ကွန်ပျုတာမှာ Prt Sc (Print Screen) ခလုတ်နဲ့ Screenshot ရိုက်တာတော့ သိကြတဲ့သူများပါတယ်။ ဒါပေမယ့် နောက်ထပ် တခြား နည်းလမ်းတွေနဲ့လည်း ဘယ်လို Print Screen ရိုက်လို့ရလဲဆိုတာ ဝေမျှချင်ပါတယ်။

ကွန်ပျုတာ စခရင် (Screen) တစ်ခုလုံးကို တခါတည်း Print Screen ရိုက်နည်း

Windows Key နဲ့ Print Screen Key တို့ကို တခါတည်း တွဲနှိပ်ပါ။ အဲ့လို နှိပ်လိုက်ရင် Pictures Library ထဲမှာ Screenshot ဖိုင်နဲ့ Screenshot ဓာတ်ပုံကို တခါတည်း သိမ်းထားပြီးဖြစ်ပါတယ်။

Screenshot ကို ကိုယ်လိုချင်တဲ့နေရာ၊ ကိုယ်လိုချင်တဲ့ Format နဲ့သိမ်းဆည်းနည်း

ကွန်ပျုတာ စခရင် (Screen) ကို Print Screen ခလုတ်ကို နှိပ်ပြီး ရိုက်လိုက်ပါ။

MS Paint ဖြစ်ဖြစ် တခြား ဓာတ်ပုံနဲ့ ပတ်သက်တဲ့ Software ကို ဖွင့်ပါ။

Paste ခလုတ်ဖြစ်တဲ့ Ctrl+V ကို နှိပ်ပြီး Screenshot ကို Paint အပေါ်တင်လိုက်ပါ။

အဲ့ဒီ ဖိုင်ကို ကိုယ်နှစ်သက်တဲ့ ဖိုင် format နဲ့ save နိုင်ပါတယ်။

ဖွင့်ထားတဲ့ Window ဒါမှမဟုတ် App ကိုဘဲ Screenshot လုပ်နည်း

ကိုယ် Screen Shot ရိုက်ချင်တဲ့ Window ဒါမှမဟုတ် App ကို ဖွင့်ပါ။

Alt+ Print Screen ကို နှိပ်ပါ။

MS Paint ဖြစ်ဖြစ် တခြား ဓာတ်ပုံနဲ့ ပတ်သက်တဲ့ Software ကို ဖွင့်ပါ။

Paste ခလုတ်ဖြစ်တဲ့ Ctrl+V ကို နှိပ်ပါ။

အဲ့ဒီ ဖိုင်ကို ကိုယ်နှစ်သက်တဲ့ ဖိုင် Format နဲ့ Save နိုင်ပါတယ်။

 

Snipping Tool ဖြင့် Screen Shot လုပ်နည်း။

Start Menu ထဲက All Programs ထဲက Accessories ထဲကနေ Snipping Tool ကို ဖွင့်ပါ။

Box လေးတစ်ခုကျလာရင် New ကို နှိပ်ပါ။

လေးထောင့်အကွက်လေး (Rectangular Snip) ဖြစ်ဖြစ် Free-Form Snip ဖြစ်ဖြစ် ရွေးလို့ရပြီး ကိုယ် လိုချင်တဲ့နေရာကို မှတ်လို့ရပါတယ်။

ရွေးချယ်ပြီးရင် ကိုယ်လိုချင်တဲ့ ဖိုင် Format နဲ့ Save လို့ရပါပြီ။