[Zawgyi]

Samsung ရဲ႕ Galaxy Note10 နဲ႔ ပတ္သက္တဲ့ Render ေတြကေတာ့ အေတာ္ေလးကို မ်ားျပားေနခဲ့ပါၿပီ။ အခုေနာက္ဆုံးထြက္လာတဲ့ Render ကေတာ့ Samsung ရဲ႕ တရားဝင္ Case နဲ႔ Cover ေတြပဲ ျဖစ္ပါတယ္။ WinFuture ကတစ္ဆင့္ ေပါက္ၾကားလာတဲ့ Render ေတြဟာ Galaxy Note10 ရဲ႕ အေရာင္ႏွစ္မ်ိဳးကို ျပသေနတာလည္း ျဖစ္ပါတယ္။

ကနဦးေပါက္ၾကားမႈမွာေတာ့ Galaxy Note10 နဲ႔ Note10+ တို႔ဟာ Black, White နဲ႔ Pearl Gradient အေရာင္သုံးမ်ိဳး ျဖစ္ေၾကာင္း ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္ အခုထပ္ထြက္လာတဲ့ Render က Galaxy Note10 ဟာ Aura Red နဲ႔ Aura Blue အေရာင္ႏွစ္မ်ိဳးလည္း ရွိေသးေၾကာင္း ေဖာ္ျပေနပါတယ္။

လက္ရွိေပါက္ၾကားမႈေတြထဲမွာ LED Cover လည္း ပါဝင္ေနတာကို ေတြ႕ျမင္ရပါတယ္။ ေက်ာဘက္မွာ ၾကယ္ပြင့္ေလးေတြလို ေတာက္ပတဲ့ Pattern ေတြပါဝင္တာေၾကာင့္ ဖုန္းေခၚဆိုမႈဝင္လာတဲ့အခ်ိန္နဲ႔ Notifications ရွိေနတဲ့အခ်ိန္ေတြမွာ မွိတ္တုတ္မွိတ္တုတ္နဲ႔ ျဖစ္ေနမယ္လို႔ သိရပါတယ္။

View Cover ကေတာ့ အေရွ႕ဘက္မွာ ၾကည္လင္တဲ့ ပလတ္စတစ္ဧရိယာ ထားရွိၿပီး မ်က္ႏွာျပင္တစ္စိတ္တစ္ပိုင္းကို ျမင္ေတြ႕ေနႏိုင္မွာပဲ ျဖစ္ပါတယ္။ အျခား Case ေတြအျဖစ္ ဆီလီကြန္နဲ႔၊ သားေရ Case ေတြလည္း ေတြ႕ရွိရပါတယ္။ Samsung Galaxy Note10 ေတြကို တရားဝင္ မိတ္ဆက္မယ့္ရက္က တစ္ပတ္ေတာင္မလိုေတာ့တာေၾကာင့္ တရားဝင္ အခ်က္အလက္အျပည့္အစုံကို မၾကာခင္ သိရေတာ့မွာလည္း ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Galaxy Note10 ကို Aura Red နဲ့ Aura Blue နှစ်ရောင်လည်း တွေ့မြင်ရနိုင်

Samsung ရဲ့ Galaxy Note10 နဲ့ ပတ်သက်တဲ့ Render တွေကတော့ အတော်လေးကို များပြားနေခဲ့ပါပြီ။ အခုနောက်ဆုံးထွက်လာတဲ့ Render ကတော့ Samsung ရဲ့ တရားဝင် Case နဲ့ Cover တွေပဲ ဖြစ်ပါတယ်။ WinFuture ကတစ်ဆင့် ပေါက်ကြားလာတဲ့ Render တွေဟာ Galaxy Note10 ရဲ့ အရောင်နှစ်မျိုးကို ပြသနေတာလည်း ဖြစ်ပါတယ်။

ကနဦးပေါက်ကြားမှုမှာတော့ Galaxy Note10 နဲ့ Note10+ တို့ဟာ Black, White နဲ့ Pearl Gradient အရောင်သုံးမျိုး ဖြစ်ကြောင်း တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အခုထပ်ထွက်လာတဲ့ Render က Galaxy Note10 ဟာ Aura Red နဲ့ Aura Blue အရောင်နှစ်မျိုးလည်း ရှိသေးကြောင်း ဖော်ပြနေပါတယ်။

လက်ရှိပေါက်ကြားမှုတွေထဲမှာ LED Cover လည်း ပါဝင်နေတာကို တွေ့မြင်ရပါတယ်။ ကျောဘက်မှာ ကြယ်ပွင့်လေးတွေလို တောက်ပတဲ့ Pattern တွေပါဝင်တာကြောင့် ဖုန်းခေါ်ဆိုမှုဝင်လာတဲ့အချိန်နဲ့ Notifications ရှိနေတဲ့အချိန်တွေမှာ မှိတ်တုတ်မှိတ်တုတ်နဲ့ ဖြစ်နေမယ်လို့ သိရပါတယ်။

View Cover ကတော့ အရှေ့ဘက်မှာ ကြည်လင်တဲ့ ပလတ်စတစ်ဧရိယာ ထားရှိပြီး မျက်နှာပြင်တစ်စိတ်တစ်ပိုင်းကို မြင်တွေ့နေနိုင်မှာပဲ ဖြစ်ပါတယ်။ အခြား Case တွေအဖြစ် ဆီလီကွန်နဲ့၊ သားရေ Case တွေလည်း တွေ့ရှိရပါတယ်။ Samsung Galaxy Note10 တွေကို တရားဝင် မိတ်ဆက်မယ့်ရက်က တစ်ပတ်တောင်မလိုတော့တာကြောင့် တရားဝင် အချက်အလက်အပြည့်အစုံကို မကြာခင် သိရတော့မှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena