Qualcomm ဟာ သူ့ရဲ့ လာမဲ့ Snapdragon Tech Summit ပွဲအတွက် ရက်စွဲတွေကို ထုတ်ဖော်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ နိုဝင်ဘာလ ၁၄ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ကျင်းပပြုလုပ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ အရင်အတိုင်း Hawaii မှာပဲလို့ မျှော်လင့်ရပါတယ်။

Qualcomm ဟာ သူ့ရဲ့ နှစ်ပတ်လည် နည်းပညာပြပွဲမှာ မျိုးဆက်သစ် Flagship mobile chipset ဖြစ်တဲ့ Snapdragon 8 Gen 2 ကို ထုတ်ဖော်ပြသသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ Chipset ကို Samsung Galaxy S23, Galaxy S23+, Galaxy S23 Ultra တို့မှာ ထည့်သွင်းအသုံးပြုလာမယ်လို့ ယုံကြည်ရပါတယ်။

Snapdragon 8 Gen 2 ဟာ Snapdragon 8+ Gen 1 နဲ့ ဆင်တူတဲ့ TSMC ရဲ့ 4nm process ကိုပဲ ဆက်လက်အသုံးပြုသွားမယ်လို့ ကောလာဟလတွေထွက်နေပါတယ်။ ဒါကြောင့် Overheating နဲ့ Throttling တို့ဟာ ပြဿနာဖြစ်မလာတော့ဘူးလို့ မျှော်လင့်ရပါတယ်။

Xiaomi 13 စီးရီးအပါအဝင် လာမဲ့ Snapdragon Chipset ပါရှိတဲ့ ဖုန်းတွေဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ မိတ်ဆက်မယ်လို့ ကောလာဟလတွေ ထွက်နေတာပါ။ ကနဦးပေါက်ကြားမှုတွေအရ Snapdragon 8 Gen 2 မှာ ပုံမှန်မဟုတ်တဲ့ 1+2+2+3 CPU cluster ပါဝင်လာမယ်လို့ သိထားရပါတယ်။ Cortex-X3 CPU core, two Cortex-A720 CPU cores, two Cortex-A710 CPU cores, နဲ့ three Cortex-A510 CPU cores ဖြစ်နိုင်ပါတယ်။

GPU ကတော့ Adreno 740 GPU ပဲ ဖြစ်နိုင်ပါတယ်။ ပုံမှန်အတိုင်းပဲ 5G built-in 5G modem နဲ့အတူ အမြန်ဆုံး Download နဲ့ Upload speeds တွေ၊ အခြား Wireless technologies တွေ၊ Wi-Fi 6E အပါအဝင် GPS, Bluetooth 5.3 စတာတွေကိုလည်း မျှော်လင့်နိုင်ပါသေးတယ်။

Samsung ရဲ့ System LSI ဌာနခွဲဟာ Exynos 2300 chipset ကို ထုတ်လုပ်နေပေမဲ့ Galaxy S23 စီးရီးမှာ ဒီ Chipset တွေကို အသုံးမပြုနိုင်သေးဘူးလို့လည်း ကောလာဟလထွက်နေတာပါ။ ဒါကြောင့် လာမဲ့ ၂ နှစ်အတွင်း Snapdragon processor တွေကိုပဲ အသုံးပြုနေရဖွယ် ဖြစ်ပါတယ်။

Samsung ဟာ တန်ဖိုးကြီး Galaxy ဖုန်းတွေအတွက် Custom chipset ပြုလုပ်ဖို့ အင်ဂျင်နီယာ ၁၀၀၀ ဝန်းကျင်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့နဲ့အတူ ဖန်တီးနေကြောင်း၊ ၂၀၂၅ ခုနှစ်မှာတော့ Chipset ကို ဖြန့်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

Ref: sammobile