Galaxy M33 5G ဟာ Samsung ရဲ့ Mid-range ထုတ်ကုန်သစ်တွေထဲက တစ်ခုဖြစ်လာမှာပါ။ Galaxy M33 နဲ့ ပတ်သက်တဲ့ သတင်းအချို့ကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ထွက်ပေါ်ခဲ့ဖူးတာပါ။ အဲဒီတုန်းက Samsung Galaxy M33 5G ဟာ Exynos 1200 နဲ့ဖြစ်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

အခုတော့ Galaxy M33 5G ကို Bluetooth SIG မှာ Certification ရလာတာကိုလည်း တွေ့မြင်ရပါပြီ။ Geekbench စာရင်းအရ Exynos 1200 ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးတဲ့နောက် ဒါဟာ ဒုတိယမြောက် အတည်ပြုနိုင်တဲ့ အထောက်အထားပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ဒီ Mid-range စမတ်ဖုန်းဟာ Bluetooth SIG ဝက်ဘ်ဆိုက်မှာ မော်ဒယ်နံပါတ် SM-M336B, SM-M336B_DS (DS=dual SIM) နဲ့ Certified ရထားတာလည်း ဖြစ်ပါတယ်။ နောက်ထပ်သိနိုင်တာက ဒီစမတ်ဖုန်းဟာ Bluetooth 5.1 စံနှုန်းကို ပံ့ပိုးပေးမယ်ဆိုတာပါပဲ။

အခုအချိန်အထိသိထားရသလောက်တော့ Galaxy M33 5G ဟာ သူ့ရှေ့ကမျိုးဆက်ဖြစ်တဲ့ Galaxy M32 5G ထက် အဆင့်မြှင့်တင်မှုအတော်များများကို သယ်ဆောင်လာမယ်ဆိုတာပါပဲ။ Geekbench အရဆိုရင်တော့ 6GB of RAM နဲ့ Android 12 ဖြစ်ပြီး အခြားအချက်အလက်တွေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကောလာဟလတွေအရဆိုရင် တော့ Galaxy M33 5G ဟာ 6.5-inch Full HD+ resolution မျက်နှာပြင် နဲ့ဖြစ်ပြီး ဘက်ထရီပမာဏက 5,830mAh လို့ သိရပါတယ်။ ကျောဘက်မှာ 64MP အဓိကကင်မရာနဲ့အတူ 8MP, 5MP, 2MP ကင်မရာတွေ တပ်ဆင်ထားပါမယ်။ Selfie ကင်မရာကတော့ 13MP ဖြစ်မယ်လို့ ဆိုပါတယ်။

Ref: SAMMOBILE