[Zawgyi]

Samsung က Galaxy A Series Smartphone အသစ္ေတြကို ဖန္တီးေနေပမယ့္ S Models ေတြေတာ့ မဟုတ္ပါဘူး။ ၂၀၂၀ ခုႏွစ္ထုတ္ A Series Smartphone ေတြရဲ႕ နာမည္ အဆံုးမွာ “1” ပါလာမွာ ျဖစ္ၿပီး စြမ္းရည္ အျမင့္ဆံုးက Galaxy A91 ျဖစ္ပါတယ္။

ဒီလ အေစာပိုင္းက Galaxy A91 မွာ 108MP Main Rear Camera ၁ လံုး ပါမယ္ဆိုတာ သိခဲ့ရပါတယ္။ ဒါ့အျပင္ 16MP Ultrawide , 12MP Telephoto (5x Optical Zoom) နဲ႔ 3D ToF Cameras  ေတြလည္း ထည့္သြင္းထားမွာျဖစ္ပါတယ္။ အခုေတာ့ Samsung က Galaxy A91 ရဲ႕ စြမ္းရည္ ၁ ခုကို ေၾကညာလိုက္ပါတယ္။ 45W Fast Charging ပါလာမွာ ျဖစ္ၿပီး Galaxy Note 10+ နဲ႔ Note 10+ 5G ေတြနဲ႔ တူညီသြားမွာ ျဖစ္ပါတယ္။

Samsung Hungary Website ကေန ဒီသတင္းထြက္လာတာ ျဖစ္ၿပီး Galaxy A90 5G ကိုလည္း အနာဂတ္မွာ ထုတ္လုပ္ေရာင္းခ်မယ္လို႔ အတည္ျပဳထားပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ သတင္းေတြထြက္ေနတာ ၾကာၿပီ ျဖစ္ၿပီး 25W Fast Charging သာ ပါလာမွာ ျဖစ္ပါတယ္။ “Tilt OIS” Tech ပါတဲ့ အေနာက္ကင္မရာ ၃ လံုး ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ A90 5G ဟာ Samsung ရဲ႕ တန္ဖိုးသက္သာတဲ့ 5G Smartphone ျဖစ္လာမွာပါ။ 5G Smartphone ျဖစ္တဲ့အတြက္ ေစ်းႀကီးမွာ ျဖစ္ၿပီး အျခား 5G Smartphone ေတြထက္ သက္သာတယ္လို႔ ေျပာတာပါ။

Samsung ဟာ Galaxy A Series ေတြမွာ နည္းပညာ အသစ္ေတြကို မိတ္ဆက္ေလ့ရွိပါတယ္။ Galaxy A80 ဟာ Notchless Infinity Display ပါတဲ့ Samsung ရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္ခဲ့ပါတယ္။ Galaxy A91 ကေတာ့ 45W Super Fast Charging ပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး စမတ္ဖုန္းေတာ့ မဟုတ္ေပမယ့္ Galaxy Note 10+ ထက္ ေစ်းသက္သာမွာပါ။

Ref : gsmarena

[Unicode]

Galaxy A91 မှာ 45W Fast Charging ပါမယ်လို့ Samsung အတည်ပြု

Samsung က Galaxy A Series Smartphone အသစ်တွေကို ဖန်တီးနေပေမယ့် S Models တွေတော့ မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်ထုတ် A Series Smartphone တွေရဲ့ နာမည် အဆုံးမှာ “1” ပါလာမှာ ဖြစ်ပြီး စွမ်းရည် အမြင့်ဆုံးက Galaxy A91 ဖြစ်ပါတယ်။

ဒီလ အစောပိုင်းက Galaxy A91 မှာ 108MP Main Rear Camera ၁ လုံး ပါမယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါ့အပြင် 16MP Ultrawide , 12MP Telephoto (5x Optical Zoom) နဲ့ 3D ToF Cameras တွေလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။ အခုတော့ Samsung က Galaxy A91 ရဲ့ စွမ်းရည် ၁ ခုကို ကြေညာလိုက်ပါတယ်။ 45W Fast Charging ပါလာမှာ ဖြစ်ပြီး Galaxy Note 10+ နဲ့ Note 10+ 5G တွေနဲ့ တူညီသွားမှာ ဖြစ်ပါတယ်။

Samsung Hungary Website ကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး Galaxy A90 5G ကိုလည်း အနာဂတ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းတွေထွက်နေတာ ကြာပြီ ဖြစ်ပြီး 25W Fast Charging သာ ပါလာမှာ ဖြစ်ပါတယ်။ “Tilt OIS” Tech ပါတဲ့ အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ A90 5G ဟာ Samsung ရဲ့ တန်ဖိုးသက်သာတဲ့ 5G Smartphone ဖြစ်လာမှာပါ။ 5G Smartphone ဖြစ်တဲ့အတွက် ဈေးကြီးမှာ ဖြစ်ပြီး အခြား 5G Smartphone တွေထက် သက်သာတယ်လို့ ပြောတာပါ။

Samsung ဟာ Galaxy A Series တွေမှာ နည်းပညာ အသစ်တွေကို မိတ်ဆက်လေ့ရှိပါတယ်။ Galaxy A80 ဟာ Notchless Infinity Display ပါတဲ့ Samsung ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ခဲ့ပါတယ်။ Galaxy A91 ကတော့ 45W Super Fast Charging ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းတော့ မဟုတ်ပေမယ့် Galaxy Note 10+ ထက် ဈေးသက်သာမှာပါ။

Ref : gsmarena