[Zawgyi]

Samsung Electronics Co., Ltd. မွ ထုတ္လုပ္ေရာင္းခ်လိုက္သည့္ Galaxy S10 5G ဖုန္း ၏ အေနာက္ဘက္ႏွင့္ ေရွ႕ဘက္ Selfie ကင္မရာႏွစ္မ်ိဳးစလုံးသည္ DxOMark ၏ camera Ranking တြင္ နံပါတ္တစ္ေနရာ ရရွိခဲ့ေၾကာင္း သတင္းထုတ္ျပန္ေၾကညာလိုက္သည္။ DxOMark သည္ မိုဘိုင္းဖုန္းမ်ား၏ ကင္မရာႏွင့္ ပုံအရည္အေသြးမ်ားကို သီးျခားဆန္းစစ္ေပးေနေသာ ယုံၾကည္ရသည့္ စံႏႈန္းတစ္ခုအျဖစ္ နာမည္ေက်ာ္ၾကားသည္။ DxOMark သည္ တိက်ခိုင္မာေသာ စမ္းသပ္မႈစံခ်ိန္စံၫႊန္းမ်ားကိုအသုံးျပဳ၍ သုံးစြဲသူမ်ားအတြက္ စမတ္ဖုန္း ကင္မရာမ်ား၏ စြမ္းေဆာင္ရည္နင့္ အရည္အေသြးကို ဘက္လိုက္မႈမရွိဘဲ ယုံၾကည္စိတ္ခ်ရေသာ အဆင့္သတ္မွတ္ခ်က္မ်ား ထုတ္ျပန္ေပးေနျခင္းျဖစ္သည္။

Galaxy S10 5G ၏ အေနာက္ဘက္ ကင္မရာသည္ ဓာတ္ပုံႏွင့္ ဗီဒီယို စြမ္းေဆာင္ရည္ႏွစ္ခုစလုံးအတြက္ DxOMark Mobile scale တြင္ နံပါတ္တစ္ေနရာကို ဓါတ္ပုံပိုင္းတြင္ ၁၁၇ မွတ္ ႏွင့္ ဗီဒီယိုပိုင္းတြင္ ၁၀၀ မွတ္၊ စုစုေပါင္း ၁၁၂ မွတ္ ရရွိခဲ့သည္။ ထို႔အျပင္ ဗီဒီယို႐ိုက္ကူးမႈတြင္ Bar အေရအတြက္ ၁၀၀ ကို ရရွိခဲ့ေသာ ပထမဆုံး ဖုန္းတစ္လုံးလည္း ျဖစ္လာခဲ့သည္။ DxOMark ၏ စမ္းသပ္ခ်က္တြင္ Galaxy S10 5G ဖုန္း၏ အေနာက္ဘက္ ကင္မရာသည္ ျမန္ဆန္တိက်ၿပီး အလိုအေလ်ာက္ ခ်ိန္ညႇိေပးသည့္ Autofocus ႏွင့္ မည္သည့္အေျခအေနတြင္မဆို အဆင့္ျမင့္စြာအအေသးစိတ္က်ၿပီး အေရာင္မွန္ကန္႐ုံသာမက အလင္းေရာင္ေကာင္းေသာ ဓာတ္ပုံေကာင္းမ်ား ရရွိေအာင္ ႐ိုက္ကူးေပးႏိုင္ေၾကာင္း အသိအမွတ္ျပဳခဲ့သည္။

Galaxy S10 5G သည္ DxOMark ၏ Selfie ranking တြင္လည္း အေရွ႕ကင္မရာအတြက္ ဓါတ္ပုံပိုင္းဆိုင္ရာတြင္ ၁၀၁ မွတ္ ႏွင့္ ဗီဒီယိုပိုင္းဆိုင္ရာတြင္ ၇၀ မွတ္၊ စုစုေပါင္း အမွတ္၁၁၂ မွတ္ျဖင့္ ပထမေနရာကို ရရွိခဲ့သည္။ Galaxy S10 5G ၏ ကင္မရာအရည္အေသြးကို သိရွိႏိုင္ရန္အတြက္ DxOMark သည္ အလင္းအေမွာင္ခ်ိန္ညႇိမႈ၊ အေရာင္အရည္အေသြး၊ အလိုအေလ်ာက္ ခ်ိန္ညႇိမႈစနစ္၊ Texture၊ Noise၊ Flash၊ Artifacts၊ Zoom ႏွင့္ Bokeh တို႔ကို အလင္းေရာင္အားနည္းခ်ိန္၊ အခန္းတြင္းရွိခ်ိန္ႏွင့္ အလင္းေရာင္ေတာက္ပေသာအခ်ိန္မ်ားတြင္ စမ္းသပ္ခဲ့သည္။

Galaxy S10 5G တြင္ ပညာရွင္အဆင့္အသုံးျပဳႏိုင္ေသာ ကင္မရာ မ်ားႏွင့္ တပ္ဆင္ထားၿပီး အေရွ႕ဘက္တြင္ ႏွစ္ခုႏွင့္ အေနာက္ဘက္တြင္ ေလးခု စုစုေပါင္း ကင္မရာ ေျခာက္ခု ပါဝင္သည္။ အေရွ႕ဘက္ရွိ Dual Pixel AF Selfie ကင္မရာသည္ selfie ဓာတ္ပုံ႐ိုက္ကူးမႈကို ေနာက္ထက္အဆင့္တစ္ခုထိ ေခၚေဆာင္သြားႏိုင္သည္။ အေနာက္ဘက္ကင္မရာတြင္ပါဝင္ေသာ Samsung ၏ ပိုမိုႀကီးမားက်ယ္ျပန႔္ေသာ ျမင္ကြင္းက်ယ္ ကင္မရာမွန္ဘီလူးျဖစ္သည့္ Ultra Wide Lens သည္လည္း ရင္သပ္ရႈေမာဖြယ္ပုံရိပ္မ်ားမ်ားကို မွတ္တမ္းတင္႐ိုက္ကူးရာတြင္အလြန္ အသုံးဝင္ေစမည္ျဖစ္သည္။ Galaxy S10 5G သည္ စမတ္ဖုန္းကင္မရာကို Neural Processing Unit (NPU) ျဖင့္ သိသိသာသာ အဆင့္ျမင့္လာေစၿပီး 3D Depth Camera ျဖင့္ ၿပီးျပည့္စုံေသာ ႐ိုက္ခ်က္မ်ား ရရွိေစသည္။ အဆိုပါ NPU သည္ Quick Measure ျဖင့္ အရာဝတၳဳမ်ားအား တိုင္းတာထားသည့္ Bokeh Effects ပါဝင္ေသာ Live Focus Video အား ပိုမိုပီျပင္ေအာင္ ႐ိုက္ကူးႏိုင္ေစမည္ျဖစ္သည္။ ထိုသို႔႐ိုက္ကူးႏိုင္ရန္အတြက္ အလင္း Signal တစ္ခုမွ အရာဝတၳဳမ်ားအား ထိေတြ႕ရာတြင္ ၾကာေသာ အခ်ိန္မ်ားအား တိုင္းတာေပးႏိုင္သည့္ အေသးစိတ္အခ်က္အလက္မ်ား အား ေဖာ္ျပေပးႏိုင္မည္ ျဖစ္သည္။

DxOMark Selfie ႏွင့္ DxOMark Mobile စမ္းသပ္ခ်က္မ်ားအေၾကာင္း ပိုမိုသိရွိလိုပါက https://www.dxomark.com/ တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

[Unicode]

Samsung Galaxy S10 5G ရဲ့ အနောက်ဘက်နဲ့ ရှေ့ဘက် Selfie ကင်မရာများ DxOMark မှာ နံပါတ် ၁ နေရာ ရရှိ

Samsung Electronics Co., Ltd. မှ ထုတ်လုပ်ရောင်းချလိုက်သည့် Galaxy S10 5G ဖုန်း ၏ အနောက်ဘက်နှင့် ရှေ့ဘက် Selfie ကင်မရာနှစ်မျိုးစလုံးသည် DxOMark ၏ camera Ranking တွင် နံပါတ်တစ်နေရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ DxOMark သည် မိုဘိုင်းဖုန်းများ၏ ကင်မရာနှင့် ပုံအရည်အသွေးများကို သီးခြားဆန်းစစ်ပေးနေသော ယုံကြည်ရသည့် စံနှုန်းတစ်ခုအဖြစ် နာမည်ကျော်ကြားသည်။ DxOMark သည် တိကျခိုင်မာသော စမ်းသပ်မှုစံချိန်စံညွှန်းများကိုအသုံးပြု၍ သုံးစွဲသူများအတွက် စမတ်ဖုန်း ကင်မရာများ၏ စွမ်းဆောင်ရည်နင့် အရည်အသွေးကို ဘက်လိုက်မှုမရှိဘဲ ယုံကြည်စိတ်ချရသော အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

Galaxy S10 5G ၏ အနောက်ဘက် ကင်မရာသည် ဓာတ်ပုံနှင့် ဗီဒီယို စွမ်းဆောင်ရည်နှစ်ခုစလုံးအတွက် DxOMark Mobile scale တွင် နံပါတ်တစ်နေရာကို ဓါတ်ပုံပိုင်းတွင် ၁၁၇ မှတ် နှင့် ဗီဒီယိုပိုင်းတွင် ၁၀၀ မှတ်၊ စုစုပေါင်း ၁၁၂ မှတ် ရရှိခဲ့သည်။ ထို့အပြင် ဗီဒီယိုရိုက်ကူးမှုတွင် Bar အရေအတွက် ၁၀၀ ကို ရရှိခဲ့သော ပထမဆုံး ဖုန်းတစ်လုံးလည်း ဖြစ်လာခဲ့သည်။ DxOMark ၏ စမ်းသပ်ချက်တွင် Galaxy S10 5G ဖုန်း၏ အနောက်ဘက် ကင်မရာသည် မြန်ဆန်တိကျပြီး အလိုအလျောက် ချိန်ညှိပေးသည့် Autofocus နှင့် မည်သည့်အခြေအနေတွင်မဆို အဆင့်မြင့်စွာအအသေးစိတ်ကျပြီး အရောင်မှန်ကန်ရုံသာမက အလင်းရောင်ကောင်းသော ဓာတ်ပုံကောင်းများ ရရှိအောင် ရိုက်ကူးပေးနိုင်ကြောင်း အသိအမှတ်ပြုခဲ့သည်။

Galaxy S10 5G သည် DxOMark ၏ Selfie ranking တွင်လည်း အရှေ့ကင်မရာအတွက် ဓါတ်ပုံပိုင်းဆိုင်ရာတွင် ၁၀၁ မှတ် နှင့် ဗီဒီယိုပိုင်းဆိုင်ရာတွင် ၇၀ မှတ်၊ စုစုပေါင်း အမှတ်၁၁၂ မှတ်ဖြင့် ပထမနေရာကို ရရှိခဲ့သည်။ Galaxy S10 5G ၏ ကင်မရာအရည်အသွေးကို သိရှိနိုင်ရန်အတွက် DxOMark သည် အလင်းအမှောင်ချိန်ညှိမှု၊ အရောင်အရည်အသွေး၊ အလိုအလျောက် ချိန်ညှိမှုစနစ်၊ Texture၊ Noise၊ Flash၊ Artifacts၊ Zoom နှင့် Bokeh တို့ကို အလင်းရောင်အားနည်းချိန်၊ အခန်းတွင်းရှိချိန်နှင့် အလင်းရောင်တောက်ပသောအချိန်များတွင် စမ်းသပ်ခဲ့သည်။

Galaxy S10 5G တွင် ပညာရှင်အဆင့်အသုံးပြုနိုင်သော ကင်မရာ များနှင့် တပ်ဆင်ထားပြီး အရှေ့ဘက်တွင် နှစ်ခုနှင့် အနောက်ဘက်တွင် လေးခု စုစုပေါင်း ကင်မရာ ခြောက်ခု ပါဝင်သည်။ အရှေ့ဘက်ရှိ Dual Pixel AF Selfie ကင်မရာသည် selfie ဓာတ်ပုံရိုက်ကူးမှုကို နောက်ထက်အဆင့်တစ်ခုထိ ခေါ်ဆောင်သွားနိုင်သည်။ အနောက်ဘက်ကင်မရာတွင်ပါဝင်သော Samsung ၏ ပိုမိုကြီးမားကျယ်ပြန့်သော မြင်ကွင်းကျယ် ကင်မရာမှန်ဘီလူးဖြစ်သည့် Ultra Wide Lens သည်လည်း ရင်သပ်ရှုမောဖွယ်ပုံရိပ်များများကို မှတ်တမ်းတင်ရိုက်ကူးရာတွင်အလွန် အသုံးဝင်စေမည်ဖြစ်သည်။ Galaxy S10 5G သည် စမတ်ဖုန်းကင်မရာကို Neural Processing Unit (NPU) ဖြင့် သိသိသာသာ အဆင့်မြင့်လာစေပြီး 3D Depth Camera ဖြင့် ပြီးပြည့်စုံသော ရိုက်ချက်များ ရရှိစေသည်။ အဆိုပါ NPU သည် Quick Measure ဖြင့် အရာဝတ္ထုများအား တိုင်းတာထားသည့် Bokeh Effects ပါဝင်သော Live Focus Video အား ပိုမိုပီပြင်အောင် ရိုက်ကူးနိုင်စေမည်ဖြစ်သည်။ ထိုသို့ရိုက်ကူးနိုင်ရန်အတွက် အလင်း Signal တစ်ခုမှ အရာဝတ္ထုများအား ထိတွေ့ရာတွင် ကြာသော အချိန်များအား တိုင်းတာပေးနိုင်သည့် အသေးစိတ်အချက်အလက်များ အား ဖော်ပြပေးနိုင်မည် ဖြစ်သည်။

DxOMark Selfie နှင့် DxOMark Mobile စမ်းသပ်ချက်များအကြောင်း ပိုမိုသိရှိလိုပါက https://www.dxomark.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။