ဥရောပမှာ Samsung Galaxy Buds Live အတွက် Mystic Bronze, Mystic Black နဲ့ Mystic White ၃ ရောင် ရောင်းပေးထားပါတယ်။ အခုတော့ Mystic Blue အရောင် အသစ်ကို ချပြလိုက်ပြီး နောက် ၁ ပတ်လောက်နေရင် ရောင်းမှာပါ။ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြီးဆုံးမယ့် Samsung Week Promotions ကို ဥရောပတစ်လွှားမှာ ကျင်းပမှာပါ။ အဲဒီ ပွဲရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Mystic Blue ကို ကြေညာလိုက်တာပါ။

Galaxy Buds Live (Blue) - Price & Specs | Samsung India

Galaxy Buds Live ရဲ့ Mystic Blue အရောင်အသစ်ကို ဥရောပက နိုင်ငံ ၁၄ နိုင်ငံမှာ Samsung.com နဲ့ Samsung Experience Store တွေကနေ ရောင်းချမှာဖြစ်ပြီး ဈေးက ၁၈၉ ယူရိုက စပါတယ်။ မြန်မာငွေ ၂ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။

Samsung Galaxy Buds Live Mystic Blue variant coming to Europe next week

Galaxy Buds Live အတွက် Mystic Red အရောင်ကိုလည်း ကြေညာလိုက်ပြီး ဥရောပမှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။  Samsung ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ စမတ်ဖုန်း၊ တီဗီနဲ့ နေအိမ်သုံး ထုတ်ကုန်တွေကို Samsung Week Promotions မှာ လျှော့ဈေးတွေနဲ့ ရောင်းမယ်လို့ ကြေညာထားပေမယ့် အသေးစိတ်ကို မဖော်ပြထားသေးပါဘူး။

Samsung Galaxy Buds Live ကို ဩဂုတ်လမှာ Galaxy Note20 Series တွေနဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပဲစေ့ပုံ ဒီဇိုင်း အဆန်းကြောင့် စိတ်ဝင်စားစရာ တော်တော်ကောင်းတဲ့ နားကြပ်လေး ဖြစ်ပါတယ်။ Active Noise Cancellation ပါတဲ့ Samsung ရဲ့ ပထမဆုံး နားကြပ် အဖြစ် မှတ်တမ်းဝင်ထားတဲ့ နားကြပ်လို့ ပြောနိုင်ပါတယ်။

Ref : gsmarena