[Zawgyi]

Samsung အေနနဲ႔ Galaxy M40 ကို အိႏၵိယႏိုင္ငံမွာ တရားဝင္ မိတ္ဆက္သြားၿပီ ျဖစ္ပါတယ္။ Galaxy M40 မွာ တျခားေသာ Galaxy M စီးရီးေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ Snapdragon SoC နဲ႔ Punch-hole (Infinity-O) Display ေတြကို အသုံးျပဳထားၿပီး Flagship Feature တစ္ခ်ိဴ႕ ပါဝင္လာတာ ျဖစ္ပါတယ္။

Galaxy M40 ရဲ႕ Processor အပိုင္းအတြက္ Snapdragon 675 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းထားမွာပါ။ Display အပိုင္းအတြက္ Super AMOLED Display ကို အသုံးျပဳ မထားဘဲ LCD Display ကိုသာ အသုံးျပဳထားပါတယ္။ Display Size က ၆.၃လက္မရွိၿပီး Display Resolution ကေတာ့ 1080 x 2340 pixels ပါဝင္ပါတယ္။

ေက်ာဘက္မွာ 32MP Main Camera ကို 8MP Ultra-wide + 5MP Depth Sensor ေတြနဲ႔ တြဲဖက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ Punch-hole ထဲမွာေတာ့ 16MP Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားပါတယ္။ Punch-hole Display ျဖစ္သြားတဲ့အတြက္ စမတ္ဖုန္းထိပ္မွာ Earpiece Sensor ( ဖုန္းေျပာတဲ့အခါမွာ အသုံးျပဳေသာ စပီကာ ) တပ္ဖို႔ ေနရာလုံလုံေလာက္ေလာက္မရွိေတာ့တာေၾကာင့္ အဲ့ဒီအစား Flagship စမတ္ဖုန္းေတြမွာသာ ျမင္ေတြ႕ရေလ့ရွိတဲ့ Screen Sound Technology ( Display ထဲကေန အသံထြက္ေပၚလာေသာ စနစ္ ) ကို အသုံးျပဳထားပါတယ္။ ဒါ့အျပင္ Dolby Atmos ေထာက္ခံခ်က္ရရွိထားတဲ့ Speaker လည္း ပါဝင္ဦးမွာပါ။

ဘက္ထရီသိုေလွာင္မႈ ပမာဏ 3500mAh ထည့္သြင္းေပးထားၿပီး USB Type – C ကေန တစ္ဆင့္ 15W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ စိတ္မေကာင္းစြာပဲ 3.5mm Headphone Jack ကိုေတာ့ ျဖဳတ္ခ်လိုက္ပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားတဲ့အျပင္ Face Unlock ကိုလည္း အသုံးျပဳႏိုင္ပါတယ္။

Samsung Galaxy M40 ကို အေရာင္ေတြအေနနဲ႔ Sweater Blue နဲ႔ Midnight Blue ဆိုၿပီး အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၁၉,၉၉၀ ႐ူပီး ( ျမန္မာေငြ ၄၄၀,၀၀၀ က်ပ္ ဝန္းက်င္ ) က်သင့္မွာပါ။

Ref : Gizmochina

[Unicode]

Infinity-O Display အသုံးပြု Samsung Galaxy M40 ကို တရားဝင် မိတ်ဆက်သွားပြီ

Samsung အနေနဲ့ Galaxy M40 ကို အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။ Galaxy M40 မှာ တခြားသော Galaxy M စီးရီးတွေနဲ့ မတူတဲ့အချက်ကတော့ Snapdragon SoC နဲ့ Punch-hole (Infinity-O) Display တွေကို အသုံးပြုထားပြီး Flagship Feature တစ်ချိူ့ ပါဝင်လာတာ ဖြစ်ပါတယ်။

Galaxy M40 ရဲ့ Processor အပိုင်းအတွက် Snapdragon 675 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 128GB ထည့်သွင်းထားမှာပါ။ Display အပိုင်းအတွက် Super AMOLED Display ကို အသုံးပြု မထားဘဲ LCD Display ကိုသာ အသုံးပြုထားပါတယ်။ Display Size က ၆.၃လက်မရှိပြီး Display Resolution ကတော့ 1080 x 2340 pixels ပါဝင်ပါတယ်။

ကျောဘက်မှာ 32MP Main Camera ကို 8MP Ultra-wide + 5MP Depth Sensor တွေနဲ့ တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင် Punch-hole ထဲမှာတော့ 16MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားပါတယ်။ Punch-hole Display ဖြစ်သွားတဲ့အတွက် စမတ်ဖုန်းထိပ်မှာ Earpiece Sensor ( ဖုန်းပြောတဲ့အခါမှာ အသုံးပြုသော စပီကာ ) တပ်ဖို့ နေရာလုံလုံလောက်လောက်မရှိတော့တာကြောင့် အဲ့ဒီအစား Flagship စမတ်ဖုန်းတွေမှာသာ မြင်တွေ့ရလေ့ရှိတဲ့ Screen Sound Technology ( Display ထဲကနေ အသံထွက်ပေါ်လာသော စနစ် ) ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Dolby Atmos ထောက်ခံချက်ရရှိထားတဲ့ Speaker လည်း ပါဝင်ဦးမှာပါ။

ဘက်ထရီသိုလှောင်မှု ပမာဏ 3500mAh ထည့်သွင်းပေးထားပြီး USB Type – C ကနေ တစ်ဆင့် 15W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စိတ်မကောင်းစွာပဲ 3.5mm Headphone Jack ကိုတော့ ဖြုတ်ချလိုက်ပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားတဲ့အပြင် Face Unlock ကိုလည်း အသုံးပြုနိုင်ပါတယ်။

Samsung Galaxy M40 ကို အရောင်တွေအနေနဲ့ Sweater Blue နဲ့ Midnight Blue ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ အိန္ဒိယငွေ ၁၉,၉၉၀ ရူပီး ( မြန်မာငွေ ၄၄၀,၀၀၀ ကျပ် ဝန်းကျင် ) ကျသင့်မှာပါ။

Ref : Gizmochina