Samsung Galaxy M13 5G ရဲ့ ဒီဇိုင်းကို လွန်ခဲ့တဲ့ ဧပြီလဆန်းက တွေ့မြင်ခဲ့ကြရပါတယ်။ မေလဆန်းမှာတော့ Samsung Ireland နဲ့ Samsung UK တို့ဟာ သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေမှာ Galaxy M13 support page တွေကို ဖွင့်လှစ်လိုက်တာကို တွေ့မြင်ခဲ့ကြရပါတယ်။

Samsung အနေနဲ့ Galaxy M13 ကို မကြာခင်အချိန်အတောအတွင်း တရားဝင်ကြေညာတော့မယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်အထိတော့ ဒီဖုန်းနဲ့ပတ်သက်တဲ့ တရားဝင်အချက်အလက်တွေ ထွက်ပေါ်မလာသေးပါဘူး။ ဒါပေမဲ့ Bluetooth SIG, FCC နဲ့ TUV Rheinland တို့လို နေရာတွေကနေတော့ Galaxy M13 နဲ့ပတ်သက်တဲ့ အချက်အလက် အနည်းငယ်ကို သိရှိနေရပါပြီ။

Data Base တွေအရ Galaxy M13 ကို မော်ဒယ်နံပါတ် (SM-M135F) နဲ့တွေ့မြင်ရပါတယ်။ ဖုန်းမှာ 15 W အမြန်အားသွင်းစနစ်ပါဝင်ကြောင်း အတည်ပြုနိုင်ပြီး ဒါကို EP-TA200 charger နဲ့ စမ်းသပ်ထားတာလည်း ဖြစ်ပါတယ်။ Charger ကို ဖုန်းနဲ့အတူ ဘူးထဲမှာထည့်ပေးမယ်၊ မထည့်ပေးဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ပေါက်ကြားမှုအတွအရ Galaxy M13 ဟာ ကျောဘက်မှာ 50MP အဓိကကင်မရာနဲ့ 2MP depth sensor တို့ကို ပူးတွဲတပ်ဆင်ထားကြောင်း သိရပြီးဖြစ်ပါတယ်။ Bluetooth SIG အရ ဖုန်းမှာ Bluetooth 5.0 ပါဝင်ကြောင်းလည်း သိရပြီးဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ 6.5-inch IPS LCD ဖြစ်ပြီး HD+ resolution နဲ့ Infinity-V notch လည်း ပါဝင်တယ်လို့ သတင်းထွက်ထားပါတယ်။

Galaxy M13 မှာ entry-level processor ပဲ အသုံးပြုလာမယ်လို့ယုံကြည်ရပြီး ဘက်ထရီကတော့ 5,000mAh ပမာဏ ထောက်ပံ့လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: sammobile