အခုလက်ရှိအချိန်မှာ မောင်းသူမဲ့ကားတွေဟာ နေရာတကာမှာ အသုံးတွင်ကျယ်လာနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် မောင်းသူမဲ့ကားတွေအများအပြားကို စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အသုံးချမှုကတော့ နည်းပါးနေပါသေးတယ်။ အခုအချိန်မှာတော့ Ford ကားကုမ္ပဏီကနေ မောင်းသူမဲ့ကားတွေကို အမြောက်အများအသုံးပြုဖို့ ကြံစည်နေပြီဖြစ်ပါတယ်။

Source : Ford

Ford ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရတော့ Ford ဟာ သူရဲ့မောင်းသူမဲ့ကားကွန်ရက်တစ်ခုကိုလ လာမယ့် ၂၀၂၁ ခုနှစ်မှာ ဖြန့်ကျက်သွားမှာဖြစ်ပြီးတော့ ကွန်ရက်လွှမ်းမိုးမှုအနေနဲ့ မြို့နယ်တွေအကုန်လုံးမှာ အသုံးပြုနိုင်သွားမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ Ford က အမေရိကန်နိုင်ငံ မီယာမီမြို့မှာ မောင်းသူမဲ့ကားတွေကို စမ်းသပ်နေတာပဲဖြစ်ပါတယ်။

အခုလိုမျိုး Ford ကပြုလုပ်နေတာက အခြားသော အဌားယာဉ် ကုမ္ပဏီတွေဖြစ်တဲ့ Uber ၊ Lyft တို့နဲ့ ပူးပေါင်းခြင်းမရှိတဲ့အတွက် သီးသန့် Service တစ်ခုဖြစ်လာမှာပါ။ Renault ၊ Nissan ၊ Land Rover ၊ Volvo တို့ကလည်း မောင်းသူမဲ့ကားတွေကို စမ်းသပ်နေတယ်လို့လည်း သိရပါသေးတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေအရဆိုရင်တော့ Ford က အရင်ဆုံးစတင်နိုင်မယ့်ပုံပါပဲ။

Source : Ford

Ford ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ Ford က ထုတ်လုပ်မယ့် မောင်းသူမဲ့ကားတွေက ခရီးသည်တွေကို သယ်ဆောင်ပေးတာထက် ပိုတဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါကလည်း Ford က လက်ရှိအချိန်မှာ မီယာမီမြို့မှာ မောင်းသူမဲ့ကားတွေကို ပီဇာပို့တဲ့အနေနဲ့ပါ စမ်းသပ်နေတဲ့အတွက် တကယ့်ကွန်ရက်တစ်ခုဖြစ်လာခဲ့ရင် အများကြီးပိုပြီး အသုံးပြုနိုင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် မောင်းသူမဲ့ကားတွေဟာ အနာဂတ်ဖြစ်လာပြီး နောက်ပိုင်းမှာ ကားမောင်းစရာတောင် လိုသေးရဲ့လားဆိုတာက မေးခွန်းထုတ်စရာဖြစ်လာမှာပါ။