Zawgyi

Speed Test ျပဳလုပ္ရာမွာ iPhone XS Max ကို က်ရႈံးခဲ့တဲ့ Galaxy Note 9 ဟာ Battery Test မွာေတာ့ iPhone XS Max ကို ျပန္လည္ အႏိုင္ယူလိုက္ၿပီ ျဖစ္ပါတယ္။ ထိပ္တန္း Flagship စမတ္ဖုန္း ၂လုံး ျဖစ္တဲ့ iPhone XS Max နဲ႔ Galaxy Note 9 တို႔ရဲ႕ ဘက္ထရီ သက္တမ္း ႏႈိင္းယွဥ္ျခင္းကို PhoneBuff ကေန ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

iPhone XS Max နဲ႔ Galaxy Note 9 တို႔ရဲ႕ Battery Comparison Test အတြက္ PhoneBuff ရဲ႕ YouTuber က Robotic Arm-based System ကို အသုံးျပဳခဲ့တာ ျဖစ္ၿပီး၊ Speed Comparison Test မွာလည္း အဆိုပါ နည္းပညာကိုပဲ အသုံးျပဳခဲ့တာပါ။

Galaxy Note 9 မွာပါတဲ့ 4000mAh ဘက္ထရီက iPhone XS Max ရဲ႕ 3174mAh ဘက္ထရီထက္ ၂၀% ခန္႔ ပိုႀကီးပါတယ္။ ဒါေပမယ့္လည္း iPhone XS Max မွာ ဘက္ထရီ အားစား (Power Consumption) ပိုသက္သာေစမယ့္ 7nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ A12 Bionic Chip ကိုအသုံးျပဳထားပါတယ္။ Galaxy Note 9 မွာေတာ့ 10nm Architecture နဲ႔တည္ေဆာက္ထားတဲ့ Snapdragon 845 SoC/ Exynos 9810 SoC ေတြကိုပဲ အသုံးျပဳထားတာပါ။

ဘက္ထရီ သက္တမ္းႏႈိင္းယွဥ္ စမ္းသပ္ျခင္းကို ေန႔စဥ္ လုပ္ေဆာင္ခ်က္ေတြျဖစ္တဲ့ Phone Call, Texting, Gaming, Browsing Social Media, Watching Video စတဲ့ အေၾကာင္းအရာေတြနဲ႔ စမ္းသပ္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ ပထမဦးစြာ တစ္နာရီ ဖုန္းေခၚဆိုမႈ ျပဳလုပ္တဲ့အခါမွာ iPhone XS Max က 3% ေလာက္သာ ေလ်ာ့ၿပီး Galaxy Note 9 ကေတာ့ 5% ေလ်ာ့သြားတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း တျခား စမ္းသပ္ခ်က္ေတြျပဳလုပ္တဲ့အခါမွာေတာ့ iPhone XS Max က Galaxy Note 9 ကို က်ရႈံးခဲ့ၿပီး၊ iPhone XS Max ဘက္ထရီ လုံးဝမရွိေတာ့တဲ့ အခ်ိန္မွာ Galaxy Note 9 ကေတာ့ 37% အထိ က်န္ရွိေနဆဲ ျဖစ္ပါတယ္။

PhoneBuff က ျပဳလုပ္ထားတဲ့ iPhone XS Max နဲ႔ Galaxy Note 9 Battery Comparison Test အျပည့္အစုံကို ေအာက္ပါ ဗီဒီယိုမွာ ၾကည့္ရႈ႕ႏိုင္ပါတယ္။

Ref: 9to5Mac

Unicode

Galaxy Note 9 လောက် ဘက်ထရီ မခံတဲ့ iPhone XS Max

Speed Test ပြုလုပ်ရာမှာ iPhone XS Max ကို ကျရှုံးခဲ့တဲ့ Galaxy Note 9 ဟာ Battery Test မှာတော့ iPhone XS Max ကို ပြန်လည် အနိုင်ယူလိုက်ပြီ ဖြစ်ပါတယ်။ ထိပ်တန်း Flagship စမတ်ဖုန်း ၂လုံး ဖြစ်တဲ့ iPhone XS Max နဲ့ Galaxy Note 9 တို့ရဲ့ ဘက်ထရီ သက်တမ်း နှိုင်းယှဥ်ခြင်းကို PhoneBuff ကနေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

iPhone XS Max နဲ့ Galaxy Note 9 တို့ရဲ့ Battery Comparison Test အတွက် PhoneBuff ရဲ့ YouTuber က Robotic Arm-based System ကို အသုံးပြုခဲ့တာ ဖြစ်ပြီး၊ Speed Comparison Test မှာလည်း အဆိုပါ နည်းပညာကိုပဲ အသုံးပြုခဲ့တာပါ။

Galaxy Note 9 မှာပါတဲ့ 4000mAh ဘက်ထရီက iPhone XS Max ရဲ့ 3174mAh ဘက်ထရီထက် ၂၀% ခန့် ပိုကြီးပါတယ်။ ဒါပေမယ့်လည်း iPhone XS Max မှာ ဘက်ထရီ အားစား (Power Consumption) ပိုသက်သာစေမယ့် 7nm Architecture နဲ့ တည်ဆောက်ထားတဲ့ A12 Bionic Chip ကိုအသုံးပြုထားပါတယ်။ Galaxy Note 9 မှာတော့ 10nm Architecture နဲ့တည်ဆောက်ထားတဲ့ Snapdragon 845 SoC/ Exynos 9810 SoC တွေကိုပဲ အသုံးပြုထားတာပါ။

ဘက်ထရီ သက်တမ်းနှိုင်းယှဥ် စမ်းသပ်ခြင်းကို နေ့စဥ် လုပ်ဆောင်ချက်တွေဖြစ်တဲ့ Phone Call, Texting, Gaming, Browsing Social Media, Watching Video စတဲ့ အကြောင်းအရာတွေနဲ့ စမ်းသပ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ပထမဦးစွာ တစ်နာရီ ဖုန်းခေါ်ဆိုမှု ပြုလုပ်တဲ့အခါမှာ iPhone XS Max က 3% လောက်သာ လျော့ပြီး Galaxy Note 9 ကတော့ 5% လျော့သွားတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း တခြား စမ်းသပ်ချက်တွေပြုလုပ်တဲ့အခါမှာတော့ iPhone XS Max က Galaxy Note 9 ကို ကျရှုံးခဲ့ပြီး၊ iPhone XS Max ဘက်ထရီ လုံးဝမရှိတော့တဲ့ အချိန်မှာ Galaxy Note 9 ကတော့ 37% အထိ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

PhoneBuff က ပြုလုပ်ထားတဲ့ iPhone XS Max နဲ့ Galaxy Note 9 Battery Comparison Test အပြည့်အစုံကို အောက်ပါ ဗီဒီယိုမှာ ကြည့်ရှု့နိုင်ပါတယ်။

Ref: 9to5Mac