တရုတ်က သုတေသန ပညာရှင်တွေဟာ 1 Tbps 6G အမြန်နှုန်းကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ အခုလို စံချိန်တင် 6G အမြန်နှုန်း ရရှိဖို့အတွက် အရမ်းကို Frequency မြင့်မားတဲ့ Radio Wave ၁ မျိုး ဖြစ်တဲ့ Vortex Millimeter Wave ကို အသုံးပြုခဲ့တာဖြစ်ပြီး ၁ ကီလိုမီတာ အကွာအဝေးအတွင်းမှာ 1 Tbps အမြန်နှုန်းကို ရရှိခဲ့တာပါ။ အဲဒီ အမြန်နှုန်းနဲ့ဆိုရင် HD Video ပေါင်း ၁၀,၀၀၀ ကို တစ်ပြိုင်နက် ကြည့်ရှုနိုင်တယ်လို့ ပါမောက္ခ Zhang Chao က ဒီလ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

China 6G 1 Tbps speed

Zhang က Vortex Wave ဟာ ကြိုးမဲ့ ဒေတာ ပို့ဆောင်မှုအတွက် နည်းပညာ အသစ် ဖြစ်ပြီး တရုတ်ဟာ 6G ရဲ့ အဓိက နည်းပညာတွေကို သုတေသနပြုလုပ်ရာမှာ ကမ္ဘာ့ ထိပ်တန်း ဖြစ်စေဖို့ အကူအညီပေးနိုင်တယ်လို့ ပြောပါတယ်။

5G? China has kicked off its development of 6G | by Staff Timer App | Stafftimer App | Medium

Vortex Electromagnetic Wave ဟာ သုံးဖက်မြင် ဖြစ်ပြီး ဒေတာတွေကို လေဆင်နှာမောင်းလို အမြန်နှုန်းနဲ့ ပို့ဆောင်နိုင်ပါတယ်။ အဲဒီအတွက် Developer တွေဟာ Bandwidth ပိုကောင်းစေဖို့ အဲဒီမှာ အပို ဒေတာတွေကို ထည့်သွင်းနိုင်ပါတယ်။

၂၀၃၀ ခုနှစ်မှာ 6G ကို စီးပွားဖြစ် ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ထားကြပြီး LG နဲ့ Samsung တို့ဟာ 6G နည်းပညာကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ ဂျပန်နဲ့ အမေရိကန်တို့ဟာလည်း 6G သုတေသနကို အရှိန်အဟုန် မြှင့်ကာ လုပ်ဆောင်နေကြပါတယ်။

တရုတ်ဟာ သတင်းအချက်အလက် ဆက်သွယ်ရေး နယ်ပယ်မှာ ကမ္ဘာ့ ထိပ်တန်း ဖြစ်ချင်နေပါတယ်။ ကမ္ဘာမှာ အများဆုံး 5G Base Station တွေကို တရုတ်က တည်ဆောက်ထားပြီး 6G နယ်ပယ်မှာလည်း ဦးဆောင်ဖို့ ကြိုးစားနေပါတယ်။

Ref : nepalitelecom