[Zawgyi]

Samsung ရဲ႕ ေနာက္ဆုံးထြက္ Tablet လို႔ေျပာရမွာက ၿပီးခဲ့တဲ့ ဧၿပီလတုန္းက မိတ္ဆက္သြားခဲ့တဲ့ Galaxy Tab S5e လို႔ ဆိုရမွာပါ။ 17.3-inch နဲ႔ Samsung Galaxy View 2 ကေတာ့ မ်က္ႏွာျပင္အ႐ြယ္အစားႀကီးမားလြန္းလို႔ Tablet စာရင္းထဲ ထည့္မတြက္ေတာ့ပါဘူး။

Samsung ရဲ႕ထုတ္ကုန္ေတြအေၾကာင္းေျပာရင္ ဒီနယ္ပယ္မွာ ဆရာတစ္ဆူျဖစ္ေနတဲ့ Super AMOLED အေၾကာင္းကလည္း မပါမျဖစ္ပါဘဲ။ Galaxy Tab S5e ကလည္း မ်က္ႏွာျပင္အ႐ြယ္အစား 10.5-inch နဲ႔လာတာဆိုေတာ့ သိပ္ၿပီးေတာ့ ေသးတယ္လို႔ ဆိုလို႔မရပါဘူး။ ဒါေပမယ့္ Feature ေကာင္းေတြ၊ Ultra-slick 5.5mm ကိုယ္ထည္ေတြလည္း ရတာဆိုေတာ့ Tab S5e ကလည္း လူႀကိဳက္မ်ားတဲ့ စာရင္းဝင္တယ္လို႔ ဆိုရမွာပါ။

အခုလည္း GeekBench မွာ ေမာ္ဒယ္နံပါတ္ Samsung SM-T865 နဲ႔ အခ်က္အလက္တစ္ခ်ိဳ႕ကို ျမင္ေတြ႕လာရျပန္ပါၿပီ။ 6GB of RAM, Qualcomm Octa-Cores processor အျဖစ္ေတြ႕ျမင္ရတာပါ။ Samsung အေနနဲ႔ Snapdragon 670 ကေန Snapdragon 845 ကို ေျပာင္းလဲခ်င္ေနတဲ့ပုံစံျဖစ္လို႔ လာမယ့္ Tablet ဟာ Flagship ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာ ျဖစ္ပါတယ္။

GeekBench မွာလည္း SM-T860 နဲ႔ SM-T865 ဆိုၿပီး ေတြ႕ထားတာျဖစ္တဲ့အတြက္ ဒါဟာ Galaxy Tab S5 မ်ိဳးကြဲလည္း ျဖစ္ႏိုင္ပါတယ္။ GeekBench က အေသးစိတ္အခ်က္အလက္ေတြကို မျပသဘူးဆိုေပမယ့္ ခန႔္မွန္းရသေလာက္ေတာ့ Tab S5e ကို ေနာက္ထပ္အဆင့္ျမႇင့္ထားတာ ျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

ေကာလာဟလသတင္းေတြအျဖစ္ထြက္ေပၚေနတာကေတာ့ Galaxy Tab S5 ဟာ 10.5-inch Super AMOLED မ်က္ႏွာျပင္၊ 64GB ဒါမွမဟုတ္ 128GB Storage ျဖစ္လာလိမ့္မယ္ဆိုတာပါပဲ။ ဒါ့အျပင္ ဘက္ထရီပမာဏကိုလည္း 7,000mAh နဲ႔အထက္ကို ေျပာင္းလဲအသုံးျပဳလာလိမ့္မယ္လို႔ ဆိုေနၾကပါတယ္။

Ref: GSMArena

[Unicode]

Samsung ရဲ့ Flagship Tablet တစ်မျိုးကို Geekbench မှာ တွေ့မြင်ရ

Samsung ရဲ့ နောက်ဆုံးထွက် Tablet လို့ပြောရမှာက ပြီးခဲ့တဲ့ ဧပြီလတုန်းက မိတ်ဆက်သွားခဲ့တဲ့ Galaxy Tab S5e လို့ ဆိုရမှာပါ။ 17.3-inch နဲ့ Samsung Galaxy View 2 ကတော့ မျက်နှာပြင်အရွယ်အစားကြီးမားလွန်းလို့ Tablet စာရင်းထဲ ထည့်မတွက်တော့ပါဘူး။

Samsung ရဲ့ထုတ်ကုန်တွေအကြောင်းပြောရင် ဒီနယ်ပယ်မှာ ဆရာတစ်ဆူဖြစ်နေတဲ့ Super AMOLED အကြောင်းကလည်း မပါမဖြစ်ပါဘဲ။ Galaxy Tab S5e ကလည်း မျက်နှာပြင်အရွယ်အစား 10.5-inch နဲ့လာတာဆိုတော့ သိပ်ပြီးတော့ သေးတယ်လို့ ဆိုလို့မရပါဘူး။ ဒါပေမယ့် Feature ကောင်းတွေ၊ Ultra-slick 5.5mm ကိုယ်ထည်တွေလည်း ရတာဆိုတော့ Tab S5e ကလည်း လူကြိုက်များတဲ့ စာရင်းဝင်တယ်လို့ ဆိုရမှာပါ။

အခုလည်း GeekBench မှာ မော်ဒယ်နံပါတ် Samsung SM-T865 နဲ့ အချက်အလက်တစ်ချို့ကို မြင်တွေ့လာရပြန်ပါပြီ။ 6GB of RAM, Qualcomm Octa-Cores processor အဖြစ်တွေ့မြင်ရတာပါ။ Samsung အနေနဲ့ Snapdragon 670 ကနေ Snapdragon 845 ကို ပြောင်းလဲချင်နေတဲ့ပုံစံဖြစ်လို့ လာမယ့် Tablet ဟာ Flagship ဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။

GeekBench မှာလည်း SM-T860 နဲ့ SM-T865 ဆိုပြီး တွေ့ထားတာဖြစ်တဲ့အတွက် ဒါဟာ Galaxy Tab S5 မျိုးကွဲလည်း ဖြစ်နိုင်ပါတယ်။ GeekBench က အသေးစိတ်အချက်အလက်တွေကို မပြသဘူးဆိုပေမယ့် ခန့်မှန်းရသလောက်တော့ Tab S5e ကို နောက်ထပ်အဆင့်မြှင့်ထားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ကောလာဟလသတင်းတွေအဖြစ်ထွက်ပေါ်နေတာကတော့ Galaxy Tab S5 ဟာ 10.5-inch Super AMOLED မျက်နှာပြင်၊ 64GB ဒါမှမဟုတ် 128GB Storage ဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။ ဒါ့အပြင် ဘက်ထရီပမာဏကိုလည်း 7,000mAh နဲ့အထက်ကို ပြောင်းလဲအသုံးပြုလာလိမ့်မယ်လို့ ဆိုနေကြပါတယ်။

Ref: GSMArena