[Zawgyi]

Samsung Galaxy A20e စမတ္ဖုန္းဟာ လာမယ့္ ဧၿပီလ ၁၀ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာမယ္လို႔ ယူဆရၿပီး အခုအခါမွာ FCC ေထာက္ခံခ်က္ကို ရယူႏုိင္ခဲ့ပါၿပီ။ FCC ရဲ႕ဝက္ဆုိက္မွာ ေမာ္ဒယ္နံပါတ္ SM-A202F/DS အမည္နဲ႔ ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

FCC စာရင္းကေတာ့ Galaxy A20e အေၾကာင္းကို ဘာမွထုတ္ေဖာ္ျပသျခင္းမရွိခဲ့ပါဘူး။ ဒါေပမယ့္ သူ႕မွာ Samsung Galaxy A20 ထက္ေတာင္ ပိုေသးငယ္တဲ့ 5.8” လက္မအရြယ္ Screen တစ္ခုပါတာကိုေတာ့ အတည္ျပဳေပးႏုိင္ခဲ့တယ္။

အခုလို Display အရြယ္အစားေၾကာင့္ Galaxy A20e ဖုန္းဟာ 3,000 mAh ဘကၳရီပဲ ပါမယ္ဆုိတဲ့ သတင္းဟာ မွန္ကန္တယ္လို႔ ယူဆရမွာပါ။ FCC ဝက္ဆုိက္ေပၚမွာ A20e အတြက္ Single Band Wi-fi ေထာက္ပံ့မႈ ပါဝင္တယ္လို႔ ထပ္မံေဖာ္ျပခဲ့ေပမယ့္ အျခား အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ျပသျခင္း မရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့အပတ္က Samsung Galaxy A20e အတြက္ Case Render ေတြ ထြက္ေပၚလာခဲ့ၿပီး Galaxy A20 နဲ႔ ဆင္တူတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီစမတ္ဖုန္းဟာ ေဖေဖာ္ဝါရီတုန္းကလည္း Geekbench ေပၚကို Exynos 7885 SoC ၊ 3GB RAM မန္မုိရီနဲ႔ Android Pie တုိ႔နဲ႔အတူ ျမင္ေတြ႕ခဲ့ရပါေသးတယ္။

မၾကာခင္မိတ္ဆက္သြားဖို႔ နီးကပ္ေနၿပီျဖစ္တာေၾကာင့္ Samsung Galaxy A20e စမတ္ဖုန္းအတြက္ အခ်က္အလက္ေတြကို လာမယ့္ရက္ေတြမွာ ျမင္ေတြ႕ရဦးမွာပါ။

Ref – GSM Arena

[Unicode]

Samsung Galaxy A20e စမတ်ဖုန်းဟာ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာမယ်လို့ ယူဆရပြီး အခုအခါမှာ FCC ထောက်ခံချက်ကို ရယူနိုင်ခဲ့ပါပြီ။ FCC ရဲ့ဝက်ဆိုက်မှာ မော်ဒယ်နံပါတ် SM-A202F/DS အမည်နဲ့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

FCC စာရင်းကတော့ Galaxy A20e အကြောင်းကို ဘာမှထုတ်ဖော်ပြသခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာ Samsung Galaxy A20 ထက်တောင် ပိုသေးငယ်တဲ့ 5.8” လက်မအရွယ် Screen တစ်ခုပါတာကိုတော့ အတည်ပြုပေးနိုင်ခဲ့တယ်။

အခုလို Display အရွယ်အစားကြောင့် Galaxy A20e ဖုန်းဟာ 3,000 mAh ဘက္ထရီပဲ ပါမယ်ဆိုတဲ့ သတင်းဟာ မှန်ကန်တယ်လို့ ယူဆရမှာပါ။ FCC ဝက်ဆိုက်ပေါ်မှာ A20e အတွက် Single Band Wi-fi ထောက်ပံ့မှု ပါဝင်တယ်လို့ ထပ်မံဖော်ပြခဲ့ပေမယ့် အခြား အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြသခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့အပတ်က Samsung Galaxy A20e အတွက် Case Render တွေ ထွက်ပေါ်လာခဲ့ပြီး Galaxy A20 နဲ့ ဆင်တူတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီစမတ်ဖုန်းဟာ ဖေဖော်ဝါရီတုန်းကလည်း Geekbench ပေါ်ကို Exynos 7885 SoC ၊ 3GB RAM မန်မိုရီနဲ့ Android Pie တို့နဲ့အတူ မြင်တွေ့ခဲ့ရပါသေးတယ်။

မကြာခင်မိတ်ဆက်သွားဖို့ နီးကပ်နေပြီဖြစ်တာကြောင့် Samsung Galaxy A20e စမတ်ဖုန်းအတွက် အချက်အလက်တွေကို လာမယ့်ရက်တွေမှာ မြင်တွေ့ရဦးမှာပါ။

Ref – GSM Arena