[Zawgyi]
Ref : SamMobile
[Unicode]
Galaxy A50 အတွက် June Update မှာ Night Mode နဲ့ Super Slow-mo Features တွေပါလာပြီ
အိန္ဒိယနိုင်ငံမှာရှိတဲ့ Galaxy A50 အသုံးပြုသူတွေဟာ June Security Update နဲ့အတူ Camera Features အသစ်တွေကို လက်ခံရရှိနေပြီ ဖြစ်ပါတယ်။ အဆိုပါ Update မှာ Night Mode နဲ့ Super Slow-mo Video Recording Features တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် QR Codes တွေကိုလည်း Camera App ထဲကနေတဆင့် Bixby Vision မလိုဘဲ ဖတ်ရှု့နိုင်ပြီလို့ သိရပါတယ်။
ဇွန်လအတွက် ထုတ်ပေးလိုက်တဲ့ Security Update ကို မြှင့်တင်ပြီးပေမယ့် အဆိုပါ Camera Features တွေကို မရသေးဘူးဆိုပါက Camera Setting ကို Reset လုပ်ပြီး ပြန်စမ်းကြည့်သင့်တယ်လို့ SamMobile က ပြောကြားထားပါတယ်။ ( Camera Setting ကို Reset လုပ်မယ်ဆိုရင် Camera App > Setting ထဲက Reset settings ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ )
လက်ရှိမှာ Samsung အနေနဲ့ Galaxy A50 အတွက် June Security Update ကို အိန္ဒိယနိုင်ငံမှာပဲ ထုတ်ပေးသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံအပြားမှာရှိတဲ့ Galaxy A50 အသုံးပြုသူတွေအတွက် အဆိုပါ Update ကို ဖြန့်ချိပေးလိမ့်မယ်လို့ ယူဆရပါတယ်။ Samsung က June Security Update ကို နိုင်ငံတကာအတွက် ထုတ်ပေးတဲ့အခါမှာ မိမိဆီကို Update Notification တက်မလာဘူးဆိုရင် Setting > Software update > Download and install ကိုနှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။
Ref : SamMobile