[Unicode]

Samsung Galaxy A51 ရဲ့ သတင်းတွေက ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ထွက်လာခဲ့တာ အခုလို မိတ်ဆက်မယ့်ရက်နားကပ်တဲ့အထိပါပဲ။ ထုံးစံအတိုင်းပဲ ပေါက်ကြားသတင်းတွေရှိခဲ့ပေမယ့် Galaxy A51 ရဲ့ အချက်အလက်အကုန်တော့ မသိရသေးပါဘူး။

ဒီတစ်ခါ ပေါက်ကြားထွက်ပေါ်လာတာကတော့ ပရိုမိုဗီဒီယိုပါ။ ဒီဗီဒီယိုကတစ်ဆင့် သိကြရတာက Galaxy A51 ရဲ့ အရောင်တွေ၊ ဒီဇိုင်းနဲ့ အဓိက အစိတ်အပိုင်းအချို့အကြောင်းပဲဖြစ်ပါတယ်။ Galaxy A51 ဟာ မျက်နှာပြင် ထိပ်ဘက်အလယ်တည့်တည့်မှာ Punch-hole နဲ့အတူ ကင်မရာတစ်လုံး ပါဝင်လာမှာ ဖြစ်ပါတယ်။

အခုထွက်လာတဲ့ ပရိုမိုဗီဒီယိုအရဆိုရင်တော့ Galaxy A51 ဟာ အနည်းဆုံး အရောင်လေးမျိုးနဲ့တွေ့မြင်ရမှာပါ။ Prism Crush Blue, Prism Crush Black, Prism Crush Pink နဲ့ Prism Crush White တို့ပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 6.5-inch အရွယ်အစားဖြစ်ပြီး FHD+ SAMOLED ဖြစ်ပါတယ်။ ပတ်လည် Bezels တွေကတော့ Fair ဖြစ်တယ်လို့ ဆိုရမှာပါ။

ကျောဘက်ကင်မရာတွေကိုတော့ ထောင့်မှန်စတုဂံပုံဘောင်ထဲမှာ ထည့်သွင်းတပ်ဆင်ထားတာကို မြင်တွေ့ရမှာပါ။ L Shaped ပုံစံ တပ်ဆင်ထားတာဖြစ်ပြီး LED ဖလက်ရှ်ကိုလည်း သီးသန့်ခွဲထုတ်မထားဘဲ ကင်မရာတွေနဲ့အတူ စုစုစည်းစည်း တပ်ဆင်ပေးထားတာပါ။ အရှေ့ဘက် Selfie ကင်မရာက 32MP ဖြစ်ပါတယ်။

ကျောဘက်မှာ Fingerprint sensor ကိုမတွေ့ရတာကြောင့် Galaxy A51 ဟာ In-display fingerprint နဲ့ ဖြစ်ဖွယ်ရှိပါတယ်။ ကျောဘက်ကင်မရာတွေကတော့ 48MP အဓိကကင်မရာ၊ 12MP ultra wide, 5MP depth sensor နဲ့ 5MP macro lens တွေဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,000mAh ပမာဏကို တပ်ဆင်ပေးထားပါတယ်။

အဓိကအစိတ်အပိုင်းလို့ပြောရမယ့် Processor ကတော့ Exynos 9611 ကို သုံးထားတယ်လို့ ပြီးခဲ့တဲ့ပေါက်ကြားမှုမှာကတည်းက ဖော်ပြပြီး ဖြစ်ပါတယ်။ မန်မိုရီကတော့ 4GB ဖြစ်ပြီး ဈေးကွက်ပေါ်လိုက်ပြီး သိုလှောင်မှုပမာဏ 64GB နဲ့ 128GB ဆိုပြီး အမျိုးအစားကွဲသွားဖွယ်ရှိပါတယ်။

Ref: Gizmochina

[Zawgyi]

အေရာင္နဲ႔ အဓိကအစိတ္အပိုင္းအခ်ိဳ႕ကိုေဖာ္ျပထားတဲ့ Samsung Galaxy A51 ပ႐ိုမိုဗီဒီယို ထြက္ေပၚလာ

Samsung Galaxy A51 ရဲ႕ သတင္းေတြက ၿပီးခဲ့တဲ့ ေအာက္တိုဘာလကတည္းက ထြက္လာခဲ့တာ အခုလို မိတ္ဆက္မယ့္ရက္နားကပ္တဲ့အထိပါပဲ။ ထုံးစံအတိုင္းပဲ ေပါက္ၾကားသတင္းေတြရွိခဲ့ေပမယ့္ Galaxy A51 ရဲ႕ အခ်က္အလက္အကုန္ေတာ့ မသိရေသးပါဘူး။

ဒီတစ္ခါ ေပါက္ၾကားထြက္ေပၚလာတာကေတာ့ ပ႐ိုမိုဗီဒီယိုပါ။ ဒီဗီဒီယိုကတစ္ဆင့္ သိၾကရတာက Galaxy A51 ရဲ႕ အေရာင္ေတြ၊ ဒီဇိုင္းနဲ႔ အဓိက အစိတ္အပိုင္းအခ်ိဳ႕အေၾကာင္းပဲျဖစ္ပါတယ္။ Galaxy A51 ဟာ မ်က္ႏွာျပင္ ထိပ္ဘက္အလယ္တည့္တည့္မွာ Punch-hole နဲ႔အတူ ကင္မရာတစ္လုံး ပါဝင္လာမွာ ျဖစ္ပါတယ္။

အခုထြက္လာတဲ့ ပ႐ိုမိုဗီဒီယိုအရဆိုရင္ေတာ့ Galaxy A51 ဟာ အနည္းဆုံး အေရာင္ေလးမ်ိဳးနဲ႔ေတြ႕ျမင္ရမွာပါ။ Prism Crush Blue, Prism Crush Black, Prism Crush Pink နဲ႔ Prism Crush White တို႔ပဲ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ဟာ 6.5-inch အ႐ြယ္အစားျဖစ္ၿပီး FHD+ SAMOLED ျဖစ္ပါတယ္။ ပတ္လည္ Bezels ေတြကေတာ့ Fair ျဖစ္တယ္လို႔ ဆိုရမွာပါ။

ေက်ာဘက္ကင္မရာေတြကိုေတာ့ ေထာင့္မွန္စတုဂံပုံေဘာင္ထဲမွာ ထည့္သြင္းတပ္ဆင္ထားတာကို ျမင္ေတြ႕ရမွာပါ။ L Shaped ပုံစံ တပ္ဆင္ထားတာျဖစ္ၿပီး LED ဖလက္ရွ္ကိုလည္း သီးသန႔္ခြဲထုတ္မထားဘဲ ကင္မရာေတြနဲ႔အတူ စုစုစည္းစည္း တပ္ဆင္ေပးထားတာပါ။ အေရွ႕ဘက္ Selfie ကင္မရာက 32MP ျဖစ္ပါတယ္။

ေက်ာဘက္မွာ Fingerprint sensor ကိုမေတြ႕ရတာေၾကာင့္ Galaxy A51 ဟာ In-display fingerprint နဲ႔ ျဖစ္ဖြယ္ရွိပါတယ္။ ေက်ာဘက္ကင္မရာေတြကေတာ့ 48MP အဓိကကင္မရာ၊ 12MP ultra wide, 5MP depth sensor နဲ႔ 5MP macro lens ေတြျဖစ္ပါတယ္။ ဘက္ထရီကေတာ့ 4,000mAh ပမာဏကို တပ္ဆင္ေပးထားပါတယ္။

အဓိကအစိတ္အပိုင္းလို႔ေျပာရမယ့္ Processor ကေတာ့ Exynos 9611 ကို သုံးထားတယ္လို႔ ၿပီးခဲ့တဲ့ေပါက္ၾကားမႈမွာကတည္းက ေဖာ္ျပၿပီး ျဖစ္ပါတယ္။ မန္မိုရီကေတာ့ 4GB ျဖစ္ၿပီး ေဈးကြက္ေပၚလိုက္ၿပီး သိုေလွာင္မႈပမာဏ 64GB နဲ႔ 128GB ဆိုၿပီး အမ်ိဳးအစားကြဲသြားဖြယ္ရွိပါတယ္။

Ref: Gizmochina