[Zawgyi]

Samsung အေနနဲ႔ ဒီတစ္ေခါက္မွာေတာ့ မ်ိဴးဆက္သစ္ Galaxy Note စမတ္ဖုန္းကို ခါတိုင္းႏွစ္ေတြနဲ႔ မတူဘဲ Galaxy Note 10 / Note 10 Pro ဆိုၿပီး ၂မ်ိဴး ၂စား မိတ္ဆက္မယ္လို႔ သတင္းထြက္ေပၚထားတာ ရွိပါတယ္။ မ်ိဴးဆက္သစ္ Galaxy Note စမတ္ဖုန္းေတြနဲ႔ ပတ္သက္ၿပီး ဒီေန႔ ထပ္မံၾကားသိလိုက္ရတဲ့ သတင္းကေတာ့ Pro ေမာ္ဒယ္မွာ ထည့္သြင္းတပ္ဆင္ထားမယ့္ ဘက္ထရီ ပမာဏျဖစ္ပါတယ္။

Samsung အမွတ္တံဆိပ္ပါတဲ့ 4500mAh ဘက္ထရီႀကီးရဲ႕ ဓာတ္ပုံဟာ အြန္လိုင္းေပၚကို ေရာက္ရွိလာခဲ့ပါတယ္။ ထူးျခားတာက အဆိုပါ ဘက္ထရီမွာ ေရးထိုးထားတဲ့ ဘက္ထရီရဲ႕ ေမာ္ဒယ္နံပါတ္က EB-BN975ABU ျဖစ္ေနတာပါ။ ဘက္ထရီ ေမာ္ဒယ္နံပါတ္မွာပါတဲ့ N975 ဆိုတာ Galaxy Note 10 Pro ရဲ႕ ေမာ္ဒယ္နံပါတ္ျဖစ္လာမယ့္ SM-N975 ကို ရည္ၫႊန္းေျပာဆိုလိုတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီသတင္းသာ မွန္ကန္တယ္ဆိုရင္ Galaxy Note 10 Pro ဟာ မႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Galaxy Note 9 ထက္ 500mAh ပိုမ်ားတဲ့ ဘက္ထရီနဲ႔ ပြဲထြက္လာမွာ ျဖစ္ပါတယ္။

Samsung အေနနဲ႔ သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြမွာ ပိုမိုႀကီးမားတဲ့ ဘက္ထရီေတြကို စတင္အသုံးျပဳလာပါၿပီ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက မိတ္ဆက္ခဲ့တဲ့ ၆.၇လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Galaxy S10 5G မွာလည္း 4500mAh ဘက္ထရီႀကီးကို အသုံးျပဳထားပါတယ္။ ဒါ့ေၾကာင့္ 5G Network ေထာက္ပံ့ေပးထားၿပီး Display Size ႀကီးႀကီးနဲ႔ ပြဲထြက္လာႏိုင္တဲ့ Galaxy Note 10 Pro မွာလည္း 4500mAh ဘက္ထရီကို အသုံးျပဳထားႏိုင္တယ္ဆိုတာ မယုံၾကည္ႏိုင္စရာ အေၾကာင္းအရင္းေတာ့ မရွိပါဘူး။

Ref : GsmArena

[Unicode]

4500mAh ဘက်ထရီကြီးနဲ့ ပွဲထွက်လာနိုင်တဲ့ Samsung Galaxy Note 10 Pro

Samsung အနေနဲ့ ဒီတစ်ခေါက်မှာတော့ မျိူးဆက်သစ် Galaxy Note စမတ်ဖုန်းကို ခါတိုင်းနှစ်တွေနဲ့ မတူဘဲ Galaxy Note 10 / Note 10 Pro ဆိုပြီး ၂မျိူး ၂စား မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ထားတာ ရှိပါတယ်။ မျိူးဆက်သစ် Galaxy Note စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး ဒီနေ့ ထပ်မံကြားသိလိုက်ရတဲ့ သတင်းကတော့ Pro မော်ဒယ်မှာ ထည့်သွင်းတပ်ဆင်ထားမယ့် ဘက်ထရီ ပမာဏဖြစ်ပါတယ်။

Samsung အမှတ်တံဆိပ်ပါတဲ့ 4500mAh ဘက်ထရီကြီးရဲ့ ဓာတ်ပုံဟာ အွန်လိုင်းပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ထူးခြားတာက အဆိုပါ ဘက်ထရီမှာ ရေးထိုးထားတဲ့ ဘက်ထရီရဲ့ မော်ဒယ်နံပါတ်က EB-BN975ABU ဖြစ်နေတာပါ။ ဘက်ထရီ မော်ဒယ်နံပါတ်မှာပါတဲ့ N975 ဆိုတာ Galaxy Note 10 Pro ရဲ့ မော်ဒယ်နံပါတ်ဖြစ်လာမယ့် SM-N975 ကို ရည်ညွှန်းပြောဆိုလိုတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသတင်းသာ မှန်ကန်တယ်ဆိုရင် Galaxy Note 10 Pro ဟာ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Galaxy Note 9 ထက် 500mAh ပိုများတဲ့ ဘက်ထရီနဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

Samsung အနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေမှာ ပိုမိုကြီးမားတဲ့ ဘက်ထရီတွေကို စတင်အသုံးပြုလာပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ခဲ့တဲ့ ၆.၇လက်မ မျက်နှာပြင် အကျယ်ရှိ Galaxy S10 5G မှာလည်း 4500mAh ဘက်ထရီကြီးကို အသုံးပြုထားပါတယ်။ ဒါ့ကြောင့် 5G Network ထောက်ပံ့ပေးထားပြီး Display Size ကြီးကြီးနဲ့ ပွဲထွက်လာနိုင်တဲ့ Galaxy Note 10 Pro မှာလည်း 4500mAh ဘက်ထရီကို အသုံးပြုထားနိုင်တယ်ဆိုတာ မယုံကြည်နိုင်စရာ အကြောင်းအရင်းတော့ မရှိပါဘူး။

Ref : GsmArena