[Zawgyi]

ကမာၻမွာ ေတာင္ကိုရီးယားဟာ 5G ဆက္သြယ္မႈရတဲ့ ပထမဆံုး ႏိုင္ငံအျဖစ္ စံခ်ိန္တင္ထားပါတယ္။ အဲဒီမွာ ဆမ္ေဆာင္းရဲ႕ ပထမဆံုး 5G Smartphone ျဖစ္တဲ့ Galaxy S10 5G ကို ေရာင္းခ်ေပးထားပါတယ္။ ဆမ္ေဆာင္းရဲ႕ မိခင္ႏိုင္ငံ ေတာင္ကိုရီးယားကေန ထြက္ေပၚလာတဲ့ သတင္းအရ ဆမ္ေဆာင္းဟာ Galaxy S10 5G မ်ားကို ေတာင္ကိုရီးယားမွာ အလံုးေရ ၁ သန္းေက်ာ္ ေရာင္းခ်ထားႏိုင္ၿပီလို႔ သိရပါတယ္။

ဆမ္ေဆာင္းက ေတာင္ကိုရီးယားမွာ ဧၿပီလ ၅ ရက္တြင္ Galaxy S10 5G ကို စတင္ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ စတင္ ေရာင္းခ်ေပးခဲ့တဲ့ ေန႔ကေန ရက္ေပါင္း ၈၀ အတြင္း အလံုးေရ ၁ သန္း ေရာင္းခ်ႏိုင္ခဲ့တာပါ။ သူဟာ ေတာင္ကိုရီးယားမွာ Galaxy S10 Series မ်ားထဲမွာ လူႀကိဳက္မ်ားေနပါတယ္။

ေတာင္ကိုရီးယားရဲ႕ မိုဘိုင္း နယ္ပယ္မွ သတင္းအရင္းအျမစ္မ်ားစြာက ပ်မ္းမွ်အားျဖင့္ တစ္ရက္ကို Galaxy S10 5G အလံုးေရ ၁၅ ၀၀၀ ေရာင္းခ်ထားႏိုင္တယ္လို႔ ေျပာပါတယ္။ Carriers မ်ားဟာ 5G ၀န္ေဆာင္မႈကို ပံ့ပိုးေပးလာတဲ့အတြက္ 5G Model ကို လူေတြ ပို၀ယ္ယူေနၾကပါတယ္။ ဧၿပီလကုန္မွာ Galaxy S10 Series အားလံုး ေရာင္းအားရဲ႕ ၂၀ ရာခုိင္ႏႈန္းကို Galaxy S10 5G က ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ ဇြန္လမွာ ၈၀ ရာခိုင္ႏႈန္းအထိ တိုးတက္လာပါတယ္။

ဆမ္ေဆာင္းက 5G ဆက္သြယ္မႈ ရတဲ့ ႏိုင္ငံတိုင္းမွာ Galaxy S10 5G ကို ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ အေမရိကန္မွာ Verizon နဲ႔ Sprint တို႔ကေန ေရာင္းခ်ေပးမွာပါ။ ၾသစေၾတးလ်မွာ Telstra က ေရာင္းခ်ေပးေနပါတယ္။ Vodafone နဲ႔ EE တို႔က ၿဗိတိန္မွာ ေရာင္းခ်ေပးပါတယ္။

Ref : sammobile

[Unicode]

Galaxy S10 5G ရောင်းအား တောင်ကိုရီးယားမှာ ၁ သန်းကျော်သွားပြီ

ကမ္ဘာမှာ တောင်ကိုရီးယားဟာ 5G ဆက်သွယ်မှုရတဲ့ ပထမဆုံး နိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။ အဲဒီမှာ ဆမ်ဆောင်းရဲ့ ပထမဆုံး 5G Smartphone ဖြစ်တဲ့ Galaxy S10 5G ကို ရောင်းချပေးထားပါတယ်။ ဆမ်ဆောင်းရဲ့ မိခင်နိုင်ငံ တောင်ကိုရီးယားကနေ ထွက်ပေါ်လာတဲ့ သတင်းအရ ဆမ်ဆောင်းဟာ Galaxy S10 5G များကို တောင်ကိုရီးယားမှာ အလုံးရေ ၁ သန်းကျော် ရောင်းချထားနိုင်ပြီလို့ သိရပါတယ်။


ဆမ်ဆောင်းက တောင်ကိုရီးယားမှာ ဧပြီလ ၅ ရက်တွင် Galaxy S10 5G ကို စတင် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် စတင် ရောင်းချပေးခဲ့တဲ့ နေ့ကနေ ရက်ပေါင်း ၈၀ အတွင်း အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့တာပါ။ သူဟာ တောင်ကိုရီးယားမှာ Galaxy S10 Series များထဲမှာ လူကြိုက်များနေပါတယ်။


တောင်ကိုရီးယားရဲ့ မိုဘိုင်း နယ်ပယ်မှ သတင်းအရင်းအမြစ်များစွာက ပျမ်းမျှအားဖြင့် တစ်ရက်ကို Galaxy S10 5G အလုံးရေ ၁၅ ၀၀၀ ရောင်းချထားနိုင်တယ်လို့ ပြောပါတယ်။ Carriers များဟာ 5G ဝန်ဆောင်မှုကို ပံ့ပိုးပေးလာတဲ့အတွက် 5G Model ကို လူတွေ ပိုဝယ်ယူနေကြပါတယ်။ ဧပြီလကုန်မှာ Galaxy S10 Series အားလုံး ရောင်းအားရဲ့ ၂၀ ရာခိုင်နှုန်းကို Galaxy S10 5G က ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဇွန်လမှာ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။
ဆမ်ဆောင်းက 5G ဆက်သွယ်မှု ရတဲ့ နိုင်ငံတိုင်းမှာ Galaxy S10 5G ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ Verizon နဲ့ Sprint တို့ကနေ ရောင်းချပေးမှာပါ။ သြစတြေးလျမှာ Telstra က ရောင်းချပေးနေပါတယ်။ Vodafone နဲ့ EE တို့က ဗြိတိန်မှာ ရောင်းချပေးပါတယ်။
Ref : sammobile