ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းတုန်းက Galaxy A53 5G ရဲ့ ပထမဆုံး Renders ထွက်ပေါ်လာခဲ့ဖူးပါတယ်။ Press render လို့ သတ်မှတ်ခံခဲ့ရပေမဲ့ အရောင်အားဖြင့် တစ်ရောင်တည်းသာ မြင်တွေ့ခဲ့ကြရတာပါ။ ဒီတစ်ခါထွက်ပေါ်လာတဲ့အချိန်မှာတော့ နောက်ထပ်အရောင်သစ်တွေကိုလည်း တွေ့မြင်ကြရပြီဖြစ်ပါတယ်။

WinFuture က ထုတ်ဖော်လိုက်တဲ့ Renders တွေအရ Galaxy A53 5G ကို Blue နဲ့ Orange အရောင် နှစ်မျိုးနဲ့ ထပ်ပြီးမြင်တွေ့ကြရပါပြီ။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကလည်း Galaxy A53 5G နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ပလူပျံအောင်ထွက်ပေါ်ခဲ့ပါသေးတယ်။ တူညီတဲ့ရင်းမြစ်တွေအရ Galaxy A53 5G ကို Black နဲ့ White အရောင်တွေအဖြစ် တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်ခဲ့သမျှအရောင်တွေကတော့ Black, White, Blue နဲ့ Orange တို့ဖြစ်ကြပါတယ်။ Orange ကတော့ Samsung Fan တွေအတွက် ပိုပြီးသစ်လွင်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် Galaxy A53 5G အတွက် ပိုပြီးအရောင်းစွံစေမဲ့အရောင်အဖြစ် မျှော်လင့်ခြင်းခံထားရတယ်လို့ ဆိုနိုင်ပါတယ်။

ထွက်ပေါ်ပြီးခဲ့သမျှ အချက်အလက်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် Samsung Galaxy A53 5G ဟာ အမည်မသိ Exynos 1200 SoC နဲ့ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ARM Mali G68 MP4 GPU, 8GB of RAM နဲ့ Onboard storage 256GB တို့ကိုလည်း တွဲဖက်ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပြီး 25W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ အခြား Feature တွေအဖြစ် Fingerprint scanner, IP68 ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်အဆင့်သတ်မှတ်ချက်၊ Android 12 အခြေခံ One UI 4 skin စတာတွေ ပါဝင်ပါလိမ့်မယ်။

ကျောဘက်မှာတော့ 64MP အဓိကကင်မရာအပါအဝင် ကင်မရာလေးလုံးကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ မျက်နှာပြင်မှာ Punch-hole နဲ့အတူ 32MP selfie တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ကနဦးပေါက်ကြားသတင်းတွေအရ Galaxy A53 5G မှာ 6.52-inch Super AMOLED FHD+ 1080×2400 pixels resolution 120Hz refresh rate panel ကိုတပ်ဆင်ထားမယ်လို့ သိရပါတယ်။

Ref: SAMMOBILE