[Unicode]

လာမယ့် ဖေဖော်ဝါရီလရဲ့ Unpacked event မှာ Samsung Galaxy S20 line up တွေကို မြင်တွေ့ရတော့မှာပါ။ ဒီတော့လည်း Galaxy S20 တွေနဲ့ပတ်သက်တဲ့သတင်းတွေက အွန်လိုင်းပေါ်မှာ ပလူပျံနေပါတော့တယ်။ တရားဝင်ထုတ်ပြန်တဲ့သတင်းမဟုတ်လို့ ကောလာဟလအမည်တပ်ရပေမယ့် အတော်များများကတော့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

Samsung Galaxy S20 ဟာ 6.2-inch, S20+ ကတော့ 6.7-inch နဲ့ S20 Ultra ကတော့ 6.9-inch မျက်နှာပြင်ရှိမယ်လို့ သတင်းထွက်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Refresh rate တွေဟာ 60Hz ကနေ 120Hz အထိ ခုန်တက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် Ice Universe ရဲ့ တွိမှာ FHD 60Hz, FHD 120Hz, WQHD 60Hz တွေပဲ ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

Display resolution ကို QHD+ ထားလိုက်ရင် 120Hz mode ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ Ice Uinverse က အခိုင်အမာ ဆိုပါတယ်။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ WQHD 120Hz option ကို Galaxy S20 series ကနေ ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကောင်းဆုံး Resolution နဲ့ အကောင်းဆုံး Refresh rate တွေကို တစ်ပြိုင်နက်တည်း မရရှိတော့ဘူးလို့လည်း ပြောဆိုထားပါသေးတယ်။

Refresh မြင့်မားရင် ဘက်ထရီပိုင်းကိုလည်း ပိုပြီးတိုးမြှင့်လာဖို့လိုအပ်တာကြောင့် Samsung အနေနဲ့ ပယ်ဖျက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ထင်မြင်ချက်သက်သက်သာဖြစ်ပြီး Samsung က ဘယ်လိုဆုံးဖြတ်ထားသလဲဆိုတာတော့ တပ်အပ်မသိနိုင်သေးတဲ့ အနေအထားလို့ ဆိုရဦးမှာပါ။

Samsung Galaxy S20 တွေအားလုံးဟာ Exynos 9830 ဒါမှမဟုတ် Snapdragon 865 ကို အသုံးပြုထားပြီး 12GB of RAM နဲ့ တွဲဖက်ထားမယ်လို့ သတင်းထွက်ထားပါတယ်။

Ref: GSM Arena

[Zawgyi]

WQHD 120Hz ကို ေမွ်ာ္လင့္လို႔မရေတာ့တဲ့ Samsung Galaxy S20 lineup

လာမယ့္ ေဖေဖာ္ဝါရီလရဲ႕ Unpacked event မွာ Samsung Galaxy S20 line up ေတြကို ျမင္ေတြ႕ရေတာ့မွာပါ။ ဒီေတာ့လည္း Galaxy S20 ေတြနဲ႔ပတ္သက္တဲ့သတင္းေတြက အြန္လိုင္းေပၚမွာ ပလူပ်ံေနပါေတာ့တယ္။ တရားဝင္ထုတ္ျပန္တဲ့သတင္းမဟုတ္လို႔ ေကာလာဟလအမည္တပ္ရေပမယ့္ အေတာ္မ်ားမ်ားကေတာ့ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းေတြပဲ ျဖစ္ပါတယ္။

Samsung Galaxy S20 ဟာ 6.2-inch, S20+ ကေတာ့ 6.7-inch နဲ႔ S20 Ultra ကေတာ့ 6.9-inch မ်က္ႏွာျပင္ရွိမယ္လို႔ သတင္းထြက္ထားၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ Refresh rate ေတြဟာ 60Hz ကေန 120Hz အထိ ခုန္တက္သြားမယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္ Ice Universe ရဲ႕ တြိမွာ FHD 60Hz, FHD 120Hz, WQHD 60Hz ေတြပဲ ျဖစ္မယ္လို႔ ေဖာ္ျပထားပါတယ္။

Display resolution ကို QHD+ ထားလိုက္ရင္ 120Hz mode ေထာက္ပံ့ေပးမွာမဟုတ္ဘူးလို႔ Ice Uinverse က အခိုင္အမာ ဆိုပါတယ္။ ေတာင္ကိုရီးယားနည္းပညာကုမၸဏီႀကီးဟာ WQHD 120Hz option ကို Galaxy S20 series ကေန ပယ္ဖ်က္လိုက္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အေကာင္းဆုံး Resolution နဲ႔ အေကာင္းဆုံး Refresh rate ေတြကို တစ္ၿပိဳင္နက္တည္း မရရွိေတာ့ဘူးလို႔လည္း ေျပာဆိုထားပါေသးတယ္။

Refresh ျမင့္မားရင္ ဘက္ထရီပိုင္းကိုလည္း ပိုၿပီးတိုးျမႇင့္လာဖို႔လိုအပ္တာေၾကာင့္ Samsung အေနနဲ႔ ပယ္ဖ်က္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါကေတာ့ ထင္ျမင္ခ်က္သက္သက္သာျဖစ္ၿပီး Samsung က ဘယ္လိုဆုံးျဖတ္ထားသလဲဆိုတာေတာ့ တပ္အပ္မသိႏိုင္ေသးတဲ့ အေနအထားလို႔ ဆိုရဦးမွာပါ။

Samsung Galaxy S20 ေတြအားလုံးဟာ Exynos 9830 ဒါမွမဟုတ္ Snapdragon 865 ကို အသုံးျပဳထားၿပီး 12GB of RAM နဲ႔ တြဲဖက္ထားမယ္လို႔ သတင္းထြက္ထားပါတယ္။

Ref: GSM Arena