[Zawgyi]

ေတာင္ကိုရီးယားႏိုင္ငံက Samsung Galaxy S10 5G ပိုင္ရွင္တစ္ေယာက္ဟာ သူ႔ရဲ႕ စမတ္ဖုန္း မီးေလာင္ကြၽမ္းထားတဲ့ ဓာတ္ပုံေတြကို ထုတ္ေဖာ္ျပသလာပါတယ္။ ထုတ္ေဖာ္ျပသခဲ့တဲ့ ဓာတ္ပုံေတြအရဆိုရင္ ဆိုးဆိုး႐ြား႐ြားကို ေလာင္ကြၽမ္းထားတာ ျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၀၁၆ခုႏွစ္တုန္းက ျဖစ္ပြားခဲ့တဲ့ Galaxy Note 7 မီးေလာင္ေပါက္ကြဲမႈေတြကို သြားၿပီး အမွတ္ရေစပါတယ္။

“ ေညႇာ္နံ႔စရတဲ့ အခ်ိန္မွာ က်ဴပ္ရဲ႕ ဖုန္းက စားပြဲေပၚမွာ ရွိေနခဲ့တာပါ။ ၿပီးေတာ့…သိပ္မၾကာပါဘူး မီးခိုးလုံးေတြ ထလာပါတယ္ ” ဆိုၿပီး မီးေလာင္ကြၽမ္းသြားတဲ့ Galaxy S10 5G ရဲ႕ ပိုင္ရွင္ျဖစ္သူ Lee က AFP သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ Lee က “ က်ဴပ္…အဲ့ဒီဖုန္းကို ၾကမ္းျပင္ေပၚခ်ဖို႔အတြက္ ထိၾကည့္တဲ့အခါမွာ ဖုန္းက ေတာ္ေတာ္ေလးကို ပူေနပါၿပီ။ ေနာက္ၿပီး…ဖုန္းအတြင္းက ပစၥည္းေတြလည္း အကုန္ေလာင္ကြၽမ္းသြားပါတယ္ “ ဆိုၿပီး ထပ္မံျဖည့္စြက္ ေျပာၾကားခဲ့ပါတယ္။

အခုလိုမ်ိဴး မီးေလာင္ကြၽမ္းမႈဟာ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာကို အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ Galaxy S10 5G က 4500mAh ဘက္ထရီႀကီးကို အရင္တုန္းက Galaxy စမတ္ဖုန္းေတြမွာ မေတြ႕ခဲ့ဖူးတဲ့ 25W အျမန္အားသြင္းစနစ္နဲ႔ ေထာက္ပံ့ေပးထားတယ္ဆိုတာကိုေတာ့ သတိခ်ပ္စရာ ရွိပါတယ္။ မည္သို႔ပင္ ဆိုေစကာမူ Samsung ဘက္ကေတာ့ မီးေလာင္ကြၽမ္းခံရတဲ့ စမတ္ဖုန္းအတြက္ Lee ကို ေငြျပန္အမ္းဖို႔ ျငင္းဆိုလိုက္ပါတယ္။ ဒါ့အျပင္ Samsung က အခုလိုမ်ိဴး ေလာင္ကြၽမ္းတာဟာ ျပင္ပသက္ေရာက္မႈ တစ္ခုခုေၾကာင့္သာျဖစ္ၿပီး အတြင္းပိုင္းျပႆနာေၾကာင့္ မဟုတ္ေၾကာင္း AFP သတင္းဌာနကို ေျပာၾကားလိုက္ပါတယ္။

Ref : BGR

[Unicode]

မီးလောင်ကျွမ်းသွားတဲ့ Galaxy S10 5G အတွက် ငွေပြန်အမ်းဖို့ ငြင်းဆိုလိုက်တဲ့ Samsung

တောင်ကိုရီးယားနိုင်ငံက Samsung Galaxy S10 5G ပိုင်ရှင်တစ်ယောက်ဟာ သူ့ရဲ့ စမတ်ဖုန်း မီးလောင်ကျွမ်းထားတဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသလာပါတယ်။ ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံတွေအရဆိုရင် ဆိုးဆိုးရွားရွားကို လောင်ကျွမ်းထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Galaxy Note 7 မီးလောင်ပေါက်ကွဲမှုတွေကို သွားပြီး အမှတ်ရစေပါတယ်။

“ ညှော်နံ့စရတဲ့ အချိန်မှာ ကျူပ်ရဲ့ ဖုန်းက စားပွဲပေါ်မှာ ရှိနေခဲ့တာပါ။ ပြီးတော့…သိပ်မကြာပါဘူး မီးခိုးလုံးတွေ ထလာပါတယ် ” ဆိုပြီး မီးလောင်ကျွမ်းသွားတဲ့ Galaxy S10 5G ရဲ့ ပိုင်ရှင်ဖြစ်သူ Lee က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Lee က “ ကျူပ်…အဲ့ဒီဖုန်းကို ကြမ်းပြင်ပေါ်ချဖို့အတွက် ထိကြည့်တဲ့အခါမှာ ဖုန်းက တော်တော်လေးကို ပူနေပါပြီ။ နောက်ပြီး…ဖုန်းအတွင်းက ပစ္စည်းတွေလည်း အကုန်လောင်ကျွမ်းသွားပါတယ် “ ဆိုပြီး ထပ်မံဖြည့်စွက် ပြောကြားခဲ့ပါတယ်။

အခုလိုမျိူး မီးလောင်ကျွမ်းမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် Galaxy S10 5G က 4500mAh ဘက်ထရီကြီးကို အရင်တုန်းက Galaxy စမတ်ဖုန်းတွေမှာ မတွေ့ခဲ့ဖူးတဲ့ 25W အမြန်အားသွင်းစနစ်နဲ့ ထောက်ပံ့ပေးထားတယ်ဆိုတာကိုတော့ သတိချပ်စရာ ရှိပါတယ်။ မည်သို့ပင် ဆိုစေကာမူ Samsung ဘက်ကတော့ မီးလောင်ကျွမ်းခံရတဲ့ စမတ်ဖုန်းအတွက် Lee ကို ငွေပြန်အမ်းဖို့ ငြင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် Samsung က အခုလိုမျိူး လောင်ကျွမ်းတာဟာ ပြင်ပသက်ရောက်မှု တစ်ခုခုကြောင့်သာဖြစ်ပြီး အတွင်းပိုင်းပြဿနာကြောင့် မဟုတ်ကြောင်း AFP သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

Ref : BGR