[Zawgyi]

တ႐ုတ္အလုပ္သမား ေစာင့္ၾကည့္ေရးအဖြဲ႕က Foxconn ရဲ႕ စက္႐ုံေတြဟာ တ႐ုတ္အလုပ္သမားဥပေဒကို ခ်ိဳးေဖာက္ေနတယ္လို႔ စြပ္စြဲလိုက္ပါတယ္။ ဒီေတာ့ Foxconn ရဲ႕ အမာခံ ေဖာက္သည္ႀကီးျဖစ္တဲ့ Apple ဟာ စြပ္စြဲခံရတဲ့ကိစၥရပ္နဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ စုံစမ္းခဲ့ေပမယ့္ အခ်ိဳ႕အေၾကာင္းအရာေတြကေတာ့ စြပ္စြဲထားသလိုမွန္ကန္ေၾကာင္း ဝန္ခံခဲ့ၿပီး အခ်ိဳ႕ကေတာ့ မသက္ဆိုင္ေၾကာင္း ျငင္းပယ္ခဲ့ပါတယ္။

အဓိကအေၾကာင္းအခ်က္ကေတာ့ Foxconn မွာရွိတဲ့ လုပ္သားအင္အားရဲ႕ ၅၀ ရာခိုင္ႏႈန္းဟာ ယာယီ အလုပ္သမားအျဖစ္သာ လုပ္ကိုင္ခြင့္ ရရွိေနခဲ့တဲ့ ျပႆနာ ျဖစ္ပါတယ္။ တ႐ုတ္ဥပေဒအရ ယာယီအလုပ္သမားဟာ စုစုေပါင္း အလုပ္သမားရဲ႕ ၁၀ ရာခိုင္ႏႈန္းသာ ရွိရမွာ ျဖစ္ပါတယ္။ Apple ကေတာ့ Foxconn နဲ႔အတူ ဒီကိစၥကို ကိုင္တြယ္ေျဖရွင္းေနတယ္လို႔ ေျပာေပမယ့္ ႐ုတ္တရက္ဆိုသလို လုပ္ငန္းခြင္ဆိုင္ရာ အစီအစဥ္ေတြ ေျပာင္းလဲသြားႏိုင္ၿပီး ဒီႏွစ္ရဲ႕ iPhone ျဖန႔္ခ်ိမႈေပၚလည္း သက္ေရာက္လာႏိုင္တာ ျဖစ္ပါတယ္။

စြပ္စြဲခ်က္ထဲမွာ Foxconn အေနနဲ႔ လုပ္ငန္းလည္ပတ္မႈကို ပိုလုပ္ႏိုင္ဖို႔ အလုပ္သမားေတြ ပိုလိုေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ Apple ရဲ႕ စုံစမ္းစစ္ေဆးမႈ အစီရင္ခံစာမွာေတာ့ အခ်ိန္ပိုဆင္းၾကတာအားလုံးဟာ အလုပ္သမားေတြရဲ႕ ကိုယ္ပိုင္ဆႏၵအရသာ ဆင္းခဲ့ၾကတာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေက်ာင္းသားေတြအေနနဲ႔ သတ္မွတ္ထားတဲ့ အလုပ္ခ်ိန္ထက္ ပိုၿပီးေတာ့ အလုပ္လုပ္ခြင့္မရွိေၾကာင္း တ႐ုတ္ဥပေဒက ျပဌာန္းထားၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ အေမရိကန္ကုမၸဏီကေတာ့ အခ်ိန္ပိုလုပ္ေနတဲ့ ေက်ာင္းသားမရွိေတာ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အကယ္၍ Foxconn ဟာ Apple ရဲ႕ iPhone 11 မွာယူမႈကို အလ်ဥ္မီေအာင္ ျပဳလုပ္ေပးေနရ႐ိုးမွန္ရင္ iPhone 11 ေတြဟာ ၿပီးခဲ့တဲ့ႏွစ္က XR ေတြထက္ ပိုၿပီးေရာင္းရႏိုင္တယ္ဆိုတဲ့ အဓိပၸါယ္လည္း သက္ေရာက္ေနပါတယ္။

Ref: GSM Arena

[Unicode]

တရုတ်အလုပ်သမား ဥပဒေကို ချိုးဖောက်နေတယ်လို့ စွပ်စွဲခံရတဲ့ Foxconn

တရုတ်အလုပ်သမား စောင့်ကြည့်ရေးအဖွဲ့က Foxconn ရဲ့ စက်ရုံတွေဟာ တရုတ်အလုပ်သမားဥပဒေကို ချိုးဖောက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒီတော့ Foxconn ရဲ့ အမာခံ ဖောက်သည်ကြီးဖြစ်တဲ့ Apple ဟာ စွပ်စွဲခံရတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး ကိုယ်တိုင် စုံစမ်းခဲ့ပေမယ့် အချို့အကြောင်းအရာတွေကတော့ စွပ်စွဲထားသလိုမှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး အချို့ကတော့ မသက်ဆိုင်ကြောင်း ငြင်းပယ်ခဲ့ပါတယ်။

အဓိကအကြောင်းအချက်ကတော့ Foxconn မှာရှိတဲ့ လုပ်သားအင်အားရဲ့ ၅၀ ရာခိုင်နှုန်းဟာ ယာယီ အလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့် ရရှိနေခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။ တရုတ်ဥပဒေအရ ယာယီအလုပ်သမားဟာ စုစုပေါင်း အလုပ်သမားရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိရမှာ ဖြစ်ပါတယ်။ Apple ကတော့ Foxconn နဲ့အတူ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ပြောပေမယ့် ရုတ်တရက်ဆိုသလို လုပ်ငန်းခွင်ဆိုင်ရာ အစီအစဉ်တွေ ပြောင်းလဲသွားနိုင်ပြီး ဒီနှစ်ရဲ့ iPhone ဖြန့်ချိမှုပေါ်လည်း သက်ရောက်လာနိုင်တာ ဖြစ်ပါတယ်။

စွပ်စွဲချက်ထဲမှာ Foxconn အနေနဲ့ လုပ်ငန်းလည်ပတ်မှုကို ပိုလုပ်နိုင်ဖို့ အလုပ်သမားတွေ ပိုလိုကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် Apple ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာတော့ အချိန်ပိုဆင်းကြတာအားလုံးဟာ အလုပ်သမားတွေရဲ့ ကိုယ်ပိုင်ဆန္ဒအရသာ ဆင်းခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျောင်းသားတွေအနေနဲ့ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက် ပိုပြီးတော့ အလုပ်လုပ်ခွင့်မရှိကြောင်း တရုတ်ဥပဒေက ပြဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ကုမ္ပဏီကတော့ အချိန်ပိုလုပ်နေတဲ့ ကျောင်းသားမရှိတော့ကြောင်း ပြောဆိုခဲ့ပါတယ်။ အကယ်၍ Foxconn ဟာ Apple ရဲ့ iPhone 11 မှာယူမှုကို အလျဉ်မီအောင် ပြုလုပ်ပေးနေရရိုးမှန်ရင် iPhone 11 တွေဟာ ပြီးခဲ့တဲ့နှစ်က XR တွေထက် ပိုပြီးရောင်းရနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်နေပါတယ်။

Ref: GSM Arena