[Unicode]

လွန်ခဲ့တဲ့ တစ်ပါတ်ကျော်လောက်က ထွက်လာတဲ့သတင်းတစ်ခုမှာ Samsung ရဲ့ Galaxy Fold 2 ဟာ နည်းပညာသစ် မျက်နှာပြင်ဖြစ်တဲ့ UTG Display သုံးလာမယ်လို့ ဖော်ပြထားခဲ့ပါတယ်။ UTG ရဲ့ အဓိပ္ပါယ်အပြည့်အစုံက Ultra-Thin Glass ပါ။ ဒီ UTG Display ဟာ အီလက်ထရောနစ်စပစ္စည်းအမျိုးမျိုးနဲ့ မျက်နှာပြင်အမျိုးအစား အမျိုးမျိုးမှာ သုံးနိုင်တယ်လို့ သိရပါတယ်။

အခုတော့ နာမည်ကျော် Leakster ဖြစ်တဲ့ IceUniverse က Galaxy Fold 2 မှာ UTG Display သုံးထားမယ်လို့ ထပ်ပြောပြန်ပါတယ်။ သူ့ရဲ့ထုံးစံအတိုင်း ပေါက်ကြားသတင်းလေးနဲ့ တွဲပြီးပြောတာပါ။ တွဲပြီးဖော်ပြထားတာက Galaxy Fold 2 လို့ယူဆရတဲ့ ဟန်းဆက်တစ်ခုရဲ့ ပုံပါ။

ဒီပေါက်ကြားလာတဲ့ပုံအရ Galaxy Fold 2 ဟာ သိပ်မကြာခင်အချိန်အတွင်း ပလတ်စတစ်ပစ္စည်းတွေနေရာမှာ Ultra-Thin Glass ကို အစားထိုးသုံးစွဲထားတဲ့ ကမ္ဘာ့ပထမဆုံး UTG Display ဖုန်းဖြစ်လာလိမ့်မယ်လို့ IceUniverse က ဆိုထားပါတယ်။ ဒါ့အပြင် မျက်နှာပြင်ဟာ ပြန့်ပြူးပြီး တွန့်ကြောင်းတွေလည်း နည်းပါးတယ်လို့ ဆိုပါသေးတယ်။

အကယ်၍သာ UTG Display ဟာ အကြမ်းခံပြီး ပွန်းရာ၊ စင်းရာတွေကို အလွယ်တကူမဖြစ်စေနိုင်ဘူးဆိုရင်တော့ Foldable ဖုန်းတွေအတွက် သင့်တော်မှန်ကန်တဲ့ မျက်နှာပြင်လို့ပဲ ဆိုရမှာပါ။ ဒါဟာ Foldable ဖုန်းတွေရဲ့ နောက်ထပ် အဆင့်တစ်ဆင့် မြင့်တက်လာခြင်းလည်း ဖြစ်လာပါလိမ့်မယ်။

Ref: Android Authority

[Zawgyi]

Ultra-Thin Glass Display အသုံးျပဳထားတဲ့ Galaxy Fold 2 ႐ုပ္ပုံေပါက္ၾကားထြက္ေပၚလာ

လြန္ခဲ့တဲ့ တစ္ပါတ္ေက်ာ္ေလာက္က ထြက္လာတဲ့သတင္းတစ္ခုမွာ Samsung ရဲ႕ Galaxy Fold 2 ဟာ နည္းပညာသစ္ မ်က္ႏွာျပင္ျဖစ္တဲ့ UTG Display သုံးလာမယ္လို႔ ေဖာ္ျပထားခဲ့ပါတယ္။ UTG ရဲ႕ အဓိပၸါယ္အျပည့္အစုံက Ultra-Thin Glass ပါ။ ဒီ UTG Display ဟာ အီလက္ထေရာနစ္စပစၥည္းအမ်ိဳးမ်ိဳးနဲ႔ မ်က္ႏွာျပင္အမ်ိဳးအစား အမ်ိဳးမ်ိဳးမွာ သုံးႏိုင္တယ္လို႔ သိရပါတယ္။

အခုေတာ့ နာမည္ေက်ာ္ Leakster ျဖစ္တဲ့ IceUniverse က Galaxy Fold 2 မွာ UTG Display သုံးထားမယ္လို႔ ထပ္ေျပာျပန္ပါတယ္။ သူ႔ရဲ႕ထုံးစံအတိုင္း ေပါက္ၾကားသတင္းေလးနဲ႔ တြဲၿပီးေျပာတာပါ။ တြဲၿပီးေဖာ္ျပထားတာက Galaxy Fold 2 လို႔ယူဆရတဲ့ ဟန္းဆက္တစ္ခုရဲ႕ ပုံပါ။

ဒီေပါက္ၾကားလာတဲ့ပုံအရ Galaxy Fold 2 ဟာ သိပ္မၾကာခင္အခ်ိန္အတြင္း ပလတ္စတစ္ပစၥည္းေတြေနရာမွာ Ultra-Thin Glass ကို အစားထိုးသုံးစြဲထားတဲ့ ကမာၻ႔ပထမဆုံး UTG Display ဖုန္းျဖစ္လာလိမ့္မယ္လို႔ IceUniverse က ဆိုထားပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ဟာ ျပန႔္ျပဴးၿပီး တြန႔္ေၾကာင္းေတြလည္း နည္းပါးတယ္လို႔ ဆိုပါေသးတယ္။

အကယ္၍သာ UTG Display ဟာ အၾကမ္းခံၿပီး ပြန္းရာ၊ စင္းရာေတြကို အလြယ္တကူမျဖစ္ေစႏိုင္ဘူးဆိုရင္ေတာ့ Foldable ဖုန္းေတြအတြက္ သင့္ေတာ္မွန္ကန္တဲ့ မ်က္ႏွာျပင္လို႔ပဲ ဆိုရမွာပါ။ ဒါဟာ Foldable ဖုန္းေတြရဲ႕ ေနာက္ထပ္ အဆင့္တစ္ဆင့္ ျမင့္တက္လာျခင္းလည္း ျဖစ္လာပါလိမ့္မယ္။

Ref: Android Authority