[Unicode]

Samsung ရဲ့ Galaxy Fold 2 နဲ့ပတ်သက်တဲ့ သတင်းတွေကတော့ တစ်ခါလာ တစ်မျိုးမရိုးနိုင်အောင်ပါပဲ။ အခုလည်း မျက်နှာပြင်နဲ့ပတ်သက်တဲ့သတင်း ထွက်လာပြန်ပါတယ်။ Samsung ဟာ Galaxy Fold 2 မှာ မျက်နှာပြင်အတွက် လုံးဝကို အသစ်ဖြစ်တဲ့ နည်းပညာကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား ကုမ္ပဏီကြီးဟာ အစောကတည်းက Galaxy Fold 2 အတွက် လုပ်ငန်းစဉ်တွေ စတင်ပြီးသားဖြစ်ပါတယ်။ အခုလည်း ဥရောပ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ (EUIPO) တင်ထားတဲ့ မူပိုင်ခွင့်တွေအရ Samsung ရဲ့ အစီအစဉ်ကို သိမြင်နိုင်ပြီလို့ ဆိုရမှာပါ။ နည်းပညာသစ်ကြောင့် မျက်နှာပြင်ဟာ ပိုပြီးပါးလွှာသွားပါပြီ။

Galaxy Fold 2 မှာသုံးမယ့် မျက်နှာပြင်ကို UTG display လို့နာမည်ပေးထားပါတယ်။ Ultra-Thin Glass ကို အတိုကောက် ခေါ်ဆိုတာပါ။ ဒီ UTG ဟာ အီလထရောနစ်ပစ္စည်းအမျိုးမျိုးနဲ့ မျက်နှာပြင်အမျိုးအစားအမျိုးမျိုးမှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဓိကအသုံးပြုမှုဟာ စမတ်ဖုန်းတွေမှာပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။

UTG display ရဲ့အခန်းကဏ္ဍဟာ လာမယ့်နှစ်မှာ Galaxy Fold 2 နဲ့အတူ စတင်လာဖွယ်ရှိပါတယ်။ အဓိကအားသာချက်ဖြစ်လာနိုင်တာကတော့ ပါးလွှာခြင်းနဲ့ အကြမ်းခံခြင်းပါ။ ဒါဟာ မူလ Galaxy Fold မှာ ကြုံခဲ့ရတဲ့ မျက်နှာပြင်ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ယူဆရပါတယ်။

UTG display ဟာ နည်းပညာသုံးဖန်သားပြင်ဖြစ်တဲ့အတွက် ထိခိုက်မှုကဖြစ်ပေါ်လာမယ့် ပွန်းရာ၊ ခြစ်ရာတွေကို ပိုပြီးခံနိုင်ရည်ရှိလာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာလည်း Protective layer ထပ်ပြီးအုပ်ထားဖို့ မလိုဘူးလို့ ဆိုပါတယ်။ လူရဲ့ ဆံချည်မျှင်လိုပဲ ပါးလွှာနိုင်တယ်လို့ သိရပါတယ်။ UTG display ဟာ အခုအချိန်မှာ ထုတ်လုပ်ဖို့ ခက်ခဲနေသေးတာဖြစ်ပြီး၊ ဈေးလည်းကြီးဦးမယ်လို့ သတင်းအချို့က ဖော်ပြကြပါတယ်။

Ref: GSM Arena

[Zawgyi]

Samsung Galaxy Fold 2 မွာ နည္းပညာသစ္ မ်က္ႏွာျပင္ျဖစ္တဲ့ UTG Display သုံးလာမယ္လို႔ သတင္းထြက္ေပၚ

Samsung ရဲ႕ Galaxy Fold 2 နဲ႔ပတ္သက္တဲ့ သတင္းေတြကေတာ့ တစ္ခါလာ တစ္မ်ိဳးမ႐ိုးႏိုင္ေအာင္ပါပဲ။ အခုလည္း မ်က္ႏွာျပင္နဲ႔ပတ္သက္တဲ့သတင္း ထြက္လာျပန္ပါတယ္။ Samsung ဟာ Galaxy Fold 2 မွာ မ်က္ႏွာျပင္အတြက္ လုံးဝကို အသစ္ျဖစ္တဲ့ နည္းပညာကို အသုံးျပဳသြားမယ္လို႔ ဆိုပါတယ္။

ေတာင္ကိုရီးယား ကုမၸဏီႀကီးဟာ အေစာကတည္းက Galaxy Fold 2 အတြက္ လုပ္ငန္းစဥ္ေတြ စတင္ၿပီးသားျဖစ္ပါတယ္။ အခုလည္း ဥေရာပ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးမွာ (EUIPO) တင္ထားတဲ့ မူပိုင္ခြင့္ေတြအရ Samsung ရဲ႕ အစီအစဥ္ကို သိျမင္ႏိုင္ၿပီလို႔ ဆိုရမွာပါ။ နည္းပညာသစ္ေၾကာင့္ မ်က္ႏွာျပင္ဟာ ပိုၿပီးပါးလႊာသြားပါၿပီ။

Galaxy Fold 2 မွာသုံးမယ့္ မ်က္ႏွာျပင္ကို UTG display လို႔နာမည္ေပးထားပါတယ္။ Ultra-Thin Glass ကို အတိုေကာက္ ေခၚဆိုတာပါ။ ဒီ UTG ဟာ အီလထေရာနစ္ပစၥည္းအမ်ိဳးမ်ိဳးနဲ႔ မ်က္ႏွာျပင္အမ်ိဳးအစားအမ်ိဳးမ်ိဳးမွာ အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အဓိကအသုံးျပဳမႈဟာ စမတ္ဖုန္းေတြမွာပဲ ျဖစ္မယ္လို႔ ယူဆရပါတယ္။

UTG display ရဲ႕အခန္းက႑ဟာ လာမယ့္ႏွစ္မွာ Galaxy Fold 2 နဲ႔အတူ စတင္လာဖြယ္ရွိပါတယ္။ အဓိကအားသာခ်က္ျဖစ္လာႏိုင္တာကေတာ့ ပါးလႊာျခင္းနဲ႔ အၾကမ္းခံျခင္းပါ။ ဒါဟာ မူလ Galaxy Fold မွာ ႀကဳံခဲ့ရတဲ့ မ်က္ႏွာျပင္ျပႆနာကို ေျဖရွင္းေပးႏိုင္မယ္လို႔ ယူဆရပါတယ္။

UTG display ဟာနည္းပညာသုံးဖန္သားျပင္ျဖစ္တဲ့အတြက္ ထိခိုက္မႈကျဖစ္ေပၚလာမယ့္ ပြန္းရာ၊ ျခစ္ရာေတြကို ပိုၿပီးခံႏိုင္ရည္ရွိလာမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ေပၚမွာလည္း Protective layer ထပ္ၿပီးအုပ္ထားဖို႔ မလိုဘူးလို႔ ဆိုပါတယ္။ လူရဲ႕ ဆံခ်ည္မွ်င္လိုပဲ ပါးလႊာႏိုင္တယ္လို႔ သိရပါတယ္။ UTG display ဟာ အခုအခ်ိန္မွာ ထုတ္လုပ္ဖို႔ ခက္ခဲေနေသးတာျဖစ္ၿပီး၊ ေဈးလည္းႀကီးဦးမယ္လို႔ သတင္းအခ်ိဳ႕က ေဖာ္ျပၾကပါတယ္။

Ref: GSM Arena