[Zawgyi]

ေခတ္ေပၚ ႀကိဳးမဲ့အားသြင္းစနစ္ဟာ သမား႐ိုးက် အားသြင္းစနစ္လို ႀကိဳးတန္းလန္းနဲ႔ အားသြင္းစရာ မလိုတာ အားလုံးသိၾကမွာပါ။ ဒါေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္နဲ႔သြင္းဖို႔ မိမိရဲ႕ ဖုန္းကို Charging Pad ေပၚ တင္ထားဖို႔ေတာ့ လိုပါလိမ့္မယ္။ အခုေတာ့ Charging Pad ေပၚမွာေတာင္ တင္ထားစရာမလိုေတာ့တဲ့ ႀကိဳးမဲ့ အားသြင္းစနစ္တစ္ခု ေပၚေပါက္လာပါၿပီ။

CES 2019 မွာ Ossia ကေတာ့ တကယ့္ ႀကိဳးမဲ့အားသြင္းစနစ္ အစစ္အမွန္ကို ေဖာ္ထုတ္ျပသလိုက္ၿပီျဖစ္ပါတယ္။ Ossia နဲ႔အားသြင္းဖို႔အတြက္ ဖုန္းေတြကို Charging Pad ေပၚတင္ထားစရာ မလိုေတာ့ပါဘူး။ Transmitter နားမွာ ဒီအတိုင္းထားလိုက္တာနဲ႔ အားသြင္းၿပီးသား ျဖစ္သြားပါလိမ့္မယ္။

Ossia ဟာ ၿပီးခဲ့တဲ့ ႏွစ္ CES မွာကတည္းက ဒီနည္းပညာအေၾကာင္း ေၾကညာခဲ့တာပါ။ ဒါေပမယ့္ အဲဒီတုန္းကေတာ့ လက္ေတြ႕ထုတ္လုပ္ဖို႔ အခုေလာက္ထိ နီးစပ္မႈမရွိေသးပါဘူး။ အခုေတာ့ Ossia ဟာ စမတ္ဖုန္းကာဗာခြံေတြထုတ္လုပ္တဲ့ Spigen နဲ႔ ပူးေပါင္းၿပီးေတာ့ သူတို႔ရဲ႕ ႀကိဳးမဲ့အားသြင္းစနစ္ကို အေကာင္အထည္ေဖာ္လိုက္ၿပီျဖစ္ပါတယ္။

Charging Pad ေပၚ တင္ထားစရာမလိုဘူးဆိုတဲ့ Ossia ရဲ႕ ႀကိဳးမဲ့အားသြင္းစနစ္က စမတ္ဖုန္း Case ထဲမွာ ထည့္သြင္းလိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းမွာ ႀကိဳးမဲ့အားသြင္းစနစ္ပါတဲ့ Case တပ္ဆင္ထားမယ္ဆိုရင္ Wireless Charger ရဲ႕ ပို႔လႊတ္ႏိုင္စြမ္းရွိတဲ့ အကြာအေဝးအတြင္းမွာဆို အားသြင္းႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး ႀကိဳးမဲ့အားသြင္းစနစ္ပါဝင္တဲ့ Phone Case ေတြကိုေတာ့ iPhone ေတြအတြက္ပဲ အရင္ဦးဆုံးထုတ္လုပ္သြားမွာျဖစ္ပါတယ္။ ဒီေနာက္မွာမွ Android ဖုန္းေတြအတြက္ ထုတ္လုပ္သြားဖြယ္ ရွိပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီႀကိဳးမဲ့အားသြင္းစနစ္ရဲ႕ ျမန္ႏႈန္းဟာ ဘယ္ေလာက္ထိရွိလဲဆိုတာကို ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး။ ေနာက္တစ္ခ်က္က ဒီလိုအားသြင္းစနစ္ပါဝင္တဲ့ Case ေတြကို အေစာဆုံးအျဖစ္ ၂၀၁၉ ႏွစ္ကုန္ပိုင္းေလာက္မွ ေဈးကြက္ထဲပို႔ႏိုင္ဖြယ္ ရွိတာလည္း ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Charging Pad ပေါ်တောင် တင်ထားစရာမလိုတော့တဲ့ ကြိုးမဲ့အားသွင်းစနစ်ကို Ossia မိတ်ဆက်ပြသ

ခေတ်ပေါ် ကြိုးမဲ့အားသွင်းစနစ်ဟာ သမားရိုးကျ အားသွင်းစနစ်လို ကြိုးတန်းလန်းနဲ့ အားသွင်းစရာ မလိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ကြိုးမဲ့အားသွင်းစနစ်နဲ့သွင်းဖို့ မိမိရဲ့ ဖုန်းကို Charging Pad ပေါ် တင်ထားဖို့တော့ လိုပါလိမ့်မယ်။ အခုတော့ Charging Pad ပေါ်မှာတောင် တင်ထားစရာမလိုတော့တဲ့ ကြိုးမဲ့ အားသွင်းစနစ်တစ်ခု ပေါ်ပေါက်လာပါပြီ။

CES 2019 မှာ Ossia ကတော့ တကယ့် ကြိုးမဲ့အားသွင်းစနစ် အစစ်အမှန်ကို ဖော်ထုတ်ပြသလိုက်ပြီဖြစ်ပါတယ်။ Ossia နဲ့အားသွင်းဖို့အတွက် ဖုန်းတွေကို Charging Pad ပေါ်တင်ထားစရာ မလိုတော့ပါဘူး။ Transmitter နားမှာ ဒီအတိုင်းထားလိုက်တာနဲ့ အားသွင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

Ossia ဟာ ပြီးခဲ့တဲ့ နှစ် CES မှာကတည်းက ဒီနည်းပညာအကြောင်း ကြေညာခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းကတော့ လက်တွေ့ထုတ်လုပ်ဖို့ အခုလောက်ထိ နီးစပ်မှုမရှိသေးပါဘူး။ အခုတော့ Ossia ဟာ စမတ်ဖုန်းကာဗာခွံတွေထုတ်လုပ်တဲ့ Spigen နဲ့ ပူးပေါင်းပြီးတော့ သူတို့ရဲ့ ကြိုးမဲ့အားသွင်းစနစ်ကို အကောင်အထည်ဖော်လိုက်ပြီဖြစ်ပါတယ်။

Charging Pad ပေါ် တင်ထားစရာမလိုဘူးဆိုတဲ့ Ossia ရဲ့ ကြိုးမဲ့အားသွင်းစနစ်က စမတ်ဖုန်း Case ထဲမှာ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းမှာ ကြိုးမဲ့အားသွင်းစနစ်ပါတဲ့ Case တပ်ဆင်ထားမယ်ဆိုရင် Wireless Charger ရဲ့ ပို့လွှတ်နိုင်စွမ်းရှိတဲ့ အကွာအဝေးအတွင်းမှာဆို အားသွင်းနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ Phone Case တွေကိုတော့ iPhone တွေအတွက်ပဲ အရင်ဦးဆုံးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီနောက်မှာမှ Android ဖုန်းတွေအတွက် ထုတ်လုပ်သွားဖွယ် ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကြိုးမဲ့အားသွင်းစနစ်ရဲ့ မြန်နှုန်းဟာ ဘယ်လောက်ထိရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ နောက်တစ်ချက်က ဒီလိုအားသွင်းစနစ်ပါဝင်တဲ့ Case တွေကို အစောဆုံးအဖြစ် ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှ ဈေးကွက်ထဲပို့နိုင်ဖွယ် ရှိတာလည်း ဖြစ်ပါတယ်။

Ref: Android Authority