[Zawgyi]

ၾသဂုတ္လရဲ႕ေနာက္ဆုံးရက္မွာ Samsung Galaxy A71 လို႔ယူဆရတဲ့ Device တစ္ခုဟာ Android 10 နဲ႔အတူ Geekbench ေပၚမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ အခု ႏိုဝင္ဘာလရဲ႕ တတိယပတ္ထဲမွာ Galaxy A71 ရဲ႕ Renders ပုံရိပ္ေတြ ေပါက္ၾကားထြက္ေပၚလာၿပီ ျဖစ္ပါတယ္။

နာမည္ေက်ာ္ Tipster ျဖစ္တဲ့ @OnLeaks ဟာ CashKaro နဲ႔အတူ Galaxy A71 ရဲ႕ CAD renders အေတာ္မ်ားမ်ားကို ေဖာ္ျပခဲ့ပါတယ္။ ဒါတင္မကေသးဘဲ မၾကာခင္ေဈးကြက္ထဲေရာက္လာမယ့္ Samsung ရဲ႕ Mid-ranger သစ္ Galaxy A71 ရဲ႕ 360-degree ဗီဒီယိုလည္း ထြက္ေပၚလာတာ ျဖစ္ပါတယ္။

Renders ေတြအရဆိုရင္ေတာ့ Galaxy A71 ဟာ ေက်ာဘက္မွာ ကင္မရာေလးလုံးတပ္ဆင္ထားတာျဖစ္ၿပီး ကင္မရာအိမ္ကေတာ့ အေတာ္ေလး ေနရာယူထားတယ္လို႔ ဆိုရမွာပါ။ ကင္မရာေတြကို တပ္ဆင္ထားပုံက L-shaped ပုံစံလို႔ ဆိုရမွာပါ။ ေက်ာဘက္ကင္မရာေတြမွာ အဓိကကင္မရာဟာ 48MP ျဖစ္ဖြယ္ရွိၿပီး 12MP wide-angle, 12MP telephoto နဲ႔ 3D TOF တို႔ ပါဝင္ဖြယ္ ရွိပါတယ္။

အေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Hole-punch နဲ႔အတူ 32MP ျဖစ္ဖြယ္ရွိတဲ့ Selfie ကင္မရာတစ္လုံးကို ေတြ႕ျမင္ရပါတယ္။ ေနာက္တစ္ခ်က္က 3.5mm audio jack ပါဝင္ျခင္းပါပဲ။ ဒါ့အျပင္ Samsung Galaxy A71 ဟာ USB-C Port နဲ႔လည္း ျဖစ္လာဖြယ္ရွိပါတယ္။ CashKaro ကေတာ့ မ်က္ႏွာျပင္ဟာ FHD 6.7-inch ျဖစ္တယ္လို႔ အခိုင္အမာဆိုထားပါတယ္။

Geekbench ကို ကိုးကားၿပီးေျပာရမယ္ဆိုရင္ေတာ့ Galaxy A71 ဟာ Snapdragon 675 SoC ကို အသုံးျပဳလာဖြယ္ ရွိပါတယ္။ Samsung ဘက္ကေတာ့ အခုအခ်ိန္ထိ Galaxy A71 နဲ႔ပတ္သက္ၿပီး တရားဝင္ထုတ္ျပန္ထားတာ ဘာတစ္ခုမွ မရွိေသးေပမယ့္ သိပ္မၾကာခင္အခ်ိန္အတြင္းမွာေတာ့ တရားဝင္သတင္းစကားကို စၿပီးၾကားရေတာ့မယ္လို႔ ယူဆရပါတယ္။

Ref: Phone Arena

[Unicode]

Samsung Galaxy A71 ရဲ့ Renders တွေ ထွက်ပေါ်လာ

သြဂုတ်လရဲ့နောက်ဆုံးရက်မှာ Samsung Galaxy A71 လို့ယူဆရတဲ့ Device တစ်ခုဟာ Android 10 နဲ့အတူ Geekbench ပေါ်မှာ တွေ့မြင်ခဲ့ရပါတယ်။ အခု နိုဝင်ဘာလရဲ့ တတိယပတ်ထဲမှာ Galaxy A71 ရဲ့ Renders ပုံရိပ်တွေ ပေါက်ကြားထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

နာမည်ကျော် Tipster ဖြစ်တဲ့ @OnLeaks ဟာ CashKaro နဲ့အတူ Galaxy A71 ရဲ့ CAD renders အတော်များများကို ဖော်ပြခဲ့ပါတယ်။ ဒါတင်မကသေးဘဲ မကြာခင်ဈေးကွက်ထဲရောက်လာမယ့် Samsung ရဲ့ Mid-ranger သစ် Galaxy A71 ရဲ့ 360-degree ဗီဒီယိုလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Renders တွေအရဆိုရင်တော့ Galaxy A71 ဟာ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားတာဖြစ်ပြီး ကင်မရာအိမ်ကတော့ အတော်လေး နေရာယူထားတယ်လို့ ဆိုရမှာပါ။ ကင်မရာတွေကို တပ်ဆင်ထားပုံက L-shaped ပုံစံလို့ ဆိုရမှာပါ။ ကျောဘက်ကင်မရာတွေမှာ အဓိကကင်မရာဟာ 48MP ဖြစ်ဖွယ်ရှိပြီး 12MP wide-angle, 12MP telephoto နဲ့ 3D TOF တို့ ပါဝင်ဖွယ် ရှိပါတယ်။

အရှေ့ဘက်မျက်နှာပြင်မှာတော့ Hole-punch နဲ့အတူ 32MP ဖြစ်ဖွယ်ရှိတဲ့ Selfie ကင်မရာတစ်လုံးကို တွေ့မြင်ရပါတယ်။ နောက်တစ်ချက်က 3.5mm audio jack ပါဝင်ခြင်းပါပဲ။ ဒါ့အပြင် Samsung Galaxy A71 ဟာ USB-C Port နဲ့လည်း ဖြစ်လာဖွယ်ရှိပါတယ်။ CashKaro ကတော့ မျက်နှာပြင်ဟာ FHD 6.7-inch ဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

Geekbench ကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ Galaxy A71 ဟာ Snapdragon 675 SoC ကို အသုံးပြုလာဖွယ် ရှိပါတယ်။ Samsung ဘက်ကတော့ အခုအချိန်ထိ Galaxy A71 နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားတာ ဘာတစ်ခုမှ မရှိသေးပေမယ့် သိပ်မကြာခင်အချိန်အတွင်းမှာတော့ တရားဝင်သတင်းစကားကို စပြီးကြားရတော့မယ်လို့ ယူဆရပါတယ်။

Ref: Phone Arena