Samsung Galaxy A13 5G ရဲ့ Specs တွေ ပြီးခဲ့တဲ့ လက စတင် ထွက်ပေါ်လာခဲ့ပြီး အခုတော့ Tipster ၁ ယောက် ဖြစ်တဲ့ Anthony က အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specs တွေကို တွစ်တာမှာ မျှဝေလိုက်ပါတယ်။

Galaxy A13 5G renders by Steve Hemmerstoffer

Anthony က Galaxy A13 5G မှာ ၆.၄၈ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Full HD+ Resolution ရှိမယ်လို့ ပြောပါတယ်။  ဒီလ အစောပိုင်းက ထွက်လာခဲ့တဲ့ ဓါတ်ပုံတွေအရ အဲဒီ စမတ်ဖုန်းမှာ အရွယ်သေး Notch တပ်ဆင်ထားမှာ ဖြစ်ပြီး အရှေ့ ကင်မရာ Specification ကို မသိရသေးပါဘူး။ အနောက်ဘက်မှာ 50MP Main , 5MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Samsung Galaxy A13 5G concept render; to be the company's cheapest 5G  smartphone - Gizmochina

Galaxy A13 5G မှာ Dimensity 700 5G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 25W Fast Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။

Galaxy A13 အတွက် 4GB , 6GB နဲ့ 8GB RAM Version တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး 64GB နဲ့ 128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ တခြား Specification တွေကိုတော့ လက်ရှိမှာ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ လက ထွက်ခဲ့တဲ့ သတင်းအရ Galaxy A13 5G ဟာ Samsung ရဲ့ ဈေးအချိုဆုံး 5G စမတ်ဖုန်း ဖြစ်မယ်လို့ သိရပါတယ်။ ပေါက်ကြားဈေးနှုန်းအရ ၂၄၉ ဒေါ်လာလောက်နဲ့ ရောင်းချနိုင်ပြီး ၄ သိန်းခွဲလောက် ကျသင့်နိုင်ပါတယ်။

Ref : gizmochina