်နိုင်ပါတယ်။ Changelog အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

Firmware Version Number ဟာ 1.96.29 ဖြစ်ပြီး Official Fitbit App ကနေ Download လုပ်နိုင်ပါတယ်။

Ref : gsmarena