Samsung ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ Galaxy S23 Series Unpacked Event ကို ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီသတင်းဟာ ကိုရီးယားကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး Unpacked Event အကြောင်းသိတဲ့ Samsung ရဲ့ အရာရှိ ၁ ယောက်က အတည်ပြုလိုက်တာလို့ သိရပါတယ်။

Samsung Executive Reveals the Galaxy S23 Unpacked Event Will Be Held in Early February - Gizmochina

ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် လူတွေ တက်ရောက်တဲ့ Samsung ရဲ့ ပထမဆုံး Unpacked Event ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Don't expect much faster charging on the Galaxy S23 : r/samsung

အရင်ကလည်း ကိုရီးယားကနေ Galaxy S23 Series Unpacked Event ကျင်းပမယ့် နေ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

တချို့သတင်းတွေက Galaxy S23 Series ကို ဇန်နဝါရီလ CES 2023 မှာ ကြေညာမယ်လို့ ပြောခဲ့ကြပေမယ့် Samsung ဟာ အဲဒီ ပွဲတွေမှာ S Series ကို ကြေညာလေ့ မရှိပါဘူး။ လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း အဲဒီလိုပဲ ဖြစ်လာနိုင်ပါတယ်။

Galaxy S23 Series မှာ Samsung ရဲ့ Exynos Chipset အစား Snapdragon 8 Gen 2 Chipset ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena