[Zawgyi]

Samsung ရဲ႕ Galaxy S10 နဲ႔ပတ္သက္တဲ့ သတင္းေတြကလည္း တစ္ေန႔တစ္မ်ိဳး မ႐ိုးႏိုင္ေအာင္ဆိုသလိုပါပဲ။ အခုလည္း Samsung ရဲ႕ 10th-anniversary Galaxy S10, codenamed “Beyond” ဟာ ဆိုဒ္ႀကီး၊ ပိုၿပီးႀကီးတဲ့ဆိုဒ္၊ အႀကီးဆုံးဆိုဒ္ ဆိုၿပီးလာမယ္လို႔ သတင္းထြက္ထားပါတယ္။

အထက္မွာ ေျပာခဲ့တဲ့ အ႐ြယ္အစားသုံးမ်ိဳးအျပင္ကိုမွ Codenamed “Beyond X” ဆိုၿပီး ပိုႀကီးတဲ့ ပုံစံနဲ႔ ထြက္လာဦးမယ္လို႔ သတင္းၾကားရပါတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားက 6.7-inch ျဖစ္႐ုံသာမက ကင္မရာ ၆ လုံးတပ္ဆင္ထားၿပီး 5G နည္းပညာလည္း ပါဝင္လာမယ္လို႔ ဆိုပါတယ္။ 5G က “Beyond” သုံးမ်ိဳးထဲက တစ္မ်ိဳးမွာ ပါမယ္လို႔ အေစာပိုင္းက သတင္းထြက္ထားဖူးပါေသးတယ္။

Wall Street Journal ရဲ႕ အေျပာအရ ကင္မရာ ၆လုံးမွာ ၄ လုံးက ေက်ာဘက္မွာျဖစ္ၿပီး က်န္တဲ့ႏွစ္လုံးက အေရွ႕ဘက္မွာ ျဖစ္မယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Zoom option ေတြလည္း ပိုမ်ား၊ ပိုေကာင္းလာႏိုင္သလို ေနာက္ခံ ျမင္ကြင္းေတြအတြက္ ပိုေကာင္းတဲ့ အခ်က္အလက္စုေဆာင္းမႈေတြ ရယူႏိုင္တဲ့ (Portrait ႐ိုက္လို႔ပိုေကာင္းတဲ့) အမ်ိဳးအစား ျဖစ္လာႏိုင္တယ္လို႔လည္း သိရပါတယ္။

မူလထြက္ေပၚထားတဲ့သတင္းေတြမွာေတာ့ Galaxy S10 မွာက Budget model လည္းပါဝင္မယ္လို႔ သိခဲ့ရပါတယ္။ အနည္းဆုံးေတာ့ S10 model တစ္မ်ိဳးက In-display fingerprint sensor နဲ႔ “Punch-hole” Selfie camera ပါဝင္မွာျဖစ္ၿပီး ေဖာ္ေဖာ္ဝါရီလရဲ႕ Mobile World Congress မွာ စတင္ျဖန႔္ျဖဴးမယ္လို႔ ယူဆရပါတယ္။ ဒီေနာက္မွာေတာ့ တစ္လျခားၿပီး မတ္လမွာ Galaxy X foldable phone ကို ျဖန႔္ျဖဴးမယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။

ဒီသတင္းအတိုင္းဆိုရင္ေတာ့ Samsung အေနနဲ႔ သူ႔ရဲ႕ ကနဦး 5G နည္းပညာ ေတြကို Beyond X ထဲမွာ ထည့္သြင္းၿပီး ေျခလွမ္းေတြစတင္ဖြယ္ရွိတယ္လို႔ ယူဆထားရမွာ ျဖစ္ပါတယ္။ 5G ကြန္ရက္ေတြကလည္း ၂၀၁၉ မွာ အစပ်ိဳးလာၾကမွာ ျဖစ္တာေၾကာင့္ ဒီသတင္းက တကယ္ပဲ အမွန္ျဖစ္သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။
(႐ုပ္ပုံမ်ားသည္ နမူနာမ်ားသာျဖစ္၍ အစစ္အမွန္မ်ား မဟုတ္ၾကပါ)

Ref: Cnet

 

[Unicode]

Samsung ရဲ့ Galaxy S10 နဲ့ပတ်သက်တဲ့ သတင်းတွေကလည်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ဆိုသလိုပါပဲ။ အခုလည်း Samsung ရဲ့ 10th-anniversary Galaxy S10, codenamed “Beyond” ဟာ ဆိုဒ်ကြီး၊ ပိုပြီးကြီးတဲ့ဆိုဒ်၊ အကြီးဆုံးဆိုဒ် ဆိုပြီးလာမယ်လို့ သတင်းထွက်ထားပါတယ်။

အထက်မှာ ပြောခဲ့တဲ့ အရွယ်အစားသုံးမျိုးအပြင်ကိုမှ Codenamed “Beyond X” ဆိုပြီး ပိုကြီးတဲ့ ပုံစံနဲ့ ထွက်လာဦးမယ်လို့ သတင်းကြားရပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.7-inch ဖြစ်ရုံသာမက ကင်မရာ ၆ လုံးတပ်ဆင်ထားပြီး 5G နည်းပညာလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ 5G က “Beyond” သုံးမျိုးထဲက တစ်မျိုးမှာ ပါမယ်လို့ အစောပိုင်းက သတင်းထွက်ထားဖူးပါသေးတယ်။

Wall Street Journal ရဲ့ အပြောအရ ကင်မရာ ၆လုံးမှာ ၄ လုံးက ကျောဘက်မှာဖြစ်ပြီး ကျန်တဲ့နှစ်လုံးက အရှေ့ဘက်မှာ ဖြစ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Zoom option တွေလည်း ပိုများ၊ ပိုကောင်းလာနိုင်သလို နောက်ခံ မြင်ကွင်းတွေအတွက် ပိုကောင်းတဲ့ အချက်အလက်စုဆောင်းမှုတွေ ရယူနိုင်တဲ့ (Portrait ရိုက်လို့ပိုကောင်းတဲ့) အမျိုးအစား ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

မူလထွက်ပေါ်ထားတဲ့သတင်းတွေမှာတော့ Galaxy S10 မှာက Budget model လည်းပါဝင်မယ်လို့ သိခဲ့ရပါတယ်။ အနည်းဆုံးတော့ S10 model တစ်မျိုးက In-display fingerprint sensor နဲ့ “Punch-hole” Selfie camera ပါဝင်မှာဖြစ်ပြီး ဖော်ဖော်ဝါရီလရဲ့ Mobile World Congress မှာ စတင်ဖြန့်ဖြူးမယ်လို့ ယူဆရပါတယ်။ ဒီနောက်မှာတော့ တစ်လခြားပြီး မတ်လမှာ Galaxy X foldable phone ကို ဖြန့်ဖြူးမယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းအတိုင်းဆိုရင်တော့ Samsung အနေနဲ့ သူ့ရဲ့ ကနဦး 5G နည်းပညာ တွေကို Beyond X ထဲမှာ ထည့်သွင်းပြီး ခြေလှမ်းတွေစတင်ဖွယ်ရှိတယ်လို့ ယူဆထားရမှာ ဖြစ်ပါတယ်။ 5G ကွန်ရက်တွေကလည်း ၂၀၁၉ မှာ အစပျိုးလာကြမှာ ဖြစ်တာကြောင့် ဒီသတင်းက တကယ်ပဲ အမှန်ဖြစ်သွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
(ရုပ်ပုံများသည် နမူနာများသာဖြစ်၍ အစစ်အမှန်များ မဟုတ်ကြပါ)

Ref: Cnet