[Zawgyi]

အခုဆိုရင္ Samsung က တန္ဖိုးသင့္ စမတ္ဖုန္းတိုက္ပြဲထဲကို ဝင္ေရာက္တိုက္ခိုက္ဖို႔အတြက္ ေနာက္ထပ္ စစ္သည္ေတာ္တစ္ဦးကို ေစလႊတ္ဖို႔ ျပင္ဆင္ေနပါၿပီ။ အဲ့ဒီစစ္သည္ေတာ္ကေတာ့ မၾကာေသးခင္ကမွ အိႏၵိယေစ်းကြက္ထဲကို ဝင္ေရာက္ထားၿပီး ကင္မရာစြမ္းေဆာင္ရည္ ေကာင္းမြန္မႈနဲ႔ ေစ်းႏႈန္းသက္သာမႈမ်ားေၾကာင့္ နာမည္ေကာင္းရေနတဲ့ Galaxy M10 နဲ႔ M20 တို႔ရဲ႕ ေနာင္ေတာ္ႀကီး Galaxy M30 ပဲ ျဖစ္ပါတယ္။

Galaxy M30 နဲ႔ ပတ္သတ္ၿပီး လြန္ခဲ့တဲ့ လေတြတုန္းက ေကာလဟလသတင္းတခ်ိဴ႕ ထြက္ေပၚခဲ့ဖူးေပမယ့္ ဒီတေခါက္ ထြက္ေပၚလာတဲ့ သတင္းေလာက္ အခ်က္အလက္ ျပည့္စုံမႈ မရွိပါဘူး။ ဒါေပမယ့္လည္း အခ်က္အလက္ေတြက Sudhanshu Ambhore ဆိုတဲ့ တြစ္တာအေကာင့္ကေန တစ္ဆင့္ ထြက္ေပၚခဲ့တာ ျဖစ္တဲ့အတြက္ မ်က္စိ ၂လုံး စုံမွိတ္ၿပီး ယုံစားလို႔လည္း မရျပန္ပါဘူး။ မည္သို႔ပင္ ဆိုေစကာမူ အခ်က္အလက္ေတြက အရမ္းနီးစပ္ၿပီး ယုတၱိရွိတာေၾကာင့္ အျပည့္အဝမဟုတ္ေတာင္ အနည္းငယ္ေတာ့ ယုံစားလို႔ ရမယ္ ထင္ပါတယ္။

Sudhanshu Ambhore ရဲ႕ ေဖာ္ျပခ်က္မ်ားအရ Samsung Galaxy M30 မွာ Processor အပိုင္းအတြက္ Exynos 7904 SoC ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ RAM အေနနဲ႔ 4GB ပါဝင္ႏိုင္ၿပီး Memory Storage ကို အနည္းဆုံး 64GB ထည့္သြင္းထားႏိုင္ပါတယ္။ ၆.၃၈လက္မ မ်က္မွာျပင္ အက်ယ္ရွိ Display ကိုအသုံးျပဳထားႏိုင္ၿပီး Resolution ကေတာ့ 1080 x 2220 pixels ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

Galaxy M30 မွာ Triple Camera Setup တပ္ဆင္ထားတယ္ဆိုတဲ့ အေၾကာင္းကို အားလုံးသိၿပီးသား ျဖစ္ေပမယ့္ Camera Sensor ေတြရဲ႕ အခ်က္အလက္ကိုေတာ့ တိတိက်က် မသိၾကေသးပါဘူး။ အခုေတာ့ Sudhanshu ရဲ႕ ေက်းဇူးေၾကာင့္ Galaxy M30 မွာ တပ္ဆင္ထားႏိုင္ဖြယ္ရွိတဲ့ Camera Sensor ေတြရဲ႕ အခ်က္အလက္ေတြကို သိရွိခြင့္ ရခဲ့ပါၿပီ။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 13MP (f/1.9) + 5MP (f/2.2) + 5MP (f/2.2) Camera ေတြကို ေပါင္းစပ္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ Infinity-V Notch ထဲမွာေတာ့ 16MP (f/2.0) Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Power အပိုင္းအတြက္ ေနာက္ျပန္လွည့္ၾကည့္စရာ မလိုတဲ့ 5000mAh ဘက္ထရီႀကီးနဲ႔အတူ ေဘာ္ဒီကို အေရာင္ေျပးဒီဇိုင္းေလး ျခယ္သထားေၾကာင္းကိုလည္း ေဖာ္ျပထားပါေသးတယ္။

ဒီေလာက္ဆိုရင္ေတာ့ Samsung Galaxy M30 မွာ ပါဝင္လာႏိုင္ဖြယ္ရွိတဲ့ Specifications ေတာ္ေတာ္မ်ားမ်ားကို သိရွိၿပီး ျဖစ္ပါလိမ့္မယ္။ ေနာက္ဆုံးက်န္ရွိေနတဲ့ စိတ္ဝင္စားစရာ အေကာင္းဆုံးေသာ အရာကေတာ့ ေစ်းႏႈန္းပဲ ျဖစ္ပါတယ္။ ေစ်းႏႈန္းကိုေတာ့ Samsung ဘက္က တရားဝင္ မိတ္ဆက္လာမယ့္ အခ်ိန္ကို ေစာင့္ဆိုင္းရမွာျဖစ္ၿပီး Galaxy M10 နဲ႔ M20 တို႔လိုမ်ိဴး ေစ်းႏႈန္း ေဂၚ၊ မေဂၚကို ေစာင့္ၾကည့္ရမွာပါ။

Ref : Gizmochina

[Unicode]

Galaxy M10 နဲ့ M20 တို့ရဲ့ နောင်တော်ကြီး Galaxy M30 မှာ ပါဝင်လာနိုင်တဲ့ Specifications များ

အခုဆိုရင် Samsung က တန်ဖိုးသင့် စမတ်ဖုန်းတိုက်ပွဲထဲကို ဝင်ရောက်တိုက်ခိုက်ဖို့အတွက် နောက်ထပ် စစ်သည်တော်တစ်ဦးကို စေလွှတ်ဖို့ ပြင်ဆင်နေပါပြီ။ အဲ့ဒီစစ်သည်တော်ကတော့ မကြာသေးခင်ကမှ အိန္ဒိယစျေးကွက်ထဲကို ဝင်ရောက်ထားပြီး ကင်မရာစွမ်းဆောင်ရည် ကောင်းမွန်မှုနဲ့ စျေးနှုန်းသက်သာမှုများကြောင့် နာမည်ကောင်းရနေတဲ့ Galaxy M10 နဲ့ M20 တို့ရဲ့ နောင်တော်ကြီး Galaxy M30 ပဲ ဖြစ်ပါတယ်။

Galaxy M30 နဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ လတွေတုန်းက ကောလဟလသတင်းတချိူ့ ထွက်ပေါ်ခဲ့ဖူးပေမယ့် ဒီတခေါက် ထွက်ပေါ်လာတဲ့ သတင်းလောက် အချက်အလက် ပြည့်စုံမှု မရှိပါဘူး။ ဒါပေမယ့်လည်း အချက်အလက်တွေက Sudhanshu Ambhore ဆိုတဲ့ တွစ်တာအကောင့်ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့တာ ဖြစ်တဲ့အတွက် မျက်စိ ၂လုံး စုံမှိတ်ပြီး ယုံစားလို့လည်း မရပြန်ပါဘူး။ မည်သို့ပင် ဆိုစေကာမူ အချက်အလက်တွေက အရမ်းနီးစပ်ပြီး ယုတ္တိရှိတာကြောင့် အပြည့်အဝမဟုတ်တောင် အနည်းငယ်တော့ ယုံစားလို့ ရမယ် ထင်ပါတယ်။

Sudhanshu Ambhore ရဲ့ ဖော်ပြချက်များအရ Samsung Galaxy M30 မှာ Processor အပိုင်းအတွက် Exynos 7904 SoC ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ RAM အနေနဲ့ 4GB ပါဝင်နိုင်ပြီး Memory Storage ကို အနည်းဆုံး 64GB ထည့်သွင်းထားနိုင်ပါတယ်။ ၆.၃၈လက်မ မျက်မှာပြင် အကျယ်ရှိ Display ကိုအသုံးပြုထားနိုင်ပြီး Resolution ကတော့ 1080 x 2220 pixels ရှိကြောင်း ဖော်ပြထားပါတယ်။

Galaxy M30 မှာ Triple Camera Setup တပ်ဆင်ထားတယ်ဆိုတဲ့ အကြောင်းကို အားလုံးသိပြီးသား ဖြစ်ပေမယ့် Camera Sensor တွေရဲ့ အချက်အလက်ကိုတော့ တိတိကျကျ မသိကြသေးပါဘူး။ အခုတော့ Sudhanshu ရဲ့ ကျေးဇူးကြောင့် Galaxy M30 မှာ တပ်ဆင်ထားနိုင်ဖွယ်ရှိတဲ့ Camera Sensor တွေရဲ့ အချက်အလက်တွေကို သိရှိခွင့် ရခဲ့ပါပြီ။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 13MP (f/1.9) + 5MP (f/2.2) + 5MP (f/2.2) Camera တွေကို ပေါင်းစပ်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင် Infinity-V Notch ထဲမှာတော့ 16MP (f/2.0) Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Power အပိုင်းအတွက် နောက်ပြန်လှည့်ကြည့်စရာ မလိုတဲ့ 5000mAh ဘက်ထရီကြီးနဲ့အတူ ဘော်ဒီကို အရောင်ပြေးဒီဇိုင်းလေး ခြယ်သထားကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

ဒီလောက်ဆိုရင်တော့ Samsung Galaxy M30 မှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Specifications တော်တော်များများကို သိရှိပြီး ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးကျန်ရှိနေတဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးသော အရာကတော့ စျေးနှုန်းပဲ ဖြစ်ပါတယ်။ စျေးနှုန်းကိုတော့ Samsung ဘက်က တရားဝင် မိတ်ဆက်လာမယ့် အချိန်ကို စောင့်ဆိုင်းရမှာဖြစ်ပြီး Galaxy M10 နဲ့ M20 တို့လိုမျိူး စျေးနှုန်း ဂေါ်၊ မဂေါ်ကို စောင့်ကြည့်ရမှာပါ။

Ref : Gizmochina