အိန္ဒိယရဲ့ နာမည်ကြီး အွန်လိုင်း စတိုး Flipkart က Nothing Phone 1 ဝယ်ယူသူတွေကို Android နဲ့ iOS Mobile Shopping App ကနေ Nothing ရဲ့ Limited Edition NFT တွေကို လက်ဆောင်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

Nothing ဟာ ဗြိတိန် အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်ပြီး ဒီတစ်ပတ်ထဲမှာ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Nothing Phone 1 ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက အရောင်းမြှင့်တင်ဖို့အတွက် Nothing Community Dots လို့ ခေါ်တဲ့ NFT Collection ကို ဖြန့်ချိမှာဖြစ်ပြီး Polygon Blockchain ကို အသုံးပြုထားပါတယ်။ အဲဒီ NFT တွေကို ပိုင်ဆိုင်သူတွေဟာ ထုတ်ကုန် အသစ်တွေကို စောစော ဝယ်ယူနိုင်မှာ ဖြစ်သလို ပွဲအခမ်းအနားတွေကို တက်ရောက်နိုင်မှာပါ။ ဒါ့အပြင် ကုမ္ပဏီက ပေးတဲ့ လက်ဆောင်တွေကို ရရှိမှာပါ။

Flipkart Raises $3.6 Billion In Funding, SoftBank Back As Investor

Flipkart က Nothing Phone 1 ကို ကြိုတင် ဝယ်ယူသူတွေဟာ Flipkart Mobile App က Firedrops လုပ်ဆောင်ချက်ကနေ NFT တွေကို ရယူနိုင်မယ်လို့ ပြောပါတယ်။ Flipkart ရဲ့ Firedrops ဟာ NFT နဲ့ Web3 ကို ဝင်ရောက်တဲ့ ကုမ္ပဏီရဲ့ ခြေလှမ်း ဖြစ်ပြီး ဒီလ ၂၂ ရက်နေ့ကစတင်ကာ Flipkart App မှာ ရရှိမှာပါ။

“ Nothing နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ဖောက်သည်တွေကို Web3 နယ်ပယ်ထဲကို ခေါ်ဆောင်ရတာ ဝမ်းသာမိပါတယ်။ Polygon Blockchain ကို အသုံးပြုကာ Flipkart FireDrops ကနေ ပထမဆုံး NFT ကို မျှဝေမှာ ဖြစ်ပါတယ်။ “ လို့ Flipkart ရဲ့ ထုတ်ကုန်နဲ့ နည်းပညာ အကြီးအကဲ Jeyandran Venugopal က ပြောပါတယ်။

Nike နဲ့ Adidas လို နာမည်ကြီး ကုမ္ပဏီတွေဟာ NFT နဲ့ Virtual ထုတ်ကုန်တွေ ရောင်းချရာကနေ ဒေါ်လာ သန်းနဲ့ချီ ဝင်ငွေရနေပါတယ်။ Adidas, Nike နဲ့ Gucci တို့ဟာ ၃ လအတွင်း ဒေါ်လာ ၁၃၇.၅ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ DappRadar က မတ်လတုန်းက ပြောပါတယ်။

Ref : livemint