iPhone 13 နမူနာ မော်ဒယ် ၄ လုံးရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး နမူနာ မော်ဒယ်တွေ ဖြစ်တဲ့အတွက် တကယ်သုံးလို့ မရနိုင်သေးတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ အရွယ်အစားတွေက မှန်ကန်ပြီး Case တွေ ဒီဇိုင်းထုတ်ဖို့နဲ့ စမ်းသပ်ဖို့အတွက် အသုံးဝင်ပါတယ်။

Apple ဟာ iPhone 12 Series ဒီဇိုင်းကိုပဲ ပြန်သုံးထားပြီး အနည်းငယ်ပဲ ပြောင်းလဲထားပါတယ်။ iPhone 13 နဲ့ 13 mini ရဲ့ အနောက်ဘက် ကင်မရာတွေကို ဒေါင်လိုက်အစား ထောင့်ဖြတ်ပုံစံ ပြင်ဆင်ထားပါတယ်။ အဲဒီပုံကို တင်ထားတဲ့ Sonny Dickson က iPhone 13 Pro Max ဟာ နည်းနည်း ပိုကြီးလာတယ်လို့ပြောပါတယ်။ မော်ဒယ် ၄ လုံးစလုံးဟာ အရင်နှစ်ကထက် နည်းနည်း ပိုထူလာပြီး ကင်မရာလည်း နည်းနည်း ပိုငေါထွက်လာတယ်လို့ ထင်ရပါတယ်။ ဒီလို ဖြစ်ရတာဟာ ဘက်ထရီ ပိုကြီးလာတာနဲ့ ကင်မရာတွေကို Upgrade လုပ်ထားလို့ ဖြစ်နိုင်ပါတယ်။

မော်ဒယ် ၄ လုံးစလုံးမှာ Sensor Shift Stabilization ပါလာမယ်လို့ TrendForce က သတင်းပေးထားပါတယ်။ ဒါ့အပြင် မော်ဒယ် ၄ လုံးစလုံးမှာ ပါတဲ့ မြင်ကွင်းကျယ် ကင်မရာကိုလည်း Autofocus ပါတဲ့ 6P Lens နဲ့အဆင့်မြှင့်ထားနိုင်ပြီး Pro မော်ဒယ် ၂ လုံးမှာပဲ LiDAR ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Apple ဟာ ထုံးစံအတိုင်း စက်တင်ဘာလမှာ iPhone 13 Series တွေကို ကြေညာနိုင်ပါတယ်။ အရင်နှစ်ကတော့ ကိုဗစ် ကပ်ရောဂါကြောင့် မိတ်ဆက်ပွဲကို တစ်လနောက်ဆုတ်ခဲ့ပါတယ်။ ဘာမှသေချာပြောလို့ မရသေးပါဘူး။ Semiconductor တွေ ပစ္စည်းပြတ်နေတဲ့အတွက် ဒီနှစ်မှာလည်း မိတ်ဆက်ပွဲကို နောက်ဆုတ်နိုင်ပါတယ်။

Ref : gsmarena