Galaxy A53 5G ဟာ ဒီနှစ်ထဲမှာထွက်မဲ့ Samsung ရဲ့ A5x တွေအတွက် ကြီးမားတဲ့မျှော်လင့်ချက်တွေကို ထမ်းပိုးထားရတယ်လို့ ဆိုနိုင်ပါတယ်။ ဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်လက်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်ပိုင်းကတည်းက စတင်သိရှိလာခဲ့ကြတာဖြစ်ပေမဲ့ အခုအချိန်မှ တရားဝင် Renders တွေက ထွက်ပေါ်လာတာပါ။


ဘယ်လိုပဲဖြစ်ဖြစ် အခုထိသိရှိထားရတဲ့အချက်အလက်တွေကိုကြည့်မယ်ဆိုရင်လည်း Galaxy A53 5G ဟာ စိတ်ပျက်စရာအကြောင်းရင်း တစ်ခုတလေကိုမှ ယူဆောင်လာတာမတွေ့ရသေးပါဘူး။ ကနဦးထွက်ပေါ်ထားတဲ့ Renders တွေမှာလည်း ဒီဇိုင်းပိုင်းက စိတ်ပျက်စရာမရှိခဲ့သလို အခုထွက်ပေါ်လာတဲ့ Press renders မှာလည်း Galaxy A53 5G ကို ကျေနပ်စရာပုံစံနဲ့ တွေ့မြင်ရတာပါ။

Galaxy A53 5G ဟာ သတ္တုဘောင်၊ ပိုလီကာဗွန်နိတ်ကိုယ်ထည်တွေနဲ့ ဖြစ်ပါတယ်။ Galaxy A53 5G ရဲ့ဒီဇိုင်းဟာ A52 ရဲ့ ဒီဇိုင်းနဲ့ တူညီပြီး သိသာထင်ရှားတဲ့ခြားနားမှုဆိုလို့ ကင်မရာအိမ်ဒီဇိုင်းပါပဲ။ Galaxy A53 5G မှာ တူညီတဲ့အာရုံခံစနစ်ပါရှိပေမဲ့ ကင်မရာအိမ်ထောင့်တွေကတော့ ပိုပြီးတော့ချောမွေ့တဲ့ပုံစံဖြစ်ပါတယ်။


Samsung Galaxy A53 5G မှာ စုစုပေါင်း ကင်မရာငါးလုံး ပါဝင်ပါတယ်။ ကျောဘက်အဓိကကင်မရာဟာ 64MP sensor ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကို 12MP ultra-wide, 5MP depth camera နဲ့ 5MP macro တို့နဲ့ တွဲဖက်ပေးထားတယ်လို့ သိရပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 32MP resolution လို့ ဆိုပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကနဲ့ သိပ်ပြီးထူးခြားပြောင်းလဲတဲ့အဆင့်မြှင့်တင်မှုမျိုးမရှိဘူးလို့ ဆိုရမှာပါ။

အခြား Specs တွေအဖြစ် Exynos 1200 chipset, 6.5-inch Super AMOLED 120Hz 20400 x 1080 မျက်နှာပြင်၊ 25W အားသွင်းနှုန်းနဲ့ 5,000mAh ဘက်ထရီတွေ တပ်ဆင်ထားမယ်လို့ သိထားရပါတယ်။ ဒီ Device ကို TENAA, FCC နဲ့ NBTC တို့မှာလည်း တွေ့မြင်ခဲ့ရပြီးဖြစ်တာကြောင့် လာမဲ့မတ်လထဲမှာ တရားဝင်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: SamMobile