Google Photos ဟာ သင့်ရဲ့ ဓါတ်ပုံတွေကို လန်းသထက်လန်းအောင် AI အသုံးပြုပြီး ဖန်တီး‌ပေးနိုင်ပါတယ်။ သင့်ရဲ့ ဓါတ်ပုံတွေမှာ အထူး ပြုလုပ်ချက်တွေ ထည့်သွင်းပေးနိုင်တဲ့ စွမ်းရည်ကလည်း မိုက်ပါတယ်။ အမျိုးအစားတူညီတဲ့ ဓါတ်ပုံတွေကို အုပ်စုဖွဲ့ပေးနိုင်တဲ့အတွက် ရှာဖွေရတာ အရမ်းကို လွယ်ကူ အဆင်ပြေစေပါတယ်။ Google Photos မှာ အတိတ်က အမှတ်တရတွေကို ပြန်လည် ဖော်ပြပေးပြီး Canvas အသစ်မှာ ဓါတ်ပုံတွေကို ပရင့်ထုတ်နိုင်တဲ့ စွမ်းရည်ကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထည့်သွင်းပေးခဲ့ပါတယ်။

အခုတော့ Google Photos မှာ အခပေး ဝန်ဆောင်မှု ၁ ခုကို Google က စမ်းသပ်လိုက်ပါတယ်။ သင်  လစဉ် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေထဲက အကောင်းဆုံး ၁၀ ပုံကို Google က ရွေးထုတ်ပေးပြီး ပရင့်ထုတ်ကာ သင့်ထံ အီးမေးနဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုအတွက် ၁ လကို ၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ သင် နှစ်သက်တဲ့ ဓါတ်ပုံ အမျိုးအစားတွေကို ကြိုတင် ပြောပြပေးထားရမှာ ဖြစ်ပြီး Google က အဲဒီ အမျိုးအစားထဲက ဓါတ်ပုံတွေကို ဦးစားပေး ရွေးချယ်ပေးမှာပါ။

Google Photos ရဲ့  အလန်းစား ဓါတ်ပုံတွေကို ပရင့်ထုတ်ပေးတဲ့ ဝန်ဆောင်မှုကို အသုံးပြုချင်ရင် နည်းနည်း စိတ်ရှည်စောင့်ဆိုင်းရဦးမှာပါ။ ဒီဝန်ဆောင်မှုကို အမေရိကန်မှာ စတင် စမ်းသပ်နေပြီး Users အနည်းငယ်ကပဲ အသုံးပြုနိုင်ပါသေးတယ်။ သင်ဟာ ဒီဝန်ဆောင်မှုကို အသုံးပြုလို့ရလားဆိုတာ သိချင်ရင် Google Photos Website ကို သွားပါ။ အဲဒီမှာ ဒီဝန်ဆောင်မှု အကြောင်းကို ဖော်ပြထားရင် သင် အသုံးပြုလို့ရပါပြီ။

Ref : androidpolice