Samsung ရဲ့ Galaxy A53 က အတော်လေးကို ဇာတ်လမ်းရှုပ်ပါတယ်။ ပေါက်ကြားမှုနဲ့ပတ်သက်ရင် ခြင်းကြားကရေယိုသလိုကိုဖြစ်နေတတ်တဲ့ တောင်ကိုရီးယားကုမ္ပဏီကြီးရဲ့ ဇာတ်လမ်းတွဲတွေထဲမှာ Galaxy A53 ကတော့ ရေတံခွန်ရေသွန်သလိုပါပဲ။ အခုလည်း ထပ်ပြီးပေါက်ကြားပြန်ပါပြီတဲ့လေ။

ကြေသာမကြေညာရသေးတယ် လူတိုင်းကသိနေပြီဆိုသလိုပါပဲ။ ဒီတစ်ခါပေါက်ကြားထွက်ပေါ်လာတာကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Offline store တစ်ခုကနေ တိုက်ရိုက်ထွက်ပေါ်လာတာပါ။ Samsung ဝန်ထမ်းတစ်ဦးက Galaxy A53 နဲ့ ရိုက်ထားတဲ့ရုပ်ပုံတွေ ပေါ်ထွက်လာတာပါ။ ဒါကြောင့် Samsung က သူတို့ရဲ့ စမတ်ဖုန်းသစ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းပေါက်ကြားခိုင်းနေတယ်လို့ စွပ်စွဲကြတာ အဆန်းမဟုတ်တော့ပါဘူး။

သတင်းပေါက်ကြားတဲ့ကိစ္စကိုဘေးဖယ်ထားပြီး ဆက်ပြောရမယ်ဆိုရင် Galaxy A53 5G ဟာ Samsung ရဲ့ အားထည့်ထားတဲ့ ဈေးကွက်ချဲ့ထွင်ရေးအစီအစဉ်မှာ အတော်လေးကိုအားထားရမဲ့ မော်ဒယ်လို့ဆိုနိုင်ပါတယ်။ အခုပေါက်ကြားဓာတ်ပုံမှာမြင်တွေ့ရတာက Rose Gold color နဲ့ ဖြစ်ပြီး မျှော်လင့်ထားတဲ့အတိုင်း လှပတဲ့ဒီဇိုင်းကာလာ ဖြစ်ပါတယ်။

ကျောဘက်မှာ ကင်မရာလေးလုံးကို တပ်ဆင်ထားပြီး ထောင့်မှန်စတုဂံ Camera bump နဲ့ စုစည်းထားပါတယ်။ Frame က Metallic ဖြစ်ပြီး Back panel က Matte ဖြစ်ပါတယ်။ Samsung ဟာ Galaxy A53 5G ကို လာမဲ့မတ်လ ၁၇ ရက်နေ့ တိုက်ရိုက်ထုတ်လွှင့်မဲ့ Event မှာ ပွဲထုတ်သွားမယ်လို့ အတည်ပြုသွားပါတယ်။

Galaxy A53 5G ဟာ 108MP အဓိကကင်မရာ၊ 4K@60fps ဗီဒီယိုရိုက်ကူးခြင်းနဲ့ 8K ရိုက်ကူးခြင်းတွေလို Galaxy innovations တွေကို အဓိကရည်ရွယ်ထားကြောင်း ကုမ္ပဏီက အခိုင်အမာပြောဆိုထားပါတယ်။ ဘူးထဲမှာတော့ အားသွင်းခေါင်း ပါဝင်လာမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Samsung ဟာ တရားမဝင်ပေါက်ကြားသတင်းထုတ်တဲ့နည်းလမ်းကို အသုံးပြုပြီး ထုတ်ကုန်တွေကို ကြော်ငြာနေတယ်ဆိုတာကတော့ ပိုပြီးထင်ရှားလာတယ်လို့ ဆိုရမှာပါပဲ။

Ref: sammobile