[Zawgyi]

Samsung ဟာ လာမယ့္ႏွစ္မွာ Galaxy S နဲ႔ Note လိုင္းေတြကို ေပါင္းစည္းလိုက္ဖြယ္ရွိတယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ Galaxy S11 နဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြကေတာ့ ထြက္ေနဆဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လ ေနာက္ဆုံးပတ္ထဲမွာထြက္ခဲ့တဲ့ သတင္းအရ Galaxy S11 ဟာ 108MP ကင္မရာ၊ 5X Optical Zoom ကို တပ္ဆင္ထားတယ္ဆိုတာပါပဲ။

ဒီေနာက္ပိုင္းမွာေတာ့ Galaxy S11 ရဲ႕ ေက်ာဘက္ကင္မရာတပ္ဆင္ပုံနဲ႔ပတ္သက္ၿပီး ခန႔္မွန္းေဖာ္ျပခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။ S11 ရဲ႕ ေက်ာဘက္ကင္မရာသုံးလုံး တပ္ဆင္ပုံဟာ S10 တုန္းကလို ေရျပင္ညီအတိုင္းပဲ တပ္ဆင္ထားဖြယ္ရွိပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္မွာလည္း Punch-hole နဲ႔အတူ Selfie ကင္မရာတစ္လုံးပါဝင္လာဖြယ္ ရွိေနတာပါ။

ေက်ာဘက္ကင္မရာအိမ္ထဲမွာ အဓိကကင္မရာ၊ Ultra Wide, wide-angle နဲ႔ 5x telephoto စတာေတြကို တစ္တန္းတည္းေနရာခ်ထားၿပီး DepthVision Camera, Flash စတာေတြကိုေတာ့ ေအာက္ဘက္မွာ သီးသန႔္ခြဲထုတ္ထားတဲ့ ပုံစံျဖစ္ပါတယ္။ Spectrometer လည္း Build-in ပါဝင္လာဖြယ္ရွိတာကို ေတြ႕ျမင္ရပါတယ္။

နည္းပညာပိုင္းဆိုင္ရာ ဆန္းသစ္တီထြင္မႈနဲ႔ ယွဥ္ၿပိဳင္ေနရတဲ့ ဒီေခတ္မွာ Samsung ဟာ ဒီဇိုင္းပိုင္းမွာလည္း စြဲမက္ဖြယ္ျဖစ္ေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ Galaxy S11 မွာေတာ့ ထိပ္ပိုင္းနဲ႔ ေအာက္ေျခ Bezel ေတြကို ပိုၿပီးပါးလ်သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ S10 ထက္ ပိုၿပီးအဆင့္ျမင့္လာမွာ ေသခ်ာသေလာက္ရွိေပမယ့္ ဘယ္ေလာက္ထိ ဆန္းသစ္လာမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Phone Arena

[Unicode]

Samsung Galaxy S11 ရဲ့ Renders ပုံရိပ်အချို့ ထွက်ပေါ်လာ

Samsung ဟာ လာမယ့်နှစ်မှာ Galaxy S နဲ့ Note လိုင်းတွေကို ပေါင်းစည်းလိုက်ဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့ပေမယ့် Galaxy S11 နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကတော့ ထွက်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ထဲမှာထွက်ခဲ့တဲ့ သတင်းအရ Galaxy S11 ဟာ 108MP ကင်မရာ၊ 5X Optical Zoom ကို တပ်ဆင်ထားတယ်ဆိုတာပါပဲ။

ဒီနောက်ပိုင်းမှာတော့ Galaxy S11 ရဲ့ ကျောဘက်ကင်မရာတပ်ဆင်ပုံနဲ့ပတ်သက်ပြီး ခန့်မှန်းဖော်ပြချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ S11 ရဲ့ ကျောဘက်ကင်မရာသုံးလုံး တပ်ဆင်ပုံဟာ S10 တုန်းကလို ရေပြင်ညီအတိုင်းပဲ တပ်ဆင်ထားဖွယ်ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာလည်း Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးပါဝင်လာဖွယ် ရှိနေတာပါ။

ကျောဘက်ကင်မရာအိမ်ထဲမှာ အဓိကကင်မရာ၊ Ultra Wide, wide-angle နဲ့ 5x telephoto စတာတွေကို တစ်တန်းတည်းနေရာချထားပြီး DepthVision Camera, Flash စတာတွေကိုတော့ အောက်ဘက်မှာ သီးသန့်ခွဲထုတ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ Spectrometer လည်း Build-in ပါဝင်လာဖွယ်ရှိတာကို တွေ့မြင်ရပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနဲ့ ယှဉ်ပြိုင်နေရတဲ့ ဒီခေတ်မှာ Samsung ဟာ ဒီဇိုင်းပိုင်းမှာလည်း စွဲမက်ဖွယ်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Galaxy S11 မှာတော့ ထိပ်ပိုင်းနဲ့ အောက်ခြေ Bezel တွေကို ပိုပြီးပါးလျသွားမယ်လို့ မျှော်လင့်ရပါတယ်။ S10 ထက် ပိုပြီးအဆင့်မြင့်လာမှာ သေချာသလောက်ရှိပေမယ့် ဘယ်လောက်ထိ ဆန်းသစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: Phone Arena