Unicode

Samsung ဟာ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Galaxy S10 Lite နဲ့ Note 10 Lite တို့ကို အိန္ဒိယဈေးကွက်သို့ တင်ပို့ဖို့ စီစဉ်နေပါပြီ။ ဒီဖုန်းတွေကို Samsung India ဝက်ဆိုက်မှာ တရားဝင်တင်လာခဲ့ပေမယ့် ထွက်ရှိရက်နဲ့ ဈေးနှုန်း တို့ကိုတော့ အတည်မပြုရသေးပါဘူး။

ဒါပေမယ့် ယနေ့မှာတော့ S10 Lite ညီနောင်ရဲ့ သတင်းစထွက်လာခဲ့ပြီး သူတို့ရဲ့ဈေးနှုန်းတွေအသီးသီးကို ဖော်ပြလာခဲ့ပါတယ်။ Galaxy S10 Lite ဟာ မော်ဒယ်ပေါ်လိုက်ပြီး အိန္ဒိယရူပီး ၄၀၀၀၀ (မြန်မာငွေ ရှစ်သိန်းတစ်သောင်း) နဲ့ ရူပီး ၄၅၀၀၀ (မြန်မာငွေ ကိုးသိန်းနှစ်သောင်းခန့်) ကျသင့်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်မှာ အိန္ဒိယဈေးကွက်ထဲ ဝယ်ယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

နောက်ထပ် Galaxy Note 10 Lite ကလည်း 6GB နဲ့ 8GB RAM ဗားရှင်းနှစ်မျိုးထွက်ရှိလာမှာဖြစ်ကာ Storage ကတော့ 128GB ပဲလို့ ဆိုပါတယ်။ သူကတော့ ရူပီး ၃၅၉၉၀ (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) နဲ့ ရူပီး ၃၉၉၉၀ (မြန်မာငွေ ရှစ်သိန်းတစ်သောင်းခန့်) သတ်မှတ်လာမှာပါ။

Galaxy S10 Lite နဲ့ Note 10 Lite တို့မှာ 6.7” လက်မအရွယ် S-AMOLED Infinity-O Display တွေ ပါဝင်ကာ နှစ်ခုလုံးမှာ 32MP ဆဲလ်ဖီကင်မရာတပ်ဆင်ထားပါတယ်။ နှစ်ခုလုံးရဲ့ ဘက္ထရီကလည်း 4,500 mAh ဖြစ်ပြီး Fast Charging ထောက်ပံ့မှုပါဝင်မှာပါ။ နှစ်ခုလုံးမှာ In-display Fingerprint ထည့်သွင်းထားပါတယ်။

Ref – Gizmo China

Zawgyi

Samsung ဟာ မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ Galaxy S10 Lite နဲ႔ Note 10 Lite တုိ႔ကို အိႏၵိယေစ်းကြက္သုိ႔ တင္ပို႔ဖုိ႔ စီစဥ္ေနပါၿပီ။ ဒီဖုန္းေတြကို Samsung India ဝက္ဆုိက္မွာ တရားဝင္တင္လာခဲ့ေပမယ့္ ထြက္ရွိရက္နဲ႔ ေစ်းႏႈန္း တုိ႔ကိုေတာ့ အတည္မျပဳရေသးပါဘူး။

ဒါေပမယ့္ ယေန႔မွာေတာ့ S10 Lite ညီေနာင္ရဲ႕ သတင္းစထြက္လာခဲ့ၿပီး သူတုိ႔ရဲ႕ေစ်းႏႈန္းေတြအသီးသီးကို ေဖာ္ျပလာခဲ့ပါတယ္။ Galaxy S10 Lite ဟာ ေမာ္ဒယ္ေပၚလုိက္ၿပီး အိႏၵိယရူပီး ၄၀၀၀၀ (ျမန္မာေငြ ရွစ္သိန္းတစ္ေသာင္း) နဲ႔ ရူပီး ၄၅၀၀၀ (ျမန္မာေငြ ကိုးသိန္းႏွစ္ေသာင္းခန္႔) က်သင့္မွာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ပထမပတ္မွာ အိႏၵိယေစ်းကြက္ထဲ ဝယ္ယူႏုိင္လိမ့္မယ္လို႔ ဆုိပါတယ္။

ေနာက္ထပ္ Galaxy Note 10 Lite ကလည္း 6GB နဲ႔ 8GB RAM ဗားရွင္းႏွစ္မ်ဳိးထြက္ရွိလာမွာျဖစ္ကာ Storage ကေတာ့ 128GB ပဲလုိ႔ ဆုိပါတယ္။ သူကေတာ့ ရူပီး ၃၅၉၉၀ (ျမန္မာေငြ ၇ သိန္း ၃ ေသာင္းခန္႔) နဲ႔ ရူပီး ၃၉၉၉၀ (ျမန္မာေငြ ရွစ္သိန္းတစ္ေသာင္းခန္႔) သတ္မွတ္လာမွာပါ။

Galaxy S10 Lite နဲ႔ Note 10 Lite တုိ႔မွာ 6.7” လက္မအရြယ္ S-AMOLED Infinity-O Display ေတြ ပါဝင္ကာ ႏွစ္ခုလုံးမွာ 32MP ဆဲလ္ဖီကင္မရာတပ္ဆင္ထားပါတယ္။ ႏွစ္ခုလုံးရဲ႕ ဘကၳရီကလည္း 4,500 mAh ျဖစ္ၿပီး Fast Charging ေထာက္ပံ့မႈပါဝင္မွာပါ။ ႏွစ္ခုလုံးမွာ In-display Fingerprint ထည့္သြင္းထားပါတယ္။

Ref – Gizmo China