[Zawgyi]

၂၀၁၉ ခုႏွစ္မွာ Samsung ဟာ သူ႔ရဲ႕စမတ္ဖုန္းေတြကို ေဈးႏႈန္းသက္သာတဲ့ အမ်ိဳးအစားေတြပါ ထုတ္လုပ္လာတာကို ေတြ႕ျမင္ရမွာပါ။ ဥပမာအားျဖင့္ Galaxy S10 series မွာ Galaxy S10, S10 Plus ေတြအျပင္ Galaxy S10e ကိုလည္း ထုတ္လုပ္ခဲ့ေသးတာပါ။

Galaxy S10e ကေတာ့ ေဝဖန္သုံးသပ္မႈအေတာ္မ်ားမ်ားမွာ အေပါင္းလကၡဏာေဆာင္တဲ့ မွတ္ခ်က္ေတြကို ရခဲ့ပါတယ္။ ဒါဟာ Samsung ရဲ႕ မဟာဗ်ဴဟာသစ္ ေအာင္ျမင္မႈရႏိုင္တယ္ဆိုတဲ့ အခ်က္ကို ျပသေနသလိုပါပဲ။ အခုလည္း Samsung ဟာ Note 10 ကို Note 10e အမ်ိဳးအစားပါ ထပ္ၿပီး ထုတ္လုပ္မယ္ဆိုတဲ့ သတင္းထြက္ေပၚလာပါတယ္။

ထုံးစံအတိုင္းပါပဲ။ Note 10e အမ်ိဳးအစားက မူရင္း Note 10 ထက္ ေဈးသက္သာမွာျဖစ္တဲ့အတြက္ မ်က္ႏွာျပင္အပါအဝင္ စမတ္ဖုန္းရဲ႕အ႐ြယ္အစားလည္း အနည္းငယ္ေသးငယ္သြားမွာျဖစ္သလို ေဈးႏႈန္းလည္း ေလ်ာ့နည္းသြားမွာ ျဖစ္ပါတယ္။ လက္ရွိထြက္ေပၚထားတဲ့ ေကာလာဟလသတင္းေတြအရ Note 10 ဟာ 6.7-inch ျဖစ္ႏိုင္ၿပီး Note 10e ကေတာ့ 6.4-inch ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

Samsung Galaxy Note 10 ေတာင္ ၂၀၁၉ ဒုတိယႏွစ္ဝက္ ေလာက္မွမိတ္ဆက္မွာျဖစ္တဲ့အတြက္ Note 10e နဲ႔ပတ္သက္တဲ့သတင္းက သိပ္ၿပီးခိုင္ခိုင္မာမာ ရွိတယ္မဟုတ္ေပမယ့္ ျဖစ္ႏိုင္ေျခလည္း အမ်ားႀကီးရွိတယ္လို႔ သတ္မွတ္ရမွာပါ။ အကယ္၍ ထြက္လာရင္လည္း Bezel ခပ္ထူထူ၊ သာမန္ Fingerprint scanner စတာေတြေလာက္ပဲ ေမွ်ာ္လင့္ရမယ္လို႔ ယူဆရပါတယ္။

ေဈးႏႈန္းပိုင္းဆိုရင္ေတာ့ Galaxy S10e နဲ႔ မတိမ္းမယိမ္း ျဖစ္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရမွာပါ။ Galaxy S10e ဟာ S10 ထက္ ေဒၚလာ ၁၅၀ ေလာက္ သက္သာသလိုပဲ Note 10e ကလည္း Note 10 နဲ႔ ေဒၚလာ ၁၅၀ ဝန္းက်င္ေလာက္ေတာ့ ကြာဟမႈ ရွိႏိုင္ပါတယ္။ Note 9 ရဲ႕ ေဈးႏႈန္းကို မူတည္ၿပီး ခန႔္မွန္းရမယ္ဆိုရင္ Note 10e ရဲ႕ ေဈးႏႈန္းဟာ ေဒၚလာ ၈၅၀ ဝန္းက်င္ေလာက္ ျဖစ္မယ္လို႔ ဆိုရမွာပါ။

Ref: Forbes

[Unicode]

Note 10e လည်း ထုတ်လုပ်ဖွယ်ရှိတဲ့ Samsung

၂၀၁၉ ခုနှစ်မှာ Samsung ဟာ သူ့ရဲ့စမတ်ဖုန်းတွေကို ဈေးနှုန်းသက်သာတဲ့ အမျိုးအစားတွေပါ ထုတ်လုပ်လာတာကို တွေ့မြင်ရမှာပါ။ ဥပမာအားဖြင့် Galaxy S10 series မှာ Galaxy S10, S10 Plus တွေအပြင် Galaxy S10e ကိုလည်း ထုတ်လုပ်ခဲ့သေးတာပါ။

Galaxy S10e ကတော့ ဝေဖန်သုံးသပ်မှုအတော်များများမှာ အပေါင်းလက္ခဏာဆောင်တဲ့ မှတ်ချက်တွေကို ရခဲ့ပါတယ်။ ဒါဟာ Samsung ရဲ့ မဟာဗျူဟာသစ် အောင်မြင်မှုရနိုင်တယ်ဆိုတဲ့ အချက်ကို ပြသနေသလိုပါပဲ။ အခုလည်း Samsung ဟာ Note 10 ကို Note 10e အမျိုးအစားပါ ထပ်ပြီး ထုတ်လုပ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

ထုံးစံအတိုင်းပါပဲ။ Note 10e အမျိုးအစားက မူရင်း Note 10 ထက် ဈေးသက်သာမှာဖြစ်တဲ့အတွက် မျက်နှာပြင်အပါအဝင် စမတ်ဖုန်းရဲ့အရွယ်အစားလည်း အနည်းငယ်သေးငယ်သွားမှာဖြစ်သလို ဈေးနှုန်းလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်ထားတဲ့ ကောလာဟလသတင်းတွေအရ Note 10 ဟာ 6.7-inch ဖြစ်နိုင်ပြီး Note 10e ကတော့ 6.4-inch ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Samsung Galaxy Note 10 တောင် ၂၀၁၉ ဒုတိယနှစ်ဝက် လောက်မှမိတ်ဆက်မှာဖြစ်တဲ့အတွက် Note 10e နဲ့ပတ်သက်တဲ့သတင်းက သိပ်ပြီးခိုင်ခိုင်မာမာ ရှိတယ်မဟုတ်ပေမယ့် ဖြစ်နိုင်ခြေလည်း အများကြီးရှိတယ်လို့ သတ်မှတ်ရမှာပါ။ အကယ်၍ ထွက်လာရင်လည်း Bezel ခပ်ထူထူ၊ သာမန် Fingerprint scanner စတာတွေလောက်ပဲ မျှော်လင့်ရမယ်လို့ ယူဆရပါတယ်။

ဈေးနှုန်းပိုင်းဆိုရင်တော့ Galaxy S10e နဲ့ မတိမ်းမယိမ်း ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရမှာပါ။ Galaxy S10e ဟာ S10 ထက် ဒေါ်လာ ၁၅၀ လောက် သက်သာသလိုပဲ Note 10e ကလည်း Note 10 နဲ့ ဒေါ်လာ ၁၅၀ ဝန်းကျင်လောက်တော့ ကွာဟမှု ရှိနိုင်ပါတယ်။ Note 9 ရဲ့ ဈေးနှုန်းကို မူတည်ပြီး ခန့်မှန်းရမယ်ဆိုရင် Note 10e ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၈၅၀ ဝန်းကျင်လောက် ဖြစ်မယ်လို့ ဆိုရမှာပါ။

Ref: Forbes