အရွယ်သေး လေယာဉ်ပျံ အဖြစ် အသွင်ပြောင်းလဲနိုင်တဲ့ ကားကို ဆလိုဗက်ကီးယားမှာ အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့ပြီလို့ တီထွင်သူတွေက ပြောပါတယ်။ AirCar ကို နာရီပေါင်း ၇၀ စမ်းသပ်ပျံသန်းပြီးနောက်မှာ ဆလိုဗက်ကီးယား သယ်ယူပို့ဆောင်ရေး အာဏာပိုင်က ပျံသန်းခွင့် လက်မှတ် ပေးအပ်လိုက်တယ်လို့ AirCar ကို တီထွင်ထားတဲ့ Klein Vision ကုမ္ပဏီက ပြောပါတယ်။

စမ်းသပ်ပျံသန်းမှုမှာ မြေပြင်ကနေ ဝေဟင် ၊ ဝေဟင်ကနေ မြေပြင် အတက်၊ အဆင်း ပြုလုပ်မှု ၂၀၀ ကျော် ပါဝင်ပြီး AirCar ဟာ European Aviation Safety Agency (EASA) ရဲ့ စံနှုန်းနဲ့ ကိုက်ညီတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Klein Vision မှ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က AirCar ကို ပျံသန်းဖို့အတွက် ပိုင်းလော့ လိုင်စင် လိုအပ်ပြီး လာမယ့် ၁၂ လအတွင်းမှာ ရောင်းချပေးဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

The aircraft completed its first inter-city flight in Slovakia last June -- its 142nd successful landing.

AirCar မှာ 1.6L BMW အင်ဂျင် ၁ လုံးက ထည့်သွင်းထားပြီး လောင်စာဆီနဲ့ မောင်းနှင်ရတာ ဖြစ်ပါတယ်။ အမြင့်ဆုံး အနေနဲ့ ပေ ၁၈,၀၀၀ အထိ ပျံသန်းနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ AirCar ဟာ Nitra က လေဆိပ်တွေနဲ့ Bratislava မြို့ အကြားမှာ ၃၅ မိနစ်ကြာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။ မြေပြင်ကို ဆင်းသက်ပြီးနောက်မှာ လေယာဉ်ဟာ ကားအသွင်ပြောင်းသွားပြီး မြို့ထဲကို မောင်းနှင်သွားခဲ့ပါတယ်။

AirCar ကို အာဏာပိုင်တွေက ခွင့်ပြုလိုက်တဲ့အတွက် အမြောက်အများထုတ်လုပ်နိုင်ပြီ ဖြစ်တယ်လို့ ကားပျံကို တီထွင်တဲ့ဌာနက အကြီးအကဲ ဖြစ်သူ Stefan Klein က ပြောပါတယ်။

Ref : cnn